ကိုယ်ခံအားအတွက် အစားအသောက်တွေရဲ့ အရေးပါပုံ
ကိုယ်ခံအားစနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လုံလောက်တဲ့စွမ်းအင်နဲ့ အာဟာရဓာတ်တွေ လိုအပ်တာကြောင့် အစားအသောက်ကို ညီညွတ်မျှတအောင်စားပေးဖို့ လိုအပ်ပါတယ်။
>> အသီးအရွက်တွေရဲ့အရေးပါပုံ
အသီးအရွက်တွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ရောင်ရမ်းမှုတွေကို လျှော့ချနိုင်တဲ့ phytochemical လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေကို စုံစုံလင်လင်ရွေးချယ်ပြီး တစ်နေ ၅ ကြိမ်လောက် စားပေးပါ။
Ultra C 1
>> အူလမ်းကြောင်းကျန်းမာရေးရဲ့အရေးပါပုံ
အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘတ်တီးရီးယားတွေဟာ ကိုယ်ခံအားအတွက် အရမ်းအရေးပါပါတယ်။ ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်းလိုမျိုး မပြုပြင်ထားတဲ့အစေ့အနှံတွေကို Prebiotic တွေလို့ခေါ်ပြီး ဒိန်ချဉ်၊ ချိစ်နဲ့ အချဉ်ဖောက်ထားတဲ့အစားအသောက်တွေကို Probiotic လို့ ခေါ်ပါတယ်။ ဒီအစားအသောက်တွေဟာ အူလမ်းကြောင်းအကျိုးပြုပိုးမွှားတွေကို ကျန်းမာစေခြင်းအားဖြင့် ကိုယ်ခံအားကို ကောင်းစေပါတယ်။
Ultra C 2
>> ကိုယ်ခံစွမ်းအားအတွက် လိုအပ်တဲ့အာဟာရဓာတ်များ
● လိမ္မော်သီး၊ မာလကာသီး၊ ငရုတ်ပွ စတာတွေကနေ ရရှိနိုင်တဲ့ ဗီတာမင်စီ
● မုန်လာဥနီ၊ ကန်စွန်းဥ၊ အသည်း စတာတွေကနေ ရရှိနိုင်တဲ့ ဗီတာမင်အေ
● ကြက်၊ ဘဲ၊ ငါး စတာတွေကနေ ရရှိနိုင်တဲ့ ဗီတာမင်ဘီ6
● အသား၊ ဆယ်လ်မွန်ငါး၊ ငါးဥ၊ ဥအမျိုးမျိုးကနေ ရရှိနိုင်တဲ့ ဗီတာမင်ဘီ12
● အစိမ်းရင့်ရောင်အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ ပဲအမျိုးမျိုးကနေ ရရှိနိုင်တဲ့ ဖောလစ်အက်ဆစ်
● အသား၊ ငါး၊ ဥအမျိုးမျိုးကနေ ရရှိနိုင်တဲ့ ဆီလီနီယမ်
● အသား၊ အခွံမာပင်လယ်စာတွေနဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်တဲ့ ဇင့်ဓာတ်
● အစေ့အဆံတွေ၊ ကလီစာတွေကနေ ရရှိနိုင်တဲ့ ကော့ပါးဓာတ်
● အနီရောင်အသားနဲ့ငါးတွေကနေ ရရှိနိုင်တဲ့ သံဓာတ်
စတဲ့ဓာတ်တွေဟာ ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ဓာတ်တွေဖြစ်တာမို့ ဒီအစားအသောက်တွေကို ညီညွတ်မျှတအောင် စားပေးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















