အချင်းကြိုးဖိနှိပ်မိပြီးသနေ္ဓသားထိခိုက်ခြင်း
တကယ်တော့အချင်းဆိုတာ မိခင်ဝမ်းတွင်းမှာသနေ္ဓသားလေးကို အစာအာဟာရပေးနေတဲ့အရာပါ။ ကြီးထွားလာတဲ့သနေ္ဓသားလေးကို အချင်းကြိုးနဲ့ဆက်သွယ်ထားပါတယ်။ အချင်းကြိုးကနေတဆင့် လိုအပ်တဲ့အာဟာရရရှိပြီး တနေ့တခြားကြီးထွားလာတာပေါ့။
ဒီဆက်သွယ်ပေးထားတဲ့အချင်းကြိုးလေးကိုမတော်တဆပိမိနေရင်ဘယ်လိုဖြစ်မလဲ..
• သနေ္ဓသားလေးဆီလိုအပ်တဲ့ အစာအာဟာရမရောက်တော့ဘူးပေါ့
• ကလေးလေးဟာနေရတာအဆင်မပြေတော့ဘူး။ အလိုလိုမွန်းကြပ်လာပြီး နှလုံးခုန်နှုန်းတွေ အလိုလိုနှေးလာပါတယ်
အချင်းကြိုးဖိမိတာမျိုးကို ကိုယ်ဝန်ဆောင်ချိန်ရော၊ မွေးဖွားချိန်မှာပါ ကြုံတွေ့ရနိုင်ပါတယ်။ မိခင် ၁၀ ဦးမှာ တစ်ဦးလောက်ကတော့ ကြုံနိုင်ပါသတဲ့။
အချင်းတိုင်လေး မတော်တဆပိတဲ့အခါသနေ္ဓသားလေးရဲ့သွေးပေါင်စတင်ကျလာပါတယ်။ သွေးထဲမှာ ကာဘွန်ဒိုင်အောက်ဆိုက်တွေ များလာပါတယ်။ ဒါဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ သနေ္ဓသားလေးဟာ ရေရှည်အောက်ဆီဂျင်ခြောက်ခန်းစပြုလာပြီး သနေ္ဓသားသေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
မွေးဖွားတဲ့အခါ အချင်းတိုင်ပိမိတာ၊ အချင်းကြိုးပြုတ်ကျတာတွေ ဖြစ်ရတဲ့အကြောင်းရင်းကတော့…..
• အချိန်မတိုင်ခင် ရေမွှာစောပေါက်သွားတာ
• ကလေးကသိပ်လှုပ်ရှားလွန်းလို့ဖိမိတာ
• မွေးဖွားချိန်မှာ အချင်းကြိုးကတင်းသွားတာ ပိမိတာတွေကြောင့်ဖြစ်စေပါတယ်။
၃၂ပတ်မတိုင်မီ ရေမွှာပေါက်တဲ့အခါ အချင်းကြိုးကျနိုင်ခြေနဲ့ ဖိမိနိုင်ခြေက ၃၂ ကနေ ၇၆ ရာခိုင်နှုန်းထိ ရှိပါတယ်။
>> အချင်းတိုင်ဖိမိနေမှန်းဘယ်လိုသိမလဲ…..
အာထရာဆောင်း သို့မဟုတ် ကလေးနှလုံးခုန်တိုင်းကိရိယာ Doppler ပစ္စည်းလေးနဲ့ စမ်းသပ်သိရှိနိုင်ပါတယ်။
ပြင်ပအနေနဲ့ကတော့ ဘယ်လိုမှသိနိုင်စရာအကြောင်းမရှိပါဘူး။
>> အချင်းတိုင်ဖိမိတဲ့အခါကုထုံးကတော့ …………
ရေမွှာရည်အစား ဆလိုင်းအရည်ကို သားအိမ်ထဲကို ထိုးသွင်းတာဖြစ်ပါတယ်။ ဖိမိတဲ့အခါ ဖြစ်တဲ့ အန္တရာယ်ရှိဖိအားကို ပြေသွားစေအောင် ဖြစ်ပါတယ်။
ဒီလိုဖြစ်ရင် မိခင်ကိုအောက်ဆီဂျင်ပေးခြင်း၊ သနေ္ဓသားလေးကို စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်းတွေ ပြုလုပ်ပြီး အခြေအနေမဟန်ရင် ချက်ချင်းခွဲမွေးနိုင်အောင်ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)
















