မွေးချိန်မတိုင်ခင် ရေမြွှာစောပေါက်ခြင်းနှင့် လမစေ့ခင် ရေမြွှာစောပေါက်ခြင်း
ရေမြွှာစောပေါက်ခြင်း ဆိုသည်မှာ ကလေးကို ထိန်းသိမ်းထားသော ရေမြွှာအိတ် ပေါက်ပြဲရာကနေ မွေးချိန်မတိုင်မီ ရေမြွှာဆင်းလာခြင်းကို ဆိုလိုပါသည်။ ရေမြွှာစောပေါက်ခြင်း ဖြစ်စဉ်အများစုတွင် ပေါက်ပြီးနောက် ချက်ချင်း ကလေးမွေးဖွားနိုင်တာမို့ အထူးတလည် ကုသခြင်းများ ပြုလုပ်ဖို့ မလိုအပ်သော်လည်း အချို့ဖြစ်စဉ်များမှာတော့ ရေမြွှာပေါက်ပြီးပြီးချင်း သားအိမ်က မညှစ်နိုင်တာကြောင့် သားအိမ်ညှစ်နေသောဆေးများကို သွင်းပေးရပါတယ်။
လမစေ့ခင် ရေမြွှာစောပေါက်ခြင်းဆိုသည်မှာ ကိုယ်ဝန် ၃၇ ပတ်မတိုင်မီ ရေမြွှာပေါက်ခြင်းကို ဆိုလိုပြီး ထိုအချိန်တွင် ကလေးငယ်မွေးချိန်မတိုင်သေးတာမို့ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။
ရေမြွှာစောပေါက်ခြင်းဟာ ကိုယ်ဝန်ဆောင်များရဲ့ ၈ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်နိုင်ပြီး လမစေ့ခင် ရေမြွှာစောပေါက်ခြင်းကတော့ ၃ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်နိုင်ပါတယ်။
>> အန္တရာယ်ရှိသောသူများ
● ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သူများ
● ရှေ့ကိုယ်ဝန်တွင် ရေမြွှာပေါက်ဖူးသူများ
● လိင်ကနေ ကူးစက်သောရောဂါရှိသူများ
● ဘက်တီးရီးယားပိုးဝင်ပြီး မိန်းမကိုယ် ရောင်ရမ်းနေသူများ
● အချင်းကွာသူများ
● ကိုယ်ဝန်ဆောင်ကာလတွင်း မိန်းမကိုယ်က အရည်ကြည်ဆင်းသူများ
● အမြွာကိုယ်ဝန်ဆောင်များ
Obimin 1

>> လက္ခဏာများ
နှစ်ခုလုံးရဲ့လက္ခဏာအနေဖြင့် မိန်းမကိုယ်ကနေ အရည်များစိမ့်ခြင်း သို့မဟုတ် စီးကျခြင်းကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ဆီးစပ်ကိုက်ခြင်း၊ ဖျားနာခြင်းတို့ပါ ဖြစ်ပေါ်လာပါက အမြန်ဆုံးဆေးရုံပြေးဖို့ လိုပါတယ်။
>> နောက်ဆက်တွဲဆိုးကျိုးများ
နှစ်ခုလုံးရဲ့ နောက်ဆက်တွဲကတော့ လမစေ့ဘဲ ကလေးမွေးခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေမြွှာရည် ပိုးဝင်ခြင်းနှင့် အချင်းထွက်ကျခြင်းတို့လည်း ဖြစ်ပေါ်နိုင်ပါတယ်။
>> ကာကွယ်နည်း
ကိုယ်ဝန်ရှိစကပင် OG နှင့် သေချာပြသထားခြင်း၊ အာဟာရပြည့်ဝအောင်စားခြင်း၊ ကောင်းစွာ အိပ်စက်အနားယူခြင်း၊ ဆေးလိပ်နှင့်အရက်များ ရှောင်ခြင်း စသည့်အချက်များကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရေမြွှာဆင်းခြင်းကြောင့် မိခင်ကောကလေးအတွက် မလိုလားအပ်သောဆိုးကျိုးများ ရရှိစေနိုင်တာမို့ ရေမြွှာစဆင်းလာပြီဆိုတာနဲ့ မပေ့ါဆဘဲ ဆရာဝန်ထံ ပြသရန် အလွန်အရေးကြီးပါတယ်။
Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Obimin 2

(Zawgyi)
ေရႁမႊာေစာေပါက္ျခင္း ဆိုသည္မွာ ကေလးကို ထိန္းသိမ္းထားေသာ ေရႁမႊာအိတ္ ေပါက္ၿပဲရာကေန ေမြးခ်ိန္မတိုင္မီ ေရႁမႊာဆင္းလာျခင္းကို ဆိုလိုပါသည္။ ေရႁမႊာေစာေပါက္ျခင္း ျဖစ္စဥ္အမ်ားစုတြင္ ေပါက္ၿပီးေနာက္ ခ်က္ခ်င္း ကေလးေမြးဖြားႏိုင္တာမို႔ အထူးတလည္ ကုသျခင္းမ်ား ျပဳလုပ္ဖို႔ မလိုအပ္ေသာ္လည္း အခ်ိဳ႕ျဖစ္စဥ္မ်ားမွာေတာ့ ေရႁမႊာေပါက္ၿပီးၿပီးခ်င္း သားအိမ္က မညႇစ္ႏိုင္တာေၾကာင့္ သားအိမ္ညႇစ္ေနေသာေဆးမ်ားကို သြင္းေပးရပါတယ္။
လမေစ့ခင္ ေရႁမႊာေစာေပါက္ျခင္းဆိုသည္မွာ ကိုယ္ဝန္ ၃၇ ပတ္မတိုင္မီ ေရႁမႊာေပါက္ျခင္းကို ဆိုလိုၿပီး ထိုအခ်ိန္တြင္ ကေလးငယ္ေမြးခ်ိန္မတိုင္ေသးတာမို႔ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ျဖစ္ေပၚႏိုင္ပါတယ္။
ေရႁမႊာေစာေပါက္ျခင္းဟာ ကိုယ္ဝန္ေဆာင္မ်ားရဲ႕ ၈ ရာခိုင္ႏႈန္းတြင္ ျဖစ္ေပၚႏိုင္ၿပီး လမေစ့ခင္ ေရႁမႊာေစာေပါက္ျခင္းကေတာ့ ၃ ရာခိုင္ႏႈန္းတြင္ ျဖစ္ေပၚႏိုင္ပါတယ္။
>> အႏၲရာယ္ရွိေသာသူမ်ား
● ကိုယ္ဝန္ေဆာင္စဥ္ ေဆးလိပ္ေသာက္သူမ်ား
● ေရွ႕ကိုယ္ဝန္တြင္ ေရႁမႊာေပါက္ဖူးသူမ်ား
● လိင္ကေန ကူးစက္ေသာေရာဂါရွိသူမ်ား
● ဘက္တီးရီးယားပိုးဝင္ၿပီး မိန္းမကိုယ္ ေရာင္ရမ္းေနသူမ်ား
● အခ်င္းကြာသူမ်ား
● ကိုယ္ဝန္ေဆာင္ကာလတြင္း မိန္းမကိုယ္က အရည္ၾကည္ဆင္းသူမ်ား
● အႁမြာကိုယ္ဝန္ေဆာင္မ်ား
>> လကၡဏာမ်ား
ႏွစ္ခုလုံးရဲ႕လကၡဏာအေနျဖင့္ မိန္းမကိုယ္ကေန အရည္မ်ားစိမ့္ျခင္း သို႔မဟုတ္ စီးက်ျခင္းကို ေတြ႕ရွိရပါတယ္။ ဒါ့အျပင္ ဆီးစပ္ကိုက္ျခင္း၊ ဖ်ားနာျခင္းတို႔ပါ ျဖစ္ေပၚလာပါက အျမန္ဆုံးေဆး႐ုံေျပးဖို႔ လိုပါတယ္။
>> ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
ႏွစ္ခုလုံးရဲ႕ ေနာက္ဆက္တြဲကေတာ့ လမေစ့ဘဲ ကေလးေမြးျခင္းပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေရႁမႊာရည္ ပိုးဝင္ျခင္းႏွင့္ အခ်င္းထြက္က်ျခင္းတို႔လည္း ျဖစ္ေပၚႏိုင္ပါတယ္။
>> ကာကြယ္နည္း
ကိုယ္ဝန္ရွိစကပင္ OG ႏွင့္ ေသခ်ာျပသထားျခင္း၊ အာဟာရျပည့္ဝေအာင္စားျခင္း၊ ေကာင္းစြာ အိပ္စက္အနားယူျခင္း၊ ေဆးလိပ္ႏွင့္အရက္မ်ား ေရွာင္ျခင္း စသည့္အခ်က္မ်ားကို လိုက္နာျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။ ေရႁမႊာဆင္းျခင္းေၾကာင့္ မိခင္ေကာကေလးအတြက္ မလိုလားအပ္ေသာဆိုးက်ိဳးမ်ား ရရွိေစႏိုင္တာမို႔ ေရႁမႊာစဆင္းလာၿပီဆိုတာနဲ႔ မေပ့ါဆဘဲ ဆရာဝန္ထံ ျပသရန္ အလြန္အေရးႀကီးပါတယ္။
Dr. ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
















