/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နှင့်-အသည်းအဆီဖုံးခြင်း

ကိုယ်ဝန်ဆောင်နှင့် အသည်းအဆီဖုံးခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်ချိန်မှာ အသည်းမှာ အဆီတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ဖြစ်လေ့ဖြစ်ထတော့ သိပ်မရှိပါဘူး။ အသည်းအဆီဖုံးတာဟာ မိခင်အတွက်ရော၊ ကလေးအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်။ မိခင်မှာဆိုရင် အသည်းနဲ့ ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ပြင်းထန်တဲ့ရောဂါတွေနဲ့ သွေးဆင်းတာတွေလည်း ဖြစ်တတ်ပါတယ်။

           ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့်အသည်းအဆီဖုံးတာလဲဆိုတာကို အတိအကျမသိကြပေမယ့် ဟော်မုန်းပြောင်းလဲမှုတွေကြောင့်တော့ ဖြစ်နိုင်ပါတယ်။

          အသည်းအဆီဖုံးနေတယ်လို့သိသိချင်း ကလေးကိုမြန်နိုင်သမျှမြန်မြန်မွေးထုတ်ဖို့ အရေးကြီးပါတယ်။ ရက်အတော်ကြာအောင် သေချာပြုစုကုသပြီးတဲ့နောက်မှာတော့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အသည်းကပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)