ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် မွေးဖွားချိန်မတိုင်မီ ဖြစ်လေ့ရှိသော အကြောင်းအရာများ
ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းလိုလိုဟာ မွေးဖွားချိန်မတိုင်မီမှာ အတွေးပေါင်းစုံဝင်ပြီး ကြောက်လန့်တတ်ကြပါတယ်။ ဒါဟာ သားဦးကိုယ်ဝန်တွေမှာသာမက ဒုတိယမြောက်နှင့် တတိယမြောက်ကိုယ်ဝန်များတွင်လည်း ဖြစ်ပေါ်နိုင်ပါတယ်။
ဒီလို ကိုယ်ဝန်ဆောင်ကာလတွင် ကြောက်လန့်ခြင်းကို ဆေးပညာအရ Tokophobia လို့ ခေါ်ဆိုပါတယ်။ တချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ အလွန်အမင်း ကြောက်လန့်တတ်ကြပြီး ကလေးတောင် မမွေးချင်တော့ဘဲ ဖျက်ချလိုကြတဲ့အထိ ဖြစ်စေပါတယ်။
>> ဘာကြောင့် ကြောက်လေ့ရှိကြသလဲ?
● ကလေးမွေးချိန် နာကျင်မှာကို ကြောက်ခြင်း
● ခင်ပွန်း သို့မဟုတ် မိဘများဆီက အားပေးနှစ်သိမ့်မှုမရရှိခြင်း
● အရှေ့ကိုယ်ဝန်များ ပျက်ကျဖူးခြင်း သို့မဟုတ် ကလေးအသေမွေးဖူးခြင်း
● သူငယ်ချင်းနှင့် ဆွေမျိုးများတွင် ဆိုးရွားသော ကိုယ်ဝန်ဆောင်အတွေ့အကြုံများရှိခြင်း
>> ကိုယ်ဝန်ဆောင်စဉ်မှာ အကြောက်လွန်ခြင်းရဲ့ လက္ခဏာရပ်များ
● အလွန်အမင်းချွေးထွက်ခြင်း
● အန်ခြင်း
● အသက်ရှူကြပ်ခြင်း
● အာခေါင်ခြောက်ခြင်း
● မအီမသာဖြစ်ခြင်း
● အလွန်အမင်း ကတုန်ကယင်ဖြစ်ခြင်း
● နှလုံးခုန်မြန်ခြင်း ရင်တုန်ခြင်း
● ခေါင်းအေးအေးထားလို့မရခြင်း
● သေမှာကြောက်ခြင်း
● အလွန်အမင်းကြောက်လန့်ခြင်း
● စိတ်နှင့်ကိုယ်နှင့်မကပ်ခြင်း
Obimin 1

ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ်မှာ အများဆုံးကြောက်လန်လေ့ရှိတဲ့ အချက်များနှင့် ရင်ဆိုင်ဖြတ်သန်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကျန်းမာသောရင်သွေးလေးကို မမွေးဖွားနိုင်မှာ ကြောက်ခြင်း
အရှေ့မှာ ကိုယ်ဝန်ပျက်ဖူးသော သို့မဟုတ် ကလေးအသေမွေးဖူးသော မေမေများတွင် ဖြစ်လေ့ရှိပြီး ကလေးမှာ မွေးရာပါချို့ယွင်းချက်များ ပါမှာကြောက်သော မေမေများတွင်လည်း ဖြစ်တတ်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး အာထရာဆောင်းရိုက်ခြင်း၊ ကလေးမှာ မွေးရာပါချို့ယွင်းချက်များ ပါ၊ မပါ စစ်ဆေးခြင်းတို့ဖြင့် ကလေးကျန်းမာကြောင်း သိရှိနိုင်ပါတယ်။
(၂) မွေးဖွားချိန် အလွန်နာမှာ ကြောက်ခြင်း
သူငယ်ချင်း သို့မဟုတ် ညီအမများ ကလေးမွေးတုန်းက အလွန်နာကျင်တာကို မြင်ဖူးသူများတွင် ဖြစ်လေ့ရှိပါတယ်။ အိုဂျီနှင့်တိုင်ပင်ပြီး ခွဲမွေးဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။
(၃) မိခင်ကောင်းမဖြစ်မှာ ကြောက်ခြင်း
မိမိ မိခင်နှင့် ချစ်ခင်ကြင်နာစွာ မကြီးပြင်းခဲ့ရသော မေမေများတွင် ဖြစ်တတ်သော ကြောက်ခြင်းတစ်ခု ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ရှိ မိဘများစကားဝိုင်းများတွင် ဝင်ဆွေးနွေးခြင်း၊ ဖတ်ရှုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ကလေးပျိုးထောင်မှုဆိုင်ရာ စာအုပ်များကိုလည်း ကြိုတင်ဖတ်ရှုနိုင်ပါတယ်။
(၄) ကလေး ရုတ်တရက်မွေးခြင်း သို့မဟုတ် မျှော်လင့်မထားသောနေရာတွင် မွေးရခြင်း
ဒီလိုသတင်းတွေကို မကြာခဏ ဖတ်ရှုဖူးသော အချို့မိခင်များအနေနင့် ရုတ်တရက် ကလေးမွေးမှာကို အလွန်အမင်း ကြောက်လန့်တတ်ကြပါတယ်။
ဒါကို ကျော်လွှားဖို့အတွက် ကလေးမွေးဖွားပုံအဆင့်ဆင့်ကို ကြိုတင်လေ့လာပါ။ ကလေးမွေးခါနီးပြသော လက္ခဏာများကို သိအောင်လုပ်ထားပါ။ ကိစ္စတိုင်းဟာ ရုတ်တရက်ကြီး မဖြစ်နိုင်ဘူးဆိုတာ နှလုံးသွင်းပါ။ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ပြင်ဆင်ထားပါ။ စိတ်ပိုင်းဆိုင်ရာ သန်မာမှုရှိပါစေ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Obimin 2

(Zawgyi)
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတိုင္းလိုလိုဟာ ေမြးဖြားခ်ိန္မတိုင္မီမွာ အေတြးေပါင္းစုံဝင္ၿပီး ေၾကာက္လန႔္တတ္ၾကပါတယ္။ ဒါဟာ သားဦးကိုယ္ဝန္ေတြမွာသာမက ဒုတိယေျမာက္ႏွင့္ တတိယေျမာက္ကိုယ္ဝန္မ်ားတြင္လည္း ျဖစ္ေပၚႏိုင္ပါတယ္။
ဒီလို ကိုယ္ဝန္ေဆာင္ကာလတြင္ ေၾကာက္လန႔္ျခင္းကို ေဆးပညာအရ Tokophobia လို႔ ေခၚဆိုပါတယ္။ တခ်ိဳ႕ကိုယ္ဝန္ေဆာင္မိခင္ေတြမွာေတာ့ အလြန္အမင္း ေၾကာက္လန႔္တတ္ၾကၿပီး ကေလးေတာင္ မေမြးခ်င္ေတာ့ဘဲ ဖ်က္ခ်လိုၾကတဲ့အထိ ျဖစ္ေစပါတယ္။
>> ဘာေၾကာင့္ ေၾကာက္ေလ့ရွိၾကသလဲ?
● ကေလးေမြးခ်ိန္ နာက်င္မွာကို ေၾကာက္ျခင္း
● ခင္ပြန္း သို႔မဟုတ္ မိဘမ်ားဆီက အားေပးႏွစ္သိမ့္မႈမရရွိျခင္း
● အေရွ႕ကိုယ္ဝန္မ်ား ပ်က္က်ဖူးျခင္း သို႔မဟုတ္ ကေလးအေသေမြးဖူးျခင္း
● သူငယ္ခ်င္းႏွင့္ ေဆြမ်ိဳးမ်ားတြင္ ဆိုး႐ြားေသာ ကိုယ္ဝန္ေဆာင္အေတြ႕အႀကဳံမ်ားရွိျခင္း
>> ကိုယ္ဝန္ေဆာင္စဥ္မွာ အေၾကာက္လြန္ျခင္းရဲ႕ လကၡဏာရပ္မ်ား
● အလြန္အမင္းေခြၽးထြက္ျခင္း
● အန္ျခင္း
● အသက္ရႉၾကပ္ျခင္း
● အာေခါင္ေျခာက္ျခင္း
● မအီမသာျဖစ္ျခင္း
● အလြန္အမင္း ကတုန္ကယင္ျဖစ္ျခင္း
● ႏွလုံးခုန္ျမန္ျခင္း ရင္တုန္ျခင္း
● ေခါင္းေအးေအးထားလို႔မရျခင္း
● ေသမွာေၾကာက္ျခင္း
● အလြန္အမင္းေၾကာက္လန႔္ျခင္း
● စိတ္ႏွင့္ကိုယ္ႏွင့္မကပ္ျခင္း
ဒါဆိုရင္ေတာ့ ကိုယ္ဝန္ေဆာင္စဥ္မွာ အမ်ားဆုံးေၾကာက္လန္ေလ့ရွိတဲ့ အခ်က္မ်ားႏွင့္ ရင္ဆိုင္ျဖတ္သန္းနည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) က်န္းမာေသာရင္ေသြးေလးကို မေမြးဖြားႏိုင္မွာ ေၾကာက္ျခင္း
အေရွ႕မွာ ကိုယ္ဝန္ပ်က္ဖူးေသာ သို႔မဟုတ္ ကေလးအေသေမြးဖူးေသာ ေမေမမ်ားတြင္ ျဖစ္ေလ့ရွိၿပီး ကေလးမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္မ်ား ပါမွာေၾကာက္ေသာ ေမေမမ်ားတြင္လည္း ျဖစ္တတ္ပါတယ္။ ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးၿပီး အာထရာေဆာင္း႐ိုက္ျခင္း၊ ကေလးမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္မ်ား ပါ၊ မပါ စစ္ေဆးျခင္းတို႔ျဖင့္ ကေလးက်န္းမာေၾကာင္း သိရွိႏိုင္ပါတယ္။
(၂) ေမြးဖြားခ်ိန္ အလြန္နာမွာ ေၾကာက္ျခင္း
သူငယ္ခ်င္း သို႔မဟုတ္ ညီအမမ်ား ကေလးေမြးတုန္းက အလြန္နာက်င္တာကို ျမင္ဖူးသူမ်ားတြင္ ျဖစ္ေလ့ရွိပါတယ္။ အိုဂ်ီႏွင့္တိုင္ပင္ၿပီး ခြဲေမြးဖို႔ ႀကိဳတင္ျပင္ဆင္ထားႏိုင္ပါတယ္။
(၃) မိခင္ေကာင္းမျဖစ္မွာ ေၾကာက္ျခင္း
မိမိ မိခင္ႏွင့္ ခ်စ္ခင္ၾကင္နာစြာ မႀကီးျပင္းခဲ့ရေသာ ေမေမမ်ားတြင္ ျဖစ္တတ္ေသာ ေၾကာက္ျခင္းတစ္ခု ျဖစ္ပါတယ္။ အြန္လိုင္းေပၚရွိ မိဘမ်ားစကားဝိုင္းမ်ားတြင္ ဝင္ေဆြးေႏြးျခင္း၊ ဖတ္႐ႈျခင္းတို႔ ျပဳလုပ္ႏိုင္ပါတယ္။ ကေလးပ်ိဳးေထာင္မႈဆိုင္ရာ စာအုပ္မ်ားကိုလည္း ႀကိဳတင္ဖတ္႐ႈႏိုင္ပါတယ္။
(၄) ကေလး ႐ုတ္တရက္ေမြးျခင္း သို႔မဟုတ္ ေမွ်ာ္လင့္မထားေသာေနရာတြင္ ေမြးရျခင္း
ဒီလိုသတင္းေတြကို မၾကာခဏ ဖတ္ရႈဖူးေသာ အခ်ိဳ႕မိခင္မ်ားအေနနင့္ ႐ုတ္တရက္ ကေလးေမြးမွာကို အလြန္အမင္း ေၾကာက္လန႔္တတ္ၾကပါတယ္။
ဒါကို ေက်ာ္လႊားဖို႔အတြက္ ကေလးေမြးဖြားပုံအဆင့္ဆင့္ကို ႀကိဳတင္ေလ့လာပါ။ ကေလးေမြးခါနီးျပေသာ လကၡဏာမ်ားကို သိေအာင္လုပ္ထားပါ။ ကိစၥတိုင္းဟာ ႐ုတ္တရက္ႀကီး မျဖစ္ႏိုင္ဘူးဆိုတာ ႏွလုံးသြင္းပါ။ အေရးေပၚဆက္သြယ္ရန္ ဖုန္းနံပါတ္မ်ားကို ျပင္ဆင္ထားပါ။ စိတ္ပိုင္းဆိုင္ရာ သန္မာမႈရွိပါေစ။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
















