/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နှင့်-ခြေထောက်ဖောရောင်ခြင်း

ကိုယ်ဝန်ဆောင်နှင့် ခြေထောက်ဖောရောင်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကာလ ခြေထောက်ဖောရောင်ခြင်းကို ခံစားရတာဟာ ကြီးထွားလာတဲ့ သန္ဓေသားဟာ ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ သွေးပို့လွှတ်နေသော သွေးကြောများကို ဖိနှိပ်ထားတာကြောင့် ဖြစ်ပါတယ်။

>>  ခြေထောက်ဖောရောင်ခြင်းကို သက်သာစေရန် အကြံပြုလိုတာကတော့ -
●  တစ်နေရာတည်းမှာ အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။
●  ရေများများသောက်ပေးပါ။
●  ဆားလျှော့စားပါ။
●  ထိုင်နေချိန်မှာ ခြေထောက်များကို ထိုင်ခုံအပုလေးပေါ်မှာ တင်ထားပါ။
●  တင်းကြပ်သော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ရှားပါ။
●  တင်းကြပ်တဲ့ဖိနပ်များအစား သက်သောင့်သက်သာရှိစေမယ့် ဖိနပ်ပါးများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။
●  အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မှီဝဲပါ။
●  အကယ်၍ မျက်နှာနဲ့ လက်တွေပါ ဖောရောင်လာတယ်ဆိုရင်တော့ ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
●  နားနေချိန်မှာ ဘေးတစောင်းနေပေးပါ။

Dr. Htet Htet Aung (www.drmyanmar.com)