ကိုဗစ်အလွန် ချောင်းဆိုးကျန်ခဲ့သေးရင် ဘယ်လိုနေထိုင်သင့်သလဲ
1. တစ်ယောက်တည်း သပ်သပ်ခွဲနေပါဦး
ဒါက တခြားရောဂါတွေ ကူးစက်တာ၊ ကိုဗစ်ကို လက္ခဏာမပြတဲ့ အိမ်သူအိမ်သားတစ်ယောက်ဆီက နောက်တစ်ကြိမ် ပြန်ကူးစက်တာကနေ သင့်ကိုသင် ကာကွယ်ဖို့ ဖြစ်ပါတယ်။
2. ကောင်းကောင်းအိပ်ပါ
အရင်က အိပ်ရေးပျက်ခဲ့ရတာတွေကို အတိုးချယူပြီး အိပ်ရေးဝဝ အိပ်ပေးပါ။ လည်ချောင်းထဲမှာ ချွဲသလိပ်တွေရှိနေရင် ပက်လက်အိပ်တာထက် ဘေးစောင်းအိပ်တာက ချွဲသလိပ်တွေ ထွက်လာစေဖို့ အထောက်အကူပြုပါတယ်။
Solmux Adult IA 1 2023
3. အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ
အသက်ကို ၄-၅ စက္ကန့် ရှူသွင်းပြီး ၈-၁၀ စက္ကန့် ရှူထုတ်ပေးပါ။ တဖြည်းဖြည်းချင်း ခံနိုင်ရည်ရှိသလောက် တိုးတိုးပြီး လေ့ကျင့်ပေးသွားပါ။ ဒီလိုလုပ်ပေးခြင်းက နှာခေါင်းနဲ့ လည်ချောင်းက ချွဲတွေကို ရှင်းပေးနိုင်ပါတယ်။
4. ရေများများသောက်ပါ
လည်ချောင်းမှာ သလိပ်တွေ ပြည့်နေတယ်လို့ ခံစားရရင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေနွေး၊ စွပ်ပြုတ်၊ လက်ဖက်ရည်ကြမ်း စတာတွေ သောက်ပေးရင်လည်း သလိပ်တွေ ပျော်စေပါတယ်။
5. လေ့ကျင့်ခန်း လုပ်ပေးပါ
အရမ်းမပင်ပန်းတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေပဲ လုပ်ပါ။ လှုပ်ရှားပေးခြင်းက အဆုတ်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေသလို ချွဲထွက်လာစေဖို့လည်း အထောက်အကူ ပြုပါတယ်။
Solmux Adult IA 2
>> ဒီလိုလက္ခဏာတွေရှိရင်တော့ သတိထားစောင့်ကြည့်ပါ
အလွန်အမင်းနုံးတာ၊ ခေါင်းဆိုးဆိုးရွားရွားကိုက်တာနဲ့ တခြားလက္ခဏာတွေ ရှိလာရင် ဆရာဝန်နဲ့ ပြန်ပြသပါ။ တခြားပိုးကူးစက်ခံရတာ၊ ကိုဗစ် နောက်တစ်ကြိမ် ပြန်ကူးစက်တာမျိုး ရှိ/မရှိ သိရအောင် သွေးစစ်တာမျိုး လုပ်ရနိုင်ပါတယ်။
>> ဆရာဝန်နဲ့ တိုင်ပင်ပါ
ဆရာဝန်နဲ့ ချောင်းဆိုးပျောက်အောင် သောက်ရမယ့်ဆေးတွေကို တိုင်ပင်နိုင်ပါတယ်။ ကိုဗစ်ဖြစ်ပြီးသွားချိန်မှာ ကောင်းကောင်းအနားယူပေးဖို့ အလိုအပ်ဆုံးပါ။ ကိုယ့်ကိုယ်ကိုလည်း အရမ်းတွန်းအားပေးတာမျိုးမလုပ်ဘဲ စိတ်ရှည်ရှည်နဲ့ အချိန်ယူသင့်ပါတယ်နော်။
Dr. Htar (www.drmyanmar.com)















