/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ့်မှာ-အဆုတ်ကင်ဆာရှိနေပြီလို့-ရောဂါသတ်မှတ်ခံရရင်

ကိုယ့်မှာ အဆုတ်ကင်ဆာရှိနေပြီလို့ ရောဂါသတ်မှတ်ခံရရင် ဘာတွေသိထားသင့်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      အဆုတ်ကင်ဆာ ဖြစ်နေရာကနေပြီး အသက်ဆက်ရှင်နေတဲ့ လူနာတစ်ယောက်က အဆုတ်ကင်ဆာ (သို့) တခြားကင်ဆာဖြစ်နေတယ်လို့ သတ်မှတ်ခံရတဲ့သူတွေအတွက် အကြံဉာဏ်တွေ ပေးထားပါတယ်။
●    နောက်ထပ် ထင်မြင်ချက်တစ်ခု ထပ်ယူပါ။ ဒီအမျိုးသမီးက ပထမမှာ အဆုတ်ရောဂါပိုး ဝင်နေတယ်လို့ ရောဂါသတ်မှတ်ခံရတဲ့အတွက် အဆုတ်ခွဲစိတ်မှု ခံယူခဲ့ပါတယ်။ ဒါပေမဲ့လည်း ခွဲစိတ်မှုခံယူတာ တစ်ခုတည်းနဲ့ ရောဂါအမည်ကို သေချာမသတ်မှတ်နိုင်ခဲ့ပါဘူး။ သူမမှာ ကင်ဆာဖြစ်ပြီးတော့ ရောဂါနာမည် မှားတပ်ခံရတာကို သိတဲ့အချိန်မှာ သူမက အရမ်းကိုစိတ်ဆိုးခဲ့ပါတယ်။ ဒါကြောင့် အဆုတ်တစ်ခုလုံး ထုတ်ပစ်စေကာ ဆရာဝန်ဆီ ပြန်သွားပြီးတော့ နောက်ထပ်ထင်မြင်ချက်တစ်ခု ထပ်တောင်းခဲ့ပါတယ်။
●    ကင်ဆာအထူးကုတဲ့ ဆေးကုဌာနတွေကို သွားပါ။
●    ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ။ ဆရာဝန်တွေက ကျွမ်းကျင်တဲ့ပညာရှင်တွေဖြစ်ပေမယ့်လည်း ကိုယ့်ရဲ့ခန္ဓာကိုယ်၊ ကိုယ့်ရဲ့ဘဝအကြောင်းနဲ့ ပတ်သက်လာရင်တော့ ကိုယ်က ကျွမ်းကျင်သူပါပဲ။ ဒီတော့ ကြိုတင်ပြင်ဆင်ထားပါ။ သိလိုသမျှကို မေးခွန်းတွေ မေးပါ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့အဖြေတွေနဲ့ ပတ်သက်ပြီးတော့ ဇဝေဇဝါ ဖြစ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
●    စစ်ဆေးမှုခံယူပါ။ ကြိုတင်စစ်ဆေးခြင်းက ရောဂါကို စောစောသိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါက ဆေးလိပ်သောက်သူတွေအတွက်ပဲ မဟုတ်ဘူး။ အားလုံးစစ်ဆေးမှု ခံယူသင့်ပါတယ်။ ဆေးလိပ် လုံးဝမသောက်သူတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်တတ်ပါတယ်။
●    လက္ခဏာတွေကို သိအောင်လုပ်ပါ။ သိရင်လည်း လျစ်လျူရှုမထားပါနဲ့။ ချောင်းဆိုးတယ်၊ နောက်ကျောတွေ အောင့်တယ်၊ အသက်ရှူရ ခက်တယ်ဆိုတာတွေ ဖြစ်နေပေမယ့်လည်း ကင်ဆာမဟုတ်ဘဲ အခြားဟာတွေဆိုပြီး ထင်တတ်ပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့အဆိုအရ အဖြစ်များတဲ့ အဆုတ်ကင်ဆာလက္ခဏာတွေကတော့ -
o    ချောင်းဆိုးတာ ပျောက်မသွားဘဲ ပိုဆိုးလာခြင်း
o    ရင်ဘတ်အောင့်ခြင်း (အသက်ပြင်းပြင်းရှူရင်၊ ချောင်းဆိုးရင်၊ ရယ်ရင် ပိုဆိုး)
o    အမြဲလိုလို အသံသြနေခြင်း
o    ဘာအကြောင်းမှမရှိဘဲ ပိန်သွားခြင်း၊ အစာစားချင်စိတ်မရှိခြင်း
o    ချောင်းဆိုးလျှင် သွေးပါခြင်း
o    ဘာအကြောင်းမှမရှိဘဲ အသက်ရှူမြန်ခြင်း
o    ဘာအကြောင်းမှမရှိဘဲ မောပန်းခြင်း၊ အားနည်းခြင်း
o    လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း စတာတွေက မပျောက်ဘဲနဲ့ မကြာခဏ ပြန်ဖြစ်နေခြင်း
o    အသက်ရှူလျှင် အသံမြည်လာခြင်း
    ဒီလက္ခဏာတွေက အခြားအခြေအနေတွေကြောင့် ဖြစ်နိုင်တယ် ဆိုပေမယ့်လည်းပဲ ဒါတွေခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီးတော့ စောစောစီးစီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိအသက်ကို ကယ်တင်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)