ကိုယ်ဝန်ဆောင်ချိန် နှာစေးခြင်းကို သက်သာစေဖို့ နည်းလမ်းများ
Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး
ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် တရံတခါမှာ နှာခေါင်းအတွင်းရှိ အမြှေးပါးများ ခြောက်သွေ့လေ့ရှိပြီး ရောင်ရမ်းမှုကို ခံစားရလေ့ရှိပါတယ်။ နှာခေါင်းပိတ်တာ သက်သာအောင် -
1.ပါး၊ မျက်နှာနဲ့ နှာခေါင်းပေါ်မှာ ပူနွေးစိုစွတ်တဲ့ အ၀တ်ကပ်ပေးပါ။
2. နှာခေါင်းတွင်း ဖြန်းဆေးများကို ဆရာ၀န်ညွှန်ကြားမှသာ သုံးပါ။
3. ရေများများသောက်ပါ။
4. လည်ချောင်းထဲမှာ ချွဲများနဲ့ ပိတ်မနေအောင် အိပ်နေစဉ် ခေါင်းအုံးမြင့်မြင့်အုံးပါ။
5. ရေနွေးဖြင့်ရေချိုးပါ။
Dr. Htet Htet Aung (www.drmyanmar.com)
















