/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာဝေဒနာရှင်တွေ-ရှောင်ကြဉ်သင့်သည့်-အစားအစာများ

ကင်ဆာဝေဒနာရှင်တွေ ရှောင်ကြဉ်သင့်သည့် အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.         တိရစၧာန်တွေကရတဲ့ ပရိုတင်းဓာတ်တွေက မီးပြင်းပြင်းနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်အဖြစ် ပြောင်းလဲသွားစေတဲ့အတွက် အလွန်အကျွံကြော်ထားသော၊ ကင်ထား၊ ဖုတ်ထားတဲ့အသားများကို ရှောင်ကြဉ်ခြင်း

2.         ဆား၊ သကြားနဲ့ အဆီများတဲ့အစားအစာတွေကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

3.         အနီရောင်ရှိသောအသားနဲ့ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်ကဲ့သို့သော ပြုပြင်ထားသောအသားများ အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

4.         အချဉ်သိပ်ထားတဲ့ အစားအစာများ၊ ယိုတွေနဲ့ ဆေးဘဲဥကဲ့သို့သော ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာများမှာ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိတ်ဓာတ်တွေ ပါဝင်ပါတဲ့အတွက် အဆိုပါအစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

5.         အေးနေသောဟော့ဒေါ့၊ အသင့်စား နေ့လည်စာ အသားအေးအေးများစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

6.         အစာသွပ်ဝက်အူချောင်းအစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

7.         နို့နှင့် နို့ထွက်ပစ္စည်းအစိမ်းများစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

8.         နို့စိမ်းမှ ပြုလုပ်ထားသောဒိန်ခဲများစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

9.         တူးနေသော ငါးကင်များ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

10.        ဝက်ပေါင်ခြောက်၊ ကြက်သား၊ ပင်လယ်စားများဖြင့် ပြုလုပ်ထားသော အသင့်စားအသုပ်များစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

11.        ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မဆေးဘဲစားခြင်းမှ ရှောင်ကြဉ်ခြင်း (အထူးသဖြင့် အရွက်ထူတဲ့ ဟင်းသီးဟင်းရွက်တွေမှာဆိုရင် အရွက်တွေကြားမှာ အညစ်အကြေးတွေနဲ့ ဓာတ်မြေသြဇာတွေ ကပ်ကျန်နေတတ်ပါတယ်)

12.        အမဲသား၊ ဝက်သား အစိမ်း (သို့) မကျက်တကျက် ချက်ထားသောအသားများစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

13.        မကျက်တကျက် ချက်ထားသော ခရု (သို) ခရုအစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

15.        ငါးအစိမ်းပါသော ဆူရှီများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

16.        မကျက်တကျက် ပြုတ်ထားသောဥများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

17.        ကြက်ဥအစိမ်း (သို့) ကြက်ဥအစိမ်းဖြင့် ပြုလုပ်ထားသောစားစရာများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း

 

Dr. Mya Myo Myo Swe (www.drmyanmar.com)