ကိုယ်ဝန်ဆောင်ချိန် ကြုံတွေ့ရသော ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများ
>> ဆီးမကြာခဏသွားခြင်း
ကိုယ်ဝန်ကာလအစောပိုင်းမှာပင် ဆီးမကြာခဏသွားခြင်းကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ကာလရင့်လာတာနှင့်အမျှ သန္ဓေသားရဲ့ အလေးချိန်တိုးလာပြီး ဆီးအိမ်အပေါ် ဖိအားသက်ရောက်စေတာမို့ ဆီးသွားလိုစိတ် ပိုများလာတတ်ပါတယ်။
1. ညဘက် မကြာခဏ ဆီးထသွားရတဲ့အတွက် အိပ်ရေးပျက်ရတာမျိုးမဖြစ်စေဖို့ အချိုရည်နှင့် ကော်ဖီ၊ ရေနွေးကြမ်းများ သောက်ခြင်းကို ညနေကတည်းက လျှော့ထားသင့်ပါတယ်။
2. အိမ်သာခွက်ပေါ် ထိုင်နေစဉ်မှာ ဝမ်းဗိုက်ကို ရှေ့နှင့်နောက် ရွေ့လျားပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဆီးကုန်အောင်သွားစေဖို့ အထောက်အကူပြုစေပြီး နောက်တစ်ကြိမ် ဆီးသွားလိုစိတ်ကို လျှော့ပေးနိုင်ပါတယ်။
3. ဆီးကျဉ်ခြင်း၊ ဆီးပူခြင်းတို့ ဖြစ်ပေါ်ပါက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး ကုသမှု ခံယူသင့်ပါတယ်။
>> ဆီးမထိန်းနိုင်ခြင်း
အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်သာမက မွေးဖွားပြီးချိန်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ချောင်းဆိုးခြင်း၊ ရယ်မောခြင်း၊ နှာချေခြင်းနှင့် ရုတ်တရက် မတ်တပ်ရပ်ချိန်များတွင် ဆီးယိုစိမ့်ခြင်းများ ဖြစ်ပေါ်တာကို ကြုံရနိုင်ပါတယ်။
ကလေးမွေးဖွားချိန်တွင် လွယ်ကူအောင် မွေးလမ်းကြောင်းတစ်လျှောက်ရှိ ကြွက်သားများ ပျော့ပျောင်းနေချိန်ဖြစ်တာမို့ ဒီလို ဆီးမထိန်းနိုင်ဖြစ်ရခြင်း ဖြစ်ပါတယ်။ ကလေးမွေးပြီးမကြာခင်မှာ ကြွက်သားများ ပြန်လည်ကြံ့ခိုင်လာတာနှင့်အမျှ ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာမှာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။
ဒါပေမဲ့ ကလေးများတဲ့ မေမေတွေမှာတော့ ဆီးမထိန်းနိုင်ခြင်းကို ကြာရှည်ခံစားရတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ မိန်းမကိုယ်ကြွက်သား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ခွဲစိတ်ခြင်းတို့ဖြင့် ပြန်လည်ကုသသင့်ပါတယ်။
လေပြေနုသွေး(ဆေး-၂) (www.drmyanmar.com)
(Zawgyi)
>> ဆီးမၾကာခဏသြားျခင္း
ကိုယ္ဝန္ကာလအေစာပိုင္းမွာပင္ ဆီးမၾကာခဏသြားျခင္းကို ေတြ႕ႀကဳံရမွာ ျဖစ္ပါတယ္။ ကိုယ္ဝန္ကာလရင့္လာတာႏွင့္အမွ် သေႏၶသားရဲ႕ အေလးခ်ိန္တိုးလာၿပီး ဆီးအိမ္အေပၚ ဖိအားသက္ေရာက္ေစတာမို႔ ဆီးသြားလိုစိတ္ ပိုမ်ားလာတတ္ပါတယ္။
1. ညဘက္ မၾကာခဏ ဆီးထသြားရတဲ့အတြက္ အိပ္ေရးပ်က္ရတာမ်ိဳးမျဖစ္ေစဖို႔ အခ်ိဳရည္ႏွင့္ ေကာ္ဖီ၊ ေရေႏြးၾကမ္းမ်ား ေသာက္ျခင္းကို ညေနကတည္းက ေလွ်ာ့ထားသင့္ပါတယ္။
2. အိမ္သာခြက္ေပၚ ထိုင္ေနစဥ္မွာ ဝမ္းဗိုက္ကို ေရွ႕ႏွင့္ေနာက္ ေ႐ြ႕လ်ားေပးပါ။ ထိုသို႔ျပဳလုပ္ျခင္းျဖင့္ ဆီးကုန္ေအာင္သြားေစဖို႔ အေထာက္အကူျပဳေစၿပီး ေနာက္တစ္ႀကိမ္ ဆီးသြားလိုစိတ္ကို ေလွ်ာ့ေပးႏိုင္ပါတယ္။
3. ဆီးက်ဥ္ျခင္း၊ ဆီးပူျခင္းတို႔ ျဖစ္ေပၚပါက ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းေၾကာင့္ျဖစ္ၿပီး ကုသမႈ ခံယူသင့္ပါတယ္။
>> ဆီးမထိန္းႏိုင္ျခင္း
အျဖစ္မ်ားေသာ ျပႆနာတစ္ခုျဖစ္ၿပီး ကိုယ္ဝန္ေဆာင္ခ်ိန္သာမက ေမြးဖြားၿပီးခ်ိန္မွာလည္း ျဖစ္ေပၚႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနႏွင့္ ေခ်ာင္းဆိုးျခင္း၊ ရယ္ေမာျခင္း၊ ႏွာေခ်ျခင္းႏွင့္ ႐ုတ္တရက္ မတ္တပ္ရပ္ခ်ိန္မ်ားတြင္ ဆီးယိုစိမ့္ျခင္းမ်ား ျဖစ္ေပၚတာကို ႀကဳံရႏိုင္ပါတယ္။
ကေလးေမြးဖြားခ်ိန္တြင္ လြယ္ကူေအာင္ ေမြးလမ္းေၾကာင္းတစ္ေလွ်ာက္ရွိ ႂကြက္သားမ်ား ေပ်ာ့ေပ်ာင္းေနခ်ိန္ျဖစ္တာမို႔ ဒီလို ဆီးမထိန္းႏိုင္ျဖစ္ရျခင္း ျဖစ္ပါတယ္။ ကေလးေမြးၿပီးမၾကာခင္မွာ ႂကြက္သားမ်ား ျပန္လည္ႀကံ့ခိုင္လာတာႏွင့္အမွ် ယခင္အတိုင္း ျပန္လည္ေကာင္းမြန္လာမွာျဖစ္လို႔ စိုးရိမ္စရာမရွိပါဘူး။
ဒါေပမဲ့ ကေလးမ်ားတဲ့ ေမေမေတြမွာေတာ့ ဆီးမထိန္းႏိုင္ျခင္းကို ၾကာရွည္ခံစားရတတ္ပါတယ္။ ဒီလိုအခါမ်ိဳးမွာ မိန္းမကိုယ္ႂကြက္သား ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္း၊ ခြဲစိတ္ျခင္းတို႔ျဖင့္ ျပန္လည္ကုသသင့္ပါတယ္။
ေလေျပႏုေသြး(ေဆး-၂) (www.drmyanmar.com)















