ကိုယ်၀န်ဆောင်ချိန်တွင် ကြုံတွေ့ရသော အိပ်စက်ခြင်းပြဿနာ
♦ အိပ်မပျော်ရသော အကြောင်းရင်းများ
- ညဘက်တွင် ဆီးခဏခဏသွားခြင်း
- ကြီးထွားလာသော ၀မ်းဗိုက်ကြွက်သားကြောင့် မအီမသာဖြစ်ခြင်း
- ရင်ပူခြင်း
- ကြွက်တက်ခြင်း
- စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကြောင့် အိပ်မပျော်ခြင်း
- နေ့ခင်းပိုင်းတွင် အိပ်စက်ချိန်များခြင်း
♦ နှစ်ခြိုက်စွာအိပ်ပျော်စေရန် လိုက်နာသင့်သောအချက်များ
ခေါင်းအုံး။ ။ ၀မ်းဗိုက်အောက်နှင့် ခြေထောက်နှစ်ခုကြားတွင် ခေါင်းအုံးထားပြီး ဘေးတစောင်း အနေအထားနဲ့ အိပ်စက်နိုင်ပါတယ်။ ယခုအခါမှာ ကိုယ်၀န်ဆောင် များအတွက် အထူးပြုလုပ်ထားသော ခေါင်းအုံးများကိုလည်း အလွယ်တကူ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
အစားအစာ။ ။ အိပ်ရာမ၀င်ခင်မှာ နွားနို့ပူပူနဲ့ခရက်ကာမုန့်ကို စားပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း။ ။ လမ်းလျှောက်တာ၊ ကိုယ်၀န်ဆောင်ယောဂကျင့်တာကြောင့် ကြွက်သားများကို ပျော့ပြောင်းစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။
CMS















