ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ကယ်ဆီယမ်ဓာတ်က ဘာကြောင့်အရေးကြီးရတာလဲ?
အရိုးတွေသန်မာစေဖို့အတွက် ကယ်ဆီယမ်ဓာတ်ပမာဏလုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းစားသုံးတဲ့ ကယ်ဆီယမ်ပမာဏက သနေ္ဓသားရဲ့ အရိုးငြမ်းစနစ် ဖံွ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ကလေးက သူ့အတွက်လိုအပ်တဲ့ကယ်ဆီယမ်ပမာဏကို မိခင်ဆီကနေ အထူးသဖြင့် မွေးခါနီးသုံးလအလိုမှာ စုပ်ယူပါတယ်။
• ပျမ်းမျှအားဖြင့် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာ သနေ္ဓသားက ကယ်ဆီယမ် စုစုပေါင်း 30 g လိုအပ်ပါတယ်။
• သနေ္ဓသားရဲ့ ကယ်ဆီယမ်လိုအပ်ချက်က ကိုယ်ဝန်ဒုတိယသုံးလပတ်မှာ တစ်နေ့ 50mg ဖြစ်ပြီး မွေးကာနီးသုံးလမှာတော့ တစ်နေ့ကို 250 mg လိုအပ်ပါတယ်။
သနေ္ဓသားမှာဆိုရင် ကယ်ဆီယမ်ဓာတ်က
• သွားတွေသန်မာပြီးဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။
• အာရုံကြောစနစ်ဖွံ့ဖြိုးမှုမှာ အထောက်အကူဖြစ်ပါတယ်။
• ကြွက်သားများဖြစ်ပေါ်မှုမှာ ကူညီပါတယ်။
• သန်မာတဲ့ နှလုံးကိုဖွံ့ဖြိုးစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကယ်ဆီယမ်ဓာတ်က
• မိခင်နို့ကိုအားဖြည့်ပေးပါတယ်။
• ခန္ဓာကိုယ်အဆီထုတ်လုပ်မှုနည်းစေတဲ့အတွက် အဝလွန်ခြင်းဖြစ်နိုင်ချေနည်းစေပါတယ်။
• အာရုံကြောတွေပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပါတယ်။
• နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်အောင်ထိန်းပေးထားတယ်။
• သွေးခဲခြင်းဖြစ်စဉ်ကိုပုံမှန်ဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။
ခန္ဓာကိုယ်ကနေလိုအပ်တဲ့ကယ်ဆီယမ်ကို ရရှိစေဖို့အတွက်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာ ကယ်ဆီယမ်ကိုလုံလောက်စွာစားသုံးပေးရပါမယ်။
>> ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က ကယ်ဆီယမ်ဘယ်လောက်လိုအပ်သလဲ?
• ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် အသက် ၁၉ နှစ်နှင့်အထက် - တစ်နေ့ကို 1000 mg (1g)
>> ကယ်ဆီယမ်မလုံလောက်ရင်ဘာဖြစ်မလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်ဆီယမ်ဓာတ်ချို့တဲ့ပါက ပြသနာအချို့ကိုဖြစ်စေနိုင်ပါတယ်။
• သနေ္ဓသားက သူ့အတွက်လိုအပ်တဲ့ကယ်ဆီယမ်တွေကို မိခင်ရဲ့အရိုးထဲကနေစုပ်ယူတဲ့အတွက် မိခင်မှာ အရိုးသိပ်သည်းမှုလျော့ကျစေပါတယ်။
• အရိုးတွေကကယ်ဆီယမ်တွေကို စုပ်ယူခြင်းကြောင့် အရိုးပွခြင်းဖြစ်နိုင်ချေများစေပါတယ်။
• ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းနှင့် လမစေ့ဘဲမွေးဖွားခြင်း
• သွေးခဲခြင်းဖြစ်စဉ်နှင့် ဟော်မုန်းထုတ်လုပ်မှုများတွင်အနှောင့်အယှက်ဖြစ်ခြင်း
• ပေါင်မပြည့်လမစေ့သော ကလေးလေးတွင် ကယ်ဆီယမ်ဓာတ်နည်းခြင်း
• ကိုယ်ဝန်ဆောင်ချိန်တွင် စားသုံးရမည့် ကယ်ဆီယမ်ကြွယ်ဝသောအစားအစာများ
တစ်နေ့ကို နို့ထွက်ပစ္စည်းနဲ့ နို့ထွက်မဟုတ်သော ကယ်ဆီယမ်ကြွယ်ဝသောအစားအစာ ၃ မျိုးစားပါ။ ကယ်ဆီယမ်ကြွယ်ဝသောအစားအစာများမှာ -
• အဆီနည်းသောဒိန်ချဉ်
• Cottage cheese (1% milk fat)
• အဆီနည်းသော သစ်သီးဒိန်ချဉ်
• ကယ်ဆီယမ်ထည့်သွင်းထုတ်လုပ်ထားသောပဲနို့
• မလိုင်ထုတ်မထားသောနွားနို့
• အဆီထုတ်ပြီးနွားနို့
• ကယ်ဆီယမ်ထည့်သွင်းထုတ်လုပ်ထားသော လိမေ္မာ်ရည်
• ဆယ်မွန်စည်သွပ်ဘူး
• တို့ဖူး
• ကိုက်လန်အစိမ်း
• ပေါင်မုန့်အဖြူ
• ဟင်းနုနွယ်
• ကယ်ဆီယမ်ထည့်သွင်းပြုလုပ်ထားသော ကောက်ပဲသီးနှံအမျိုးအစားများ
>> Lactose နဲ့ဓာတ်မတည့်ဘူးဆိုရင်ဘယ်လိုလုပ်မလဲ
Lactose ဆိုတာက နို့ထဲမှာတွေ့ရတဲ့သကြားဖြစ်ပြီး ဒါကိုဓာတ်မတည့်သူတွေက lactase ဆိုတဲ့ဓာတ်ကူပစ္စည်းမရှိတဲ့အတွက် ဒီသကြားကို မဖြိုခွဲနိုင်ခြင်းြဖ်စပါတယ်။ Lactose နှင့် ဓာတ်မတည့်ပါက ဗိုက်ကယ်ခြင်း၊ လေထခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်းတွေဖြစ်စေနိုင်ပါတယ်။ Lactose နဲ့ဓာတ်မတည့်သူတွေမှာ လုံလောက်တဲ့ကယ်ဆီယမ်ရစေဖို့ အောက်ပါအချက်တွေက အထောက်အကူဖြစ်စေနိုင်ပါတယ်။
• နို့ကိုအစားအစာနဲ့တွဲဖက်စားသုံးရင် ပိုပြီးခံနိုင်ရည်ရှိစေပါတယ်။ ဒီတော့ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ နွားနို့အနည်းငယ်ထည့်ထည့်ပြီးစားပါ။ ဥပမာ - ပူတင်း၊ ပေါင်မုန့်ကိုနို့ထဲနှစ်ပြီးစားခြင်း၊
• မုန်လာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ဆာဒင်း၊ တို့ဖူးစတာတွေအပါအဝင် နို့ထွက်မဟုတ်ဘဲ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတွေများများစားပေးပါ။
• Lactose ပါဝင်တဲ့ အစားအစာတွေကိုရွေးချယ်စားသုံးနိုင်ပါတယ်။
• နို့ထွက်ပစ္စည်းတွေထဲမှာ lactase အရည် တစ်စက် (သို့) ၂ စက်ခန့်ထည့်ပြီးစားပါ။ မစားခင်မှာ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပါ။
>> နို့မသောက်ချင်ရင်ဘယ်လိုလုပ်မလဲ?
• အသားညှပ်ပေါင်မုန့်ကို ဒိန်ခဲနဲ့စားပါ။
• မိမိစားသုံးတဲ့အစားအစာထဲမှာ ဒိန်ချဉ်ကိုထည့်သွင်းစားသုံးပါ။
• ဟင်းနုနွယ်၊ မုန်လာ၊ ပဲစိမ်း၊ နှင့် ပြဒါးမပါသောငါးများစားသုံးပါ။
• အသီးဖျော်ရည်များနှင့် ပူတင်းစားသုံးပေးပါ။
• ကယ်ဆီယမ်ကြွယ်ဝသော ပဲနို့သောက်ပါ။
• ဆရာဝန်နဲ့တိုင်ပင်ပြီး ဝါးစားနိုင်သောကယ်ဆီယမ်ဆေးပြားများသောက်ပါ။
>> ကိုယ်ဝန်ဆောင်စဉ်မှာ ကယ်ဆီယမ်ဆေးပြားသောက်သင့်သလား?
ကိုယ်ဝန်ဆောင်စဉ်မှာ ခန္ဓာကို်ယ်ကလိုအပ်တဲ့ကယ်ဆီယမ်ပမာဏပြည့်မှီအောင်စားသုံးမပေးနိုင်ဘူးဆိုရင်တော့ ဆေးပြားသောက်ဖို့လိုပါတယ်။
ကမ်ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကိုယ်ဝန်ဆောင်မိခင်အားလုံး အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်သွေးတိုးသူတွေက ကိုယ်ဝန် ၂၀ ပတ်ကနေမွေးတဲ့အထိ ကယ်ဆီယမ်ဆေးပြားသောက်ဖို့လိုတယ်လို့ လမ်းညွှန်ထားပါတယ်။ ဒါပေမယ့် နေ့စဉ်စားသုံးတဲ့ ကယ်ဆီယမ်ပမာဏက လိုအပ်တာထက်မပိုဖို့တော့လိုပါတယ်။
ကယ်ဆီယမ်ဆေးသောက်တဲ့အခါမှာ သိထားသင့်တဲ့အချက်တွေကတော့-
• ကယ်ဆီယမ်နဲ့ သံဓာတ်အားဆေးကို ၁-၂ နာရီခြားပြီးသောက်ရပါမယ်။
• Calcium carbonate က ကယ်ဆီယမ်ကောင်းကောင်းပေးနိုင်ပေမယ့် ပျော်ဝင်ဖို့အတွက် အစာချေရည်ပိုလိုတဲ့အတွက် အစာနဲ့အတူသောက်ပေးပါ။
• Calcium citrate ကတော့ ကောင်းကောင်းစုပ်ယူနိုင်ပြီး အစားအစာတွေကြားမှာသောက်သုံးနိုင်ပါတယ်။
ဆေးတွေက ကယ်ဆီယမ်ပမာဏကိုပေးစွမ်းရုံသာမက ကိုယ်ဝန်ဆိပ်တက်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆေးသောက်တော့မယ်ဆိုရင် သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေလည်းသိထားဖို့လိုပါတယ်။
>> ကိုယ်ဝန်ဆောင်များတွင် ကယ်ဆီယမ်ဆေး၏ ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများ
• ဒီဆေးတွေက ဗိုက်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်းတွေဖြစ်စေနိုင်ပါတယ်။
• Dolomite, bone meal, coral, oyster shell တွေပါဝင်တဲ့ ကယ်ဆီယမ်ဆေးပြားတွေက သနေ္ဓသားကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
• ကယ်ဆီယမ်များလွန်းရင် ကျောက်ကပ်ကျောက်တည်စေနိုင်ပါတယ်။ ဒါ့အပြင် ဇင့်ဓာတ်နဲ့ သံဓာတ်ကဲ့သို့သော အာဟာရဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်တွေမှာကယ်ဆီယမ်တစ်နေ့ကို 2500 mg ထက်ပိုပြီး အသက်၁၈ နှစ်နဲ့အောက်မှာ တစ်နေ့ကို 3000mg ထက်ပိုပြီး မသောက်မိဖို့လိုပါတယ်။
>> အရေးကြီးသောအချက်များ
ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတွေစားမယ်လို့ ရည်ရွယ်ထားရင် ဒီအချက်တွေကိုမှတ်ထားပါ။
• ကယ်ဆီယမ်ကိုညွှန်ကြားထားတဲ့ပမာဏအထိသာစားသုံးပါ။
• ကယ်ဆီယမ်ဓာတ်များလွန်းခြင်းက ဝမ်းချုပ်ခြင်းကဲ့သို့သော အစာခြေပြသနာတွေကိုဖြစ်စေနိုင်သလို သံဓာတ်နဲ့သွပ်ဓာတ်စုပ်ယူမှုကိုလည်းဟန့်တားပါတယ်။
• ကယ်ဆီယမ်ကို ဗီတာမင် D နဲ့တွဲဖက်ပါက စုပ်ယူမှုပိုကောင်းစေပါတယ်။ နေရောင်က ဗီတာမင် D ရဲ့အရင်းအမြစ်ကောင်းဖြစ်တဲ့အတွက် မနက်ခင်းအစောပိုင်းနေရောင်အောက်မှာ မိနစ်အနည်းငယ်နေပေးပါ။
• ဒိန်ခဲအပျော့တွေက ကိုယ်ဝန်ဆောင်တွေမှာ အစားအစာကြောင့်ဖြစ်တဲ့ရော၈ါတွေဖြစ်စေနိုင်တဲ့အတွက် မစားပါနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















