/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာကို-စောစောတွေ့ဖို့-ဘာလို့အရေးကြီးတာလဲ

ကင်ဆာကို စောစောတွေ့ဖို့ ဘာလို့အရေးကြီးတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကင်ဆာ ရှာဖွေဖို့ ဘာလို့အရေးကြီးတာလဲ။ စောစောတွေ့၊ စောစောကုရင်တော့ အသက်ရှင်နိုင်စွမ်း ပိုများအောင်လို့ပါ။ ရောဂါကုသပျောက်ကင်းဖို့ အကောင်းဆုံးတိုက်ကွက်လည်း ဖြစ်ပါသေးတယ်နော်။ ကင်ဆာက တစ်ကမ်ဘာလုံးအတိုင်းအတာနဲ့ တစ်နှစ်ကို လူပေါင်း ၉.၆ မီလီယံလောက် သတ်နိုင်ပါသတဲ့။

၁။       ကင်ဆာဟာ ကမ်ဘာပေါ်မှာ ဒုတိယအဖြစ်အများဆုံး လူသတ်ရောဂါပါ။ ကုသမှုအများစုဟာ ဘယ်အခြေအနေမှာ ဘယ်လောက်အတိုင်းအတာထိ စောတွေ့တယ်ဆိုတာ အပေါ်မှာ မူတည်တာမို့ အကောင်းဆုံး ကုသမှုပေးနိုင်ဖို့ အစောဆုံးတွေ့ရှိဖို့ လိုပါတယ်။ ကင်ဆာအစောဆုံးအဆင့်မှာ သိရပါက အမြစ်ပြတ် ပျောက်ကင်းနိုင်ပါတယ်။

၂။       အသက်ကယ်ဖို့အပြင် ငွေကုန်သက်သာအောင်လို့ပါ။ ကုသရ ခက်ခဲတဲ့ နောက်ပိုင်းရောဂါတွေ အဆင့်မှာ ကုသမှုဟာ ခက်ခဲရှုပ်ထွေးတဲ့အပြင် ငွေကုန်ကြေးကျ ပိုများပါတယ်။ ဥပမာ - ရင်သားကင်ဆာကို နောက်ကျမှတွေ့တဲ့အခါ ကုသစရိတ်က စောစောတွေ့ရင် ကုသစရိတ်ထက် သုံးဆခန့် ပိုကုန်ကျပါတယ်။

၃။       စောစောတွေ့ရင် ကြာကြာ အသက်ရှင်မယ်။ ဥပမာ - အူမကြီးကင်ဆာလူနာ ၁ဝ ဦးမှာ ၉ ဦးက စောစောတွေ့ရှိခြင်းကြောင့် ၅ နှစ်ထက် ပိုမိုအသက်ရှင်ကြပါတယ်။ ရင်သားကင်ဆာဖြစ်သော အမျိုးသမီးဆယ်ယောက်မှာ ကိုးယောက်က ငါးနှစ်ထက် ပိုမိုအသက်ရှင်ကြပါတယ်။ နောက်ကျမှတွေ့ရင်တော့ ဆယ်ယောက်မှာ ရှစ်ယောက်က အသက်ဆုံးရှုံးကြပါတယ်။ အဆုတ်ကင်ဆာရောဂါသည် ၁ဝယောက်မှာ ၅ ယောက်က စောစောတွေ့လို့ အသက်ရှင်ကျန်မယ့်လူတွေပါ။ ဘယ်အချိန်မှာ ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိမလဲဆိုတာတော့ မိမိ၏ကျန်းမာရေး ဂရုတစိုက်ရှိမှုအပေါ်မှာ အများကြီးမူတည်တာပေါ့နော်။

          ရောဂါသိမှာစိုးလို့ မစစ်ဘူးဆိုတာ မဖြစ်သင့်တဲ့အရာပါ။

          ရောဂါကြိုတင်စစ်ဆေးခြင်းဖြင့် ရောဂါမရှိလည်း စိတ်အေးလက်အေးနေနိုင်သလို ရောဂါတွေ့ရှိရင်လည်း စောစောကုသ ပျောက်ကင်းနိုင်ပါတယ်။

          ကဲ ... ကျန်းမာရေးစစ်ဆေးမှုတွေ အများကြီး စေ့စေ့စပ်စပ် လုပ်လိုက်ကြရအောင်။

 ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)