/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်တွေ-ခါးနာတဲ့အခါ

ကိုယ်၀န်ဆောင်တွေ ခါးနာတဲ့အခါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်၀န်ဆောင်ချိန်မှာ ခါးနာတတ်တာက ထုံးစံပါပဲ ။ ခန္ဓာကိုယ်က ကြီးထွားလာမယ့် ကိုယ်၀န်အတွက် အရွတ်တွေကို ဆန့်ထွက်စေပြီး ပြုပြင်ပေးရလို့ပါပဲ။ အဲဒီအခါ ကျောနဲ့ ခါးအောက်ပိုင်း မူမမှန်စဖြစ်လာပြီး တောင့်တင်းတာ နာကျင်ကိုက်ခဲလာတာတွေ ခံစားလာရပါတယ်။

 

          ဒါလေးတွေလိုက်နာကြည့်ပါ။ ခန္ဓာကိုယ်အနေအထား ပြုပြင်ပြီး သတိရှိရှိ လှုပ်ရှားသွားလာပုံလေးတွေ ဖြစ်ပါတယ်။

Pregnacare 1

• အလေးအပင်’ မ မပါနဲ့။

• မဖြစ်မနေမရတော့မယ်ဆိုရင် အလေးတစ်ခု မ,မယ်ဆို အရင်ထိုင်ချလိုက်ပါ။ လိုအပ်သလို ဒူးကွေးပါ။ ခြေထောက်နဲ့ ခြေဖဝါးပေါ်မှာ အားစိုက်ပါ။ ခါး ဝန်မပိတော့ဘူးပေါ့။

• ခါးကို ရုတ်တရက်မလှည့်ပါနဲ့။ တကိုယ်လုံး ဖြည်းဖြည်းသက်သာလှည့်ပါ။

• ခါးမတ်မတ်ထားထိုင်ပါ။

• ထိုင်တဲ့အခါ အမှီသို့မဟုတ် ကူရှင်ပျော့ပျော့လေးတွေ နောက်ကျောနောက်မှာခံပါ။

• အိပ်မယ်၊ နားမယ်ဆိုလည်း ဒူးအောက်မှာ ခေါင်းအုံးပျော့လေး ထားပါ။ မကြာခဏ စောင်းအိပ်ပါ၊ ခါးကို လိမ်ပြီး ရုတ်တရက် ထထိုင်တာမျိုး ရှောင်ပါ။

• အကြောအချင်ပြေအောင် ရေနွေးနွေးနဲ့ ရေချိုးပါ။

• ဒေါက်မြင့်ဖိနပ်မစီးပါနဲ့။ ဖိနပ်ပါးပါးစီးပါ။ ဖိနပ်အပါးကိုမှ အတွင်းသား ပျော့ပြောင်း နူးညံတာလေး ရွေးဝယ်ကြဖို့ အကြံပြုပါတယ်။

Pregnacare 2

ခါးနာတာ သိပ်ဆိုးလာရင်..

• ကိုယ်၀န်ရင့်လာတဲ့အခါ ခါးကိုက်တာနာလာရင် (သတ်မှတ်ရက်ထက် စောမွေးချင်တဲ့ အခြေအနေဖြစ်နေတတ်ပါတယ်)

• ခါးနာတာနဲ့အတူ ဖျားတာ သွေးဆင်းတာ မိန်းမကိုယ်နာကျင်တာတွေရှိခဲ့ရင်

•  ခါးအောက်ပိုင်း ထုံတာကျင်တာ ထိလို့ထိမှန်းမသိတာတွေရှိခဲ့ရင်

• ခါးတင်မက နံရိုးအောက်နားတွေပါ နာလာရင် ……သက်ဆိုင်ရာ ဆရာ၀န် သို့မဟုတ် သားဖွားဆရာမကို ပြသစစ်ဆေးပေးဖို့လိုအပ်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)