/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကလေးရဖို့အတွက်-ဗီတာမင်-c-က-ဘယ်လိုအကျိုးပြုနိုင်သလဲ

ကလေးရဖို့အတွက် ဗီတာမင် C က ဘယ်လိုအကျိုးပြုနိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်ခံအား ကောင်းစေတာ၊ အအေးမိ ချောင်းဆိုးတာတွေကို ထိန်းချုပ်ပေးနိုင်တာတွေအပြင် ဗီတာမင် C က မျိုးပွားနိုင်စွမ်းကိုပါ ကောင်းစေပါသတဲ့။ ကလေးရဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးဘူးဆိုရင် စားနေကျ အစားအစာတွေထဲမှာ ဗီတာမင် C ထည့်စားဖို့ စဉ်းစားသင့်ပါတယ်။ ဗီတာမင် C စားပေးတာက ကိုယ်ဝန်ရနိုင်ချေကို မြင့်စေပါတယ်။ အမျိုးသားတွေမှာ ဘယ်လိုကောင်းပြီး အမျိုးသမီးတွေအတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာကို ဆက်ကြည့်ကြရအောင်။

 

1.      အမျိုးသားများအတွက်

          ဗီတာမင် C စားပေးတာက သုတ်ပိုးကို ပိုကျန်းမာစေပြီးတော့ သုတ်ပိုးရဲ့ DNA ကိုလည်း ကာကွယ်ပေးပါတယ်။ သုတ်ပိုး အရည်အသွေး ကောင်းလာပြီဆိုရင် ခရိုမိုဆုန်းချို့တဲ့မှုတွေ လျော့လာစေပါတယ်။ တစ်ခါတလေမှာ ဓာတ်တိုးပစ္စည်း (free radical ) ဆိုတဲ့ အရာတွေနဲ့ ထိတွေ့မှုကြောင့် သုတ်ပိုးတွေ ဓာတ်တိုးပျက်စီးမှုတွေ ရှိတတ်ပြီး ဗီတာမင် C က ဒါကို ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေ အများကြီးအရ ဗီတာမင် C ချို့တဲ့တဲ့ အမျိုးသားတွေမှာ သုတ်ပိုးကျန်းမာရေးနိမ့်တာကို တွေ့ရပါတယ်။ ဗီတာမင် C က သုတ်ပိုးရဲ့ အရည်အသွေးကိုသာမက သုတ်ပိုးလှုပ်ရှားနိုင်စွမ်းကိုလည်း ကောင်းစေပါတယ်။

 

2.      အမျိုးသမီးများအတွက်

          ဗီတာမင် C က အမျိုးသမီးတွေမှာ ကြုံတွေ့ရတဲ့ ကလေးမရနိုင်တဲ့ပြဿနာ အတော်များများကို အကူအညီပေးနိုင်ပါတယ်။ ဒီဗီတာမင်က ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းမညီမျှမှုကိုသာမကဘဲ သားဥအိမ်ရဲ့ လုပ်ဆောင်ချက်ကို ထိန်းညှိပေးတဲ့ ascorbic acid ရှိမှုနဲ့ အမျိုးသမီးတွေရဲ့ လစဉ်ရာသီစက်ဝန်းကိုလည်း အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် ဗီတာမင် C က progesterone ပမာဏ များစေခြင်းအားဖြင့် သားအိမ်နံရံတွေကို ထူစေပြီး သားအိမ် ကျန်းမာရေးကို ကောင်းစေပါတယ်။ နေ့စဉ်အစားအစာထဲမှာ ဗီတာမင် C ဖြည့်စွက်စားတဲ့ အမျိုးသမီးတွေမှာ မစားတဲ့အမျိုးသမီးတွေထက် ကလေးရနိုင်ချေ ပိုများပါတယ်။

 

>>    ဗီတာမင် C လုံလုံလောက်လောက်ရှိအောင် ဘယ်လိုလုပ်ကြမလဲ?

          လတ်ဆတ်တဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် C ပေါကြွယ်ဝပါတယ်။ ဒါပေမဲ့လည်း ဒီသစ်သီးတွေကို လှီးဖြတ်၊ ချက်ပြုတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီအာဟာရပါဝင်နှုန်းတွေက ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေဆီကနေပြီးတော့ အမြင့်ဆုံး ကောင်းကျိုးရစေနိုင်ဖို့ဆိုရင် လှီးပြီးပြီးချင်း စားပေးပါ။ နေ့စဉ်အစားအစာတွေမှာ ထည့်စားနိုင်တဲ့ ဗီတာမင် C ကြွယ်ဝတဲ့အစားအစာအချို့ကို ထပ်ပြောပေးပါမယ်။

1.      အစားအစာ အရင်းအမြစ်များ

•        အလတ်စားအရွယ် သဘောၤသီး ၁ လုံး - 160 mg

•        ပန်းဂေါ်ဖီအစိမ်း  ၁ ခွက် - 81.2 mg

•        ပန်းငရုတ်ပွ ၁ ခွက် (အနီ) - 95mg

•        လိမေ္မာ်သီး အလတ်စားအရွယ် ၁ လုံး - 70mg

•        ပန်းဂေါ်ဖီ ၁ ခွက် - 55 mg

•        အတုံးလေးတွေ စိတ်ထားတဲ့ နာနတ်သီး ၁ ခွက် - 80mg

•        မာလကားသီး အရွယ်တော် ၁ လုံး - 126mg

•        ဂရိတ်ဖရုဖျော်ရည် ၁ ခွက် - 73 mg

•        စတော်ဘယ်ရီ ၁ ခွက် - 85 mg

•        သရက်သီးစိတ် ၁ ခွက် - 50 mg

•        ကိုက်လန် ၁ ခွက် - 82 mg

•        မုန်ညင်း ၁ ခွက် - 74.8 mg

 

2.      အခြားအရင်းအမြစ်များ

          အစားအစာကနေ ဗီတာမင် C ကို ရစေတာအပြင် ဗီိတာမင် C ဆေးပြားတွေလည်း သောက်လို့ရပါတယ်။ ကိုယ့်ခန္ဓာကိုယ် လိုအပ်ချက််နဲ့ ကိုက်ညီမယ့် ဗီတာမင် C ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ သောက်လို့ရပါတယ်။

 

>>    နိဂုံးချုပ်အနေနဲ့ ပြောရရင် -

          စုံတွဲတွေအနေနဲ့ ကလေးရနိုင်ခြေ ပိုများစေဖို့အတွက် ဗီတာမင် C တွေ စားပေးသင့်ပါတယ်။ ဗီတာမင် C ရဖို့ အကောင်းဆုံးနည်းလမ်းကတော့ လတ်ဆတ်တဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ဖြစ်ပြီးတော့ အစားအစာကနေ  လုံလောက်စွာမရဘူးလို့ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဗီတာမင် C ဆေးပြား သောက်လို့ရပါတယ်။

          ကလေး လိုချင်တဲ့သူတွေမှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အာဟာရလိုအပ်ချက်တွေ ပြည့်မီနေဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားဖို့က အရမ်းအရမ်းကို အရေးကြီးပါတယ်။ တချို့ကလေးမရနိုင်တဲ့ ပြဿနာတွေကဆိုရင် အာဟာရချို့တဲ့တာတွေကြောင့်တောင် ရှိပါသတဲ့။ ဒီတော့ ကိုယ်ရော၊ ကိုယ့်ရဲ့အိမ်ထောင်ဖက်ရော နှစ်ဦးလုံးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလောက်အောင် စားပေးဖို့က အရေးကြီးပါတယ်လို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)





•    အလတျစားအရှယျ သဘောငျ်သီး ၁ လုံး - 160 mg
•    လိမ်မောျသီး အလတျစားအရှယျ ၁ လုံး - 70mg



Dr. Mya Myo Myo Swe (www.drmyanmar.com)