/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မေမေတို့-ဖောရောင်တဲ့အခါ-ဘယ်အချိန်မှာ-စိုးရိမ်သင့်သလဲ

ကိုယ်ဝန်ဆောင်မေမေတို့ ဖောရောင်တဲ့အခါ ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ဖောရောင်တာ အထူးသဖြင့် ခြေထောက်၊ ခြေကျင်းဝတ်၊ ခြေချောင်း၊ လက်ချောင်းလေးတွေ ဖောရောင်တာဟာ ပုံမှန်ဖြစ်နေကျပဲမလို့ သိပ်တော့စိတ်ပူစရာ မလိုပါဘူး။ ပုံမှန်ဖောရောင်ခြင်းတွေဟာ ဖြည်းဖြည်းချင်းဖြစ်လေ့ရှိပြီး တစ်နေ့တာရဲ့ အဆုံးသတ်ဖြစ်တဲ့ ညနေစောင်း၊ ဒါမှမဟုတ် ညဘက်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဖောရောင်တာ ပိုအဖြစ်များတတ်ပါတယ်။

Obimin 2022 IA 1

ဒါပေမယ့် စိတ်ပူရမယ့်အ​ခြေအနေတစ်ရပ်တော့ ရှိပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့အခါမှာလည်း ခန္ဓာကိုယ် ဖောရောင်တတ်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဒီအချက်လေးတွေကို သတိထားသိစေချင်ပါတယ်။

Obimin 2022 IA 2

မျက်နှာ၊ ခြေထောက်နဲ့ လက်တွေမှာ ရုတ်တရက်ဖောရောင်လာပြီးတော့ -

●    ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာတဲ့အခါ

●    အမြင်အာရုံ ဝေဝါးလာတဲ့အခါ

●    ရင်ခေါင်းအောင့်တဲ့အခါ

●    ပျို့အန်တဲ့အခါ

●    ရင်ပူလာပြီး ဆေးသောက်ပေမယ့် မသက်သာတဲ့အခါ

အစရှိတဲ့ လက္ခဏာတွေပါ တွဲရှိလာရင်တော့ ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်နိုင်တာကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပြသသင့်ပါတယ်။

www.drmyanmar.com