/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/အရက်ကြောင့်ဖြစ်တဲ့-ကလေးငယ်ရဲ့ေ၀ဒနာ

အရက်ကြောင့်ဖြစ်တဲ့ ကလေးငယ်ရဲ့ေ၀ဒနာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ကိုယ်၀န်ဆောင်ကာလဟာ သနေ္ဓသားအတွက် ဘ၀တစ်ခုကို အရှိန်ယူတည်ဆောက်နေတဲ့ ကာလတစ်ခုဖြစ်တာကြောင့် အလွန်အရေးကြီးတဲ့အချိန်တခုဖြစ်ပါတယ်။ သနေ္ဓသားရဲ့ကြီးထွားဖံွ့ဖြိုးမှုဟာ မိခင်ရဲ့စားသောက် နေထိုင်မှုပုံစံပေါ်တွင် မူတည်နေတာကြောင့် မိခင်အနေဖြင့် အာဟာရပြည့်၀အောင် စားသောက်ရုံမက အရက်နှင့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ မိခင်အရက်သောက်သုံးခြင်းကြောင့် ကလေးငယ်ဟာ “အရက်ကြောင့်ဖြစ်ရသော ကလေးငယ်၏ေ၀ဒနာ Fetal Alcohol Syndrame (FAS) ကိုခံစားရနိုင်ပါတယ်။

        နှစ်စဉ်အမေရိကန်ကလေးငယ်ပေါင်း 5,000 မှ 12,000 ကျော်ဟာ ၎င်းလက္ခဏာစုနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။ ၎င်းလက္ခဏာစုနဲ့ မွေးဖွားလာသော ကလေးငယ်များအနေဖြင့် -

- အခြားသောကလေးများထက် ကြီးထွားနှုန်းနှေးခြင်း၊

-  ဉာဏ်ရည်နိမ့်ကျခြင်း၊

-  ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိခြင်း၊

-  မျက်ပေါက်ကျဉ်းပြီး မျက်ခွံတွဲကျခြင်း၊

-  ပါးပြင်နှစ်ဘက်ပြားကပ်ခြင်း၊ မေးရိုးသေးခြင်း၊

-  အပေါ်နှုတ်ခမ်းပါးခြင်း၊

-  သင်ယူမှုတွင်အခက်အခဲရှိခြင်း၊

-  စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများနောက်ကျခြင်း

-  ဆုံးဖြတ်ဆင်ခြင်နိုင်စွမ်းအားနည်းခြင်း၊

-  တက်ခြင်း၊

-  အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း

          စိတ်ပူပန်တတ်ခြင်းစတာတွေကို တွေ့ကြုံခံစားရလေ့ရှိပါတယ်။ ကိုယ်၀န်ဆောင်မိခင်အများစုဟာ အရက်သောက်ခြင်းကို ရှောင်ကျဉ်ကြသော်လည်း အချို့သောကိုယ်၀န်ဆောင်များက ကိုယ်၀န်ရှိခြင်းကို မသိလို့ဖြစ်စေ၊ ပွဲလမ်းသဘင်ကြောင့်ဖြစ်စေ တခါတရံသောက်သုံးလေ့ရှိပါတယ်။ အရက်မည်မျှ သောက်သုံးခြင်းက Fetal Alcohol Syndrome ကိုဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထားများမရှိသော်လည်း အရက်သောက်သုံးခြင်းဟာ သနေ္ဓသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ကိုယ်၀န်ဆောင်ကာလအတွင်းမှာ အရက်သောက်သုံးခြင်းကို လုံး၀ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com