ကိုယ့်အိမ်လေးမှာ အဆိပ်အတောက်တွေ ကင်းစေချင်ရင် ...
Detox လို့ ပြောလိုက်ရင် ကိုယ်ကနေ အဆိပ်ထုတ်တာလို့ပဲ လူတွေက သိကြပါတယ်။ ကို်ယ်နေထိုင်ရာ အိမ်လေးကိုရော အဆိပ်အတောက်တွေ မကင်းစင်စေချင်ဘူးလား။
>> အဆိပ် သန့်စင်တဲ့ သဘာ၀ကျကျ နေအိမ်လေးဖြစ်ဖို့ ဘာတွေလုပ်ရင် ကောင်းမလဲ?
• ပလတ်စတစ် လျှောသုံး့ပါ။ ပလတ်စတစ်ဟာ ပတ်၀န်းကျင်ကို အညစ်နွမ်းမှု အများဆုံး ပေးနိုင်ပါတယ်။ ပလတ်စတစ် ရေဘူးတွေ၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်တွေအစား ဖန်ကို အစားထိုး သုံးစေလိုပါတယ်။ သောက်ရေအိုးကို ရေသန့် ပလတ်စတစ်ဘူးအစား သဘာ၀ကျကျ မြေအိုးလေး ပြောင်းသုံးပြီး မယ်လမင်းနဲ့ ပလတ်စတစ်အစား ဖန်နဲ့စတီးကို သုံးစေချင်ပါတယ်။
• ကြမ်းတိုက်တဲ့ အိမ်သာဆေးတဲ့အရည်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ မြင့်မားစွာပါနေတာမို့ ဆေးကြောသုံးပြီးတာနဲ့ ရေများများနဲ့ ဆေးချပါ။ လက်အိတ်သုံးပါ။
• အလူမီနီယမ်ဟာ အာရုံကြောရောဂါအချို့နဲ့ ဆက်စပ်နေပါတယ်။ အလူမီနီယမ် အသုံးအဆောင်တွေကို ဆက်သုံးသင့်၊ မသုံးသင့် စဉ်းစားစေလိုပါတယ်။
• ဘက်ထရီအဟောင်းတွေ ရေဒီယိုအပျက်တွေ လျှပ်စစ်ပစည်း အိုင်တီကိရိယာအပျက်တွေကို ဆက်သိမ်းမထားဘဲ ပစ်လိုက်ပါ။
• အိမ်တွင်းအနံ့အသက်ကင်းအောင် ဖျန်းတဲ့ဆေးရည်တွေ ရေမွှေးတွေကို ဖြစ်နိုင်ရင် မသုံးပါနဲ့။ အနံ့မကောင်းတဲ့အခါ ပြတင်းတံခါးတွေဖွင့် တံခါးတွေဖွင့်ပြီး ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပါ။ သဘာ၀အတိုင်း အနံ့ကင်းနေတာ ကောင်းပါတယ်။ မွှေးအောင်ဖျန်းရင်း ဓာတုဒြပ်ပေါင်းတွေ အိမ်ထဲကို မဖြန့်ဖြူးသင့်ပါဘူး။
• ခြင်ဆေးခွေတွေ ခြင်ဆေးဖျန်းဆေးတွေ အမြဲဖျန်းတာ၊ သုံးတာ လုပ်တဲ့အခါ ရေရှည်မှာ အဆုတ် ထိခိုက်စေပါတယ်။
• အခန်းတွင်းကို သဘာ၀လေနဲ့ နေရောင် အမြဲ၀င်ပါစေ။
• နှစ်ကြာနေတဲ့ဘရပ်တွေ၊ အ၀တ်စုတ်တွေ၊ ကြမ်းခင်းကော်ဇောတွေမှာ ဖုန်နဲ့ အညစ်အကြေးတွေ များစွာ ကပ်ငြိနေတတ်တာမို့ စွန့်ပစ်ပြီး အသစ်လဲစေလိုပါတယ်။
• အိမ်တွင်းစီးဖိနပ်ကို သီးသန့်ထားပါ။ အပြင်ကဖိနပ်တွေ အိမ်တွင်းကို စီးလာတဲ့အခါ အညစ်အကြေးတွေ၊ ပိုးမွှားတွေကို သယ်ဆောင်လာတတ်တာမို့ အိမ်တွင်းစီးဖိနပ် သီးသန့်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
• ကြာရှည်နေတဲ့ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ အလှပြင် Cosmetic တွေမှာ ပိုးမွှားတွေအပြည့်မို့ အများကြီး ကျန်နေသေးတောင် စွန့်ပစ်ပါ။
ဒါလေးတွေကို လို်က်နာဆောင်ရွက်ပြီး မိမိအိမ်လေးကို သဘာ၀ကျကျ အဆိပ်အတောက်ကင်းအောင် လုပ်ဆောင်နိုင်ပြီပေါ့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















