ကိုယ်ဝန်ဆောင်နှင့် ခြေထောက်ဖောရောင်ခြင်း
ကိုယ်ဝန်ဆောင်ကာလ ခြေထောက်ဖောရောင်ခြင်းကို ခံစားရတာဟာ ကြီးထွားလာတဲ့ သန္ဓေသားဟာ ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ သွေးပို့လွှတ်နေသော သွေးကြောများကို ဖိနှိပ်ထားတာကြောင့် ဖြစ်ပါတယ်။
>> ခြေထောက်ဖောရောင်ခြင်းကို သက်သာစေရန် အကြံပြုလိုတာကတော့ -
● တစ်နေရာတည်းမှာ အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။
● ရေများများသောက်ပေးပါ။
● ဆားလျှော့စားပါ။
● ထိုင်နေချိန်မှာ ခြေထောက်များကို ထိုင်ခုံအပုလေးပေါ်မှာ တင်ထားပါ။
● တင်းကြပ်သော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ရှားပါ။
● တင်းကြပ်တဲ့ဖိနပ်များအစား သက်သောင့်သက်သာရှိစေမယ့် ဖိနပ်ပါးများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။
● အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မှီဝဲပါ။
● အကယ်၍ မျက်နှာနဲ့ လက်တွေပါ ဖောရောင်လာတယ်ဆိုရင်တော့ ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
● နားနေချိန်မှာ ဘေးတစောင်းနေပေးပါ။
Dr. Htet Htet Aung (www.drmyanmar.com)
















