/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ကလေးတို့-သိထားသင့်တဲ့-လက္ခဏာများ

ဗိုက်ကလေးတို့ သိထားသင့်တဲ့ လက္ခဏာများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က အပြောင်းအလဲများစွာကို ကြုံရတာမို့ ဘယ်လက္ခဏာကတော့ ပုံမှန်ပဲ၊ ဘယ်ဟာကတော့ အရေးကြီးတယ်ဆိုတာ ခွဲခြားသိဖို့ ခက်ပါတယ်။ အခုပြောပြမယ့် အချက်အလက်လေးတွေကို သိထားရင် အထောက်အကူဖြစ်ပါလိမ့်မယ်။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ?
●  ကလေး လှုပ်တာ၊ ကန်တာ ပုံမှန်ထက်နည်းရင်
ကိုယ်ဝန် ၁၆ ပတ်လောက်မှာ ကလေးလှုပ်တာကို စပြီးတော့ သတိထားမိလာပါမယ်။ ကလေးလှုပ်တာ ပုံမှန်ထက်နည်းနေရင် ပြဿနာတစ်ခုခု ရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြရပါမယ်။

●  သွေးဆင်းရင်
လိင်ဆက်ဆံပြီးခါစ ဒါမှမဟုတ် မိန်းမကိုယ်ကို စမ်းသပ်ပြီးခါစဆို သွေးနည်းနည်းဆင်းတတ်တာ သိထားရပါမယ်။

●  အဖြူဆင်းရာကနေ သွေးရောင်၊ ပန်းရောင် အနံ့ပြောင်းလာတာမျိုးရှိရင်
ကိုယ့်ရဲ့ ကိုယ်ဝန်က ၃၇ ပတ်ကျော်ပြီဆိုရင်တော့ အဖြူက ကျဲကျဲဆင်းရာကနေ ပျစ်လာတတ်ပါတယ်။ ဒါဟာ မွေးဖွားဖို့ ပြင်ဆင်နေတာပါ။

●  ဆီးခုံမှာ တင်းတင်းကြီး ဖြစ်နေတာ၊ ခါးနာတာ၊ ရာသီလာသလို ခါးကိုက်တာ၊ ၃၇ ပတ် မတိုင်သေးဘဲ သားအိမ်က ညှစ်နေတာ၊ ဒါမျိုးတွေဖြစ်ရင် ရေသောက်၊ အနားယူပြီး ခဏစောင့်ကြည့်ပါ။ ခဏစောင့်ကြည့်ပါ။ ၁ နာရီအတွင်း မသက်သာဘူး၊ ပိုဆိုးလာရင် ဆေးရုံသွားပါ။
●  ဆီးသွားရင်၊ နာတာ၊ ပူတာ၊ ဆီးခဏခဏ သွားချင်တာ၊ ဆီးအရောင်နောက်တာ၊ ဆီးထဲမှာ သွေးပါတာ၊ ဒါတွေဆိုရင် ဆီးပိုးဝင်တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
●  ချမ်းတုန် ဖျားတာ၊ ဗိုက်နာပြီး အန်တာ၊ ဖျားတာ၊ အမြင်ဝေဝါးတာ၊ နှစ်ထပ်ဖြစ်တာ၊ အလင်းရောင်တွေ မြင်တာ၊ အမည်းရောင်အစက်တွေ မြင်နေတာ စတာတွေဟာ ကိုယ်ဝန်ဆိပ်တတ်တဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ပါရာစီတမော သောက်ပြီးရင်တောင် မပျောက်ဘဲ ခေါင်းကိုက်နေတာ၊ ခေါင်းကိုက်ပြီး အမြင်ဝေဝါးတာ၊ စကားပြောရင် မပီသတော့တာ၊ ထုံနေတာ ၊ မျက်နှာ မျက်လုံးတွေ ဖောနေတာ၊ ရုတ်တရတ် လက်တွေ ခြေတွေ အရမ်းဖောလာတာ၊ ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ၊ ပြုတ်ကျလို့ ဒါမှမဟုတ် တစ်ခုခုကြောင့် ဗိုက်ကို ထိခိုက်မိတာ ၊ လက်ဖဝါး၊ ခြေဖဝါး၊ လက်တွေ၊ ခြေတွေ ယားယံတာ၊ ညာဖက်နံရိုးအောက် နာတာ ၊ တုပ်ကွေး လက္ခဏာတွေပေါ်တာ (တုပ်ကွေးက ကိုယ်ဝန်သည်တွေအတွက် အရမ်းအန္တရာယ် များတာကြောင့် ကာကွယ်ဆေးထိုးထားသင့်ပါတယ်)၊ ရေကျောက်၊ ဝက်သက် စတဲ့ ကူးစက်ရောဂါတွေနဲ့ ထိတွေ့မိရင် စိတ်ဓာတ်ကျ၊ စိတ်တွေ အရမ်းပူနေရင်၊ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ချင်စိတ်တွေ ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

>>  အရေးပေါ် ဆေးရုံသွားရမယ့် လက္ခဏာတွေကတော့ -
●  ရင်ဘတ်အောင့်၊ နှလုံးခုန်မြန်ရင်
●  ချောင်းဆိုးသွေးပါရင်
●  မူးလဲ၊ မေ့လဲတာမျိုး ဖြစ်ရင်
●  အဖျားအရမ်းကြီးရင်
●  ၂၄ နာရီထက်ကျော်ပြီး ဝမ်းလျှောနေရင်
●  ဗိုက်နာ၊ ဗိုက်အောင့်တာက အရမ်းဆိုးရင်
●  အန်တာ အရမ်းဆိုးရင်
●  မောတာ၊ အသက်ရှူကြပ်တာမျိုးဖြစ်ရင်  အရေးပေါ်ပြသဖို့ လိုအပ်ပါတယ်။

Dr. Htar (www.drmyanmar.com)