/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်နှင့်-ခြေထောက်ဖောရောင်ခြင်း

ကိုယ်၀န်ဆောင်နှင့် ခြေထောက်ဖောရောင်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ကိုယ်၀န်ဆောင်ကာလ ခြေထောက်ဖောရောင်ခြင်းကို ခံစားရတာဟာ ကြီးထွားလာတဲ့့ သနေ္ဓသားဟာ ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ သွေးပို့လွှတ်နေသော သွေးကြောများကို ဖိနှိပ်ထားတာကြောင့် ဖြစ်ပါတယ်။

        ခြေထောက်ဖောရောင်ခြင်းကို သက်သာစေရန် အကြံပြုလိုတာကတော့ -

-    တနေရာတည်းမှာ အချိန်အကြာကြီး မတ်တပ်မရပ်ပါနဲ့။

-    ရေများများသောက်ပေးပါ။

-    ဆားလျှော့စားပါ။

-    ထိုင်နေချိန်မှာ ခြေထောက်များကို ထိုင်ခုံအပုလေးပေါ်မှာ တင်ထားပါ။

-    တင်းကျပ်သော အ၀တ်အစားများ ၀တ်ဆင်ခြင်းကို ရှောင်ရှားပါ။

-    တင်းကျပ်တဲ့ ဖိနပ်များအစား သက်သောင့်သက်သာရှိစေမယ့် ဖိနပ်ပါးများကိုသာ ရွေးချယ်၀တ်ဆင်ပါ။

-    အသားဓါတ်ကြွယ်၀တဲ့ အစားအစာတွေကို မှီ၀ဲပါ။

-    အကယ်၍ မျက်နှာနဲ့ လက်တွေပါ ဖောရောင်လာတယ်ဆိုရင်တော့ ကိုယ်၀န်ဆိပ်တက်ခြင်းရဲ့ လက္ခဏာဖြစ် တာကြောင့် ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါတယ်။

-    နားနေချိန်မှာ ဘေးတစောင်းနေပေးပါ။

 

Dr. Htet Htet Aung

www.drmyanmar.com