/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ပြီးနောက်-ရင်သားလျော့တွဲခြင်းကို-ထိရောက်စွာ

ကိုယ်ဝန်ဆောင်ပြီးနောက် ရင်သားလျော့တွဲခြင်းကို ထိရောက်စွာ ကာကွယ်နိုင်မယ့် နည်းလမ်း 5 သွယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ရင်သားလျော့တွဲခြင်းဖြစ်စဉ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ဖြစ်လာနိုင်တာကြောင့် ၎င်းဖြစ်စဉ်ကိုကာကွယ်နိုင်ရန် အောက်ပါအချက်တို့ကို မှတ်သားထားသင့်ပါတယ်။

1. ရင်သားကို ကောင်းစွာပင့်တင်ပေးနိုင်တဲ့ ဘရာစီယာကိုဝတ်ဆင်ပါ

        ရင်သားကိုကောင်းစွာပင့်တင်နိုင်တဲ့အပြင် မိမိနဲ့သင့်တော်မယ့် ဘရာစီယာမျိုးကိုရွေးချယ်ဝယ်ယူပါ။ မိမိရဲ့ဘရာစီယာအရွယ်အစားကို သေချာမသိဘဲ သေးတာဖြစ်ဖြစ် ကြီးတာဖြစ်ဖြစ်ကို မှားယွင်းပြီးဝယ်ယူမိတာမျိုးကို မကြာခဏကြုံဖူးပါလိမ့်မယ်။ ထိုအခါမျိုးတွင် အတွင်းခံရောင်းတဲ့ကောင်တာမှာ အရောင်ဝန်ထမ်းများ၏အကူအညီဖြင့် မိမိအတွက်အသင့်တော်ဆုံးဖြစ်မယ့် ဘရာစီယာမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ခွက်အရွယ်အစားမှန်ကန်တဲ့ ဘရာစီယာမျိုးကို ရွေးချယ်ခြင်းဖြင့် ရင်သားအပြင်သို့လျှံထွက်နေခြင်းမျိုးလည်း မဖြစ်နိုင်တော့ပေ။

2. ကိုယ်အလေးချိန် အလွန်အကျွံမတက်ပါစေနှင့်

        ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန်တိုးလေ့ရှိပါတယ်။ ဒါကြောင့် မိမိကိုယ်အလေးချိန်ဘယ်လောက် တက်လာသလဲဆိုတာ အမြဲစောင့်ကြည့်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံး 25-35 ပေါင် ထိသာတက်သင့်ပါတယ်။ အကယ်၍ ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်မပြည့်မီသူဖြစ်ပါက ထို့ထက်ပို၍ကိုယ်အလေးချိန် တိုးသင့်ပါတယ်။

3. လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

ဆရာဝန်ထံမှခွင့်ပြုချက်ယူပြီးသည်နှင့် တစ်ပြိုင်နက် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့ပေါ့ပေ့ါပါးပါး လေ့ကျင့်ခန်းကိုပြုလုပ်သင့်ပါတယ်။

4. အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပါ

        အရေပြား (အထူးသဖြင့် ရင်သားများ) ကို အမြဲမပြတ် အစိုဓာတ်ရရှိစေရန် ပြုလုပ်ခြင်းဖြင့် အရေပြားကိုနူးညံ့ပျော့ပျောင်းစေ၍ ကိုယ်ဝန်ဆောင်စဉ်အတွင်း ပုံပျက်ခြင်းများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း အသုံးပြုနိုင်တဲ့ အထူးခရင်မ်များနဲ့ အစိုဓာတ်ထိန်းခရင်မ်များကို လိမ်းကျံနိုင်ပါတယ်။ မိမိယခင်ကတည်းက သုံးစွဲလေ့ရှိတဲ့ အလှဆီ (သို့) ခရင်မ်များကိုလည်း ဆက်လက်သုံးစွဲနိုင်ပါတယ်။

5. ကိုယ်အလေးချိန်ကို ဖြည်းဖြည်းချင်းသာလျှော့ချပါ

        ကလေးမွေးဖွားပြီးနောက် ကိုယ်အလေးချိန်လျှော့ချလိုပါက ဖြည်းဖြည်းချင်းသာလျှော့ချပါ။ အဘယ်ကြောင့်ဆိုသော် အလျှင်အမြန်လျှော့ချလိုက်ပါက ရင်သားတွဲခြင်းများကို နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ဖြေးဖြေးမှန်မှန်သာ လျှော့ချခြင်းဖြင့် မိမိအရေပြားကိုပြောင်းလဲခြင်းအတွက် ခံနိုင်ရည်ရှိအောင် ပြင်ဆင်ပေးရာရောက်ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com