ကင်ဆာရောဂါမှကာကွယ်ပေးနိုင်သော စူပါအစားအစာများ
1. ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကိုက်လန် စတဲ့ဟင်းသီးဟင်းရွက်ဟာ ကင်ဆာတိုက်ဖျက်နိုင်စွမ်းရှိပေမယ့် ပန်းဂေါ်ဖီစိမ်းမှာ ကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်းအန္တရာယ်မှတားဆီးနိုင်စွမ်းနဲ့ အကာအကွယ်ပေးတဲ့ အင်ဇိုင်းများစေတဲ့ Sulforaphane ပါ၀င်မှုကြောင့် ကင်ဆာရောဂါကာကွယ်ရာမှာ ပိုပြီးထိရောက်မှုရှိပါတယ်။ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပရော့စတိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အတွက် ပန်းဂေါ်ဖီစိမ်းကိုနေ့စဉ်ပါ၀င်အောင်စားပေးသင့်ပါတယ်။
2. ဘယ်ရီသီး
ဘယ်ရီသီးတွေအားလုံးကတော့ ကင်ဆာကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Raspberries သီးမှာပါ၀င်တဲ့ anthocyanin ဓာတ်ဟာ ကင်ဆာဖြစ်လာနိုင်ခြေရှိတဲ့ဆဲလ်တွေကိုချေဖျက်ပေးပြီး ကင်ဆာဆဲလ်တွေဆီသို့သွေးစီးဆင်းစေမယ့် သွေးကြောအသစ်ဖြစ်ပေါ်မှုကိုလည်းတားဆီးပေးနိုင်တာကြောင့် ကင်ဆာရောဂါကိုပိုပြီးထိထိရောက်ရောက်ကာကွယ်ပေးပါတယ်။ အူမကြီးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အရေပြားကင်ဆာကိုကာကွယ်ပေးနိုင်တဲ့အတွက် ဘယ်ရီသီးအထူးသဖြင့် raspberries သီးကိုရွေးချယ်စားပေးသင့်ပါတယ်။
3. ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါ၀င်တဲ့ လိုင်ကိုပင်းဓာတ်ဟာ သားကင်ဆာဆဲလ်ကြီးထွားမှုကို ရပ်တန့်စေပါတယ်။ သားအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့အတွက် နေ့စဉ်ဟင်းချက်ရာမှာထည့်သွင်းချက်ဖို့လိုအပ်ပါတယ်။
4. သစ်ကြားသီး
သစ်ကြားသီးဟာ ရင်သားကင်ဆာဆဲလ်ကြီးထွားခြင်းကို နှေးကွေးစေပါတယ်။ ရင်သားကင်ဆာကိုသာမက ဆီးကျိတ်ကင်ဆာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သစ်ကြားသီးတစ်အောင်စခန့်ကို နေ့စဉ်ပါ၀င်အောင်စားပေးပါ။
5. ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာပါ၀င်တဲ့ phytochemical ဒြပ်ပေါင်းဟာ ကြာရှည်ခံအစားအစာတွေစားလို့ အစာအိမ်ထဲမှာကျန်ရှိနေတဲ့ carcirogen (ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း) တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်ဆေးကောင်းတစ်လက်လို့တောင်ဆိုနိုင်ပါတယ်။
CMS
















