မိခင်လောင်းဖြစ်ဖို့ အချိန်ဘယ်လောက်ယူရပါသလဲ
စိတ်၀င်စားဖို့ ကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ စာဖတ်သူတွေလည်း စိတ်၀င်စားမယ်လို့ ထင်ပါတယ်။ စုံတွဲ 100 ကိုလေ့လာမှုများအရကိုယ်၀န်ဆောင်ဖို့အနည်းဆုံးအချိန်တစ်လမှ အများဆုံးနှစ်နှစ်အထိ ကြာလေ့ရှိတယ်လို့သိရပါတယ်။ လေ့လာမှုရလဒ်များမှာ -
ကိုယ်၀န်ရရန်ကြာချိန် လူအရေအတွက်
တစ်လ အယောက် 20
ခြောက်လ အယောက် 70
တစ်နှစ် အယောက် 85
တစ်နှစ်ခွဲ အယောက် 90
နှစ်နှစ် အယောက် 95 တို့ဖြစ်ပါတယ်။
အထက်ပါရလဒ်များမှာ ယေဘုယျရလဒ်များသာဖြစ်ပြီး တစ်ဦးချင်းအလိုက်ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ကျပြီး တစ်နှစ်ကျော်အထိ သားသမီးမရတာဟာပုံမှန်အခြေအနေ ဖြစ်နိုင်ပါတယ်။
ကိုယ်၀န်ဆောင်ဖို့အခွင့်အရေးဟာ အောက်ပါအချက်အလက်များပေါ်မှာ မူတည်နေပါတယ် -
- ဇနီးမောင်နှံနှစ်ယောက်လုံးရဲ့ အသက်၊ စားသောက်နေထိုင်မှုပုံစံ၊ အလုပ်အကိုင်၊ ချစ်တင်နှီးနှောမှုအကြိမ် အရေအတွက်၊ မိခင်ဖြစ်လာမယ့်သူရဲ့ ကိုယ်အလေးချိန်၊ နာတာရှည်ရောဂါများရှိ/မရှိနဲ့ မျိုးပွားအင်္ဂါဆိုင်ရာရောဂါများ ရှိ/မရှိ ပေါ်မူတည်နေပါတယ်။
သဘာ၀နည်းလမ်းအတိုင်း ကိုယ်၀န်ရချင်တယ်ဆိုပါက အောက်ပါနည်းလမ်းများကိုလိုက်နာပေးပါ -
- တစ်ပတ်မှာ နှစ်ရက်မှ သုံးရက်ထိချစ်တင်းနှီးနှောပေးပါ။
- ချစ်တင်းနှီးနှောချိန်များလွန်းခြင်း (ဥပမာ-နေ့စဉ်)၊ နည်းလွန်းခြင်း (ဥပမာ- တစ်ပတ် တစ်ကြိမ်) ကလည်း ကိုယ်၀န်ရနိုင်ခြေကို လျော့နည်းစေပါတယ်။
- နောက်တစ်ခုကတော့ ချစ်တင်းနှီးနှောတဲ့ရက်ပါပဲ။ မမျိုးဥကြွေတဲ့ရက်မှာအတူတူနေပေးပါက ကိုယ်၀န်ရနိုင်ခြေပိုမိုမြင့်မားစေပါတယ်။
Dr.Htet Htet Aung
















