/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်နုစဉ်-သနေ္ဓတားဆေးသောက်ခြင်း

ကိုယ်ဝန်နုစဉ် သနေ္ဓတားဆေးသောက်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          သုတေသနအချို့ရဲ့အဆိုအရ ကိုယ်ဝန်နဲ့နီးနီး သနေ္ဓတားဆေးသောက်ခြင်းဟာ ပေါင်မပြည့်လမစေ့ကလေးမွေးနိုင်ချေ၊ မွေးရာပါဆီးလမ်းကြောင်းပုံမမှန်မှုတွေ ဆက်သွယ်မှုရှိတယ်လို့ဆိုထားပေမယ့် ဆေးကုသမှုပိုင်းဆိုင်ရာအတွေ့အကြုံတွေမှာတော့ ဒီဆက်စပ်မှုကိုမတွေ့ရပါဘူး။

          သနေ္ဓတားဆေးတွေက ကိုယ်ဝန်ရနိုင်ချေနဲ့ သားအိမ်ပြင်ပမှာ သနေ္ဓတည်နိုင်ချေကို လျော့နည်းစေပါတယ်။ ဒါပေမယ့် Progestin ဆိုတဲ့ဟော်မုန်းတစ်မျိုးသာပါဝင်တဲ့ သနေ္ဓတားဆေးသောက်နေရင်းနဲ့ ကိုယ်ဝန်ရသွားတယ်ဆိုရင်တော့ သားအိမ်ပြင်ပမှာ သနေ္ဓတည်နိုင်ခြေ အနည်းငယ်များပါတယ်။ ဒါကလဲ သနေ္ဓတားဆေးကို ဆရာ၀န်ညွှန်ကြားချက်အတိုင်း အချိန်မှန်မှန်သောက်မယ်၊ Expire မဖြစ်တဲ့ ဆေးဝါးတွေကိုမှီ၀ဲမယ်ဆိုရင် ကိုယ်၀န်ရသွားနိုင်ခြေကတော့ ရှားပါတယ်။

          ဒါကြောင့်သတိထားရမယ့်အချက်ကတော့ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေပြီလို့ သံသယရှိတာနဲ့ အိမ်မှာပဲ ကိုယ်ဝန်ရှိမရှိဆီးစစ်ကြည့်ပါ။ ဆီးစစ်ကြည့်လို့ ၂ ကြောင်းပြတယ်ဆိုရင် ကိုယ်ဝန်ရှိတာကိုရည်ညွှန်းတဲ့အတွက် ဆေးသောက်တာရပ်လိုက်ပါ။ တကယ်လို့အိမ်မှာဆီးမစစ်တတ်ဘူး (သို့) ဆီးစစ်ဖို့မဖြစ်နိုင်သေးဘူးဆိုရင် ကိုယ်ဝန်ရှိမရှိ သေချာမသိမချင်း သနေ္ဓတားဆေးသောက်တာရပ်လိုက်ပါ။ ဆေးသောက်ရပ်ထားတဲ့အချိန်မှာ ကွန်ဒုံးသုံးခြင်းကဲ့သို့သော အခြားသနေ္ဓတားနည်းတစ်မျိုးမျိုးကိုအသုံးပြုပါ။

          ကိုယ်ဝန်ရှိနေတယ်လို့မသိခင်မှာ သနေ္ဓတားဆေးသောက်မိလို့ တစ်ခုခုကိုစိုးရိမ်ပူပန်နေတယ်ဆိုရင် ဆရာဝန်နဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကြည့်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)