/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ချိန်အ၀လွန်ပါက-မွေးဖွားသောကလေးတွင်

ကိုယ်၀န်ဆောင်ချိန်အ၀လွန်ပါက မွေးဖွားသောကလေးတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနှုန်းမြင့်နိုင်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        Pittsburgh မြို့ရှိ ကလေးဆေးရုံမှ လက်ထောက်ပါမောက္ခ ကလေးအထူးကုဆရာ၀န်ကြီး Dr.Erick Forno နှင့် အဖွဲ့၏ လေ့လာမှုအရ ကိုယ်၀န်ဆောင်ချိန်တွင် အ၀လွန်ခြင်းကြောင့် မွေးဖွားလာမယ့်ကလေးမှာ ပန်းနာရင်ကျပ်ရောဂါပါလာနိုင်ခြေရှိကြောင်း သိရှိရပါတယ်။

        သုတေသီများရဲ့တွေ့ရှိချက်အရ အ၀လွန် ကိုယ်၀န်ဆောင်မိခင်မှ မွေးဖွားလာတဲ့ ကလေးများဟာ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့မိခင်မှ မွေးဖွားလာတဲ့ကလေးများနဲ့ နှိုင်းယှဉ်ရင် ပန်းနာရင်ကျပ် ရောဂါဖြစ်ပွားနှုန်း ၂၀ - ၃၀ ရာခိုင်နှုန်းထိ မြင့်တက်နေကြောင်း သိရှိရပါတယ်။

        အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးတာကြောင့် လေ့လာစမ်းသပ်မှုတွေ ထပ်မံလုပ်ဆောင်သွားဖို့လည်း လိုအပ်နေပါတယ်။ သုတေသီများကတော့ ကိုယ်၀န်ဆောင်မိခင်များ အ၀လွန်ခြင်းကြောင့် မိခင်မှာ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပေါ်လာပြီး ၎င်းရောဂါများကြောင့် သနေ္ဓသားရဲ့  အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးဆဲလုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာတယ်လို့ သုံးသပ်ကြပါတယ်။

          မိခင်မှာပန်းနာရင်ကျပ်ရောဂါ အခံမရှိဘူးဆိုရင်တောင်မှ ကိုယ်၀န်ဆောင်စဉ်အတွင်း အ၀လွန်ခြင်းကြောင့် ကလေးငယ်မှာ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုယ်၀န်ဆောင် အမျိုးသမီးများသာမကကလေးယူရန် အစီအစဉ်ရှိသောအမျိုးသမီးများအားလုံး မိမိတို့ရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းထားသင့်ပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com