ကိုယ်အလေးချိန်လျော့ကျစေဖို့ လွယ်ကူမြန်ဆန်စေတဲ့ ညအိပ်ရာဝင်ချိန်နည်းလမ်းလေးများ
ကိုယ်အလေးချိန်လျော့ချချိန်မှာ ကိုယ်အလေးချိန်တိုးစေနိုင်တဲ့ ဘယ်အရာကိုမဆို ဂရုတစိုက်နဲ့ ရှောင်ပေးတတ်ကြတယ်နော်။ ကယ်လိုရီကို တွက်ချက်စားသောက်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာတွေအပြင် တစ်ခြားနည်းလမ်းလေးတွေကိုလည်း ကြိုးစားကြည့်နိုင်အောင် ပြောပြပါမယ်။
ညဘက်မအိပ်ခင်မှာ ဘာတွေလုပ်လို့ရမလဲ?
1. ညစာကိုနည်းနည်းပဲစားပါ။
ညစာဟာ တစ်နေကုန်စားတာရဲ့ အနည်းဆုံးဖြစ်သင့်တယ်။ ညစာကိုနည်းနည်းပဲစားတာက အစာကြေစနစ်ကိုအားပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို အားပေးတာကြောင့် ကယ်လိုရီကိုနည်းစေနိုင်တယ်။ ဖြစ်နိုင်ရင်တော့ ညစာအနေနဲ့ အသီးအရွက်ပြုတ်နဲ့ အသားပြုတ်နည်းနည်းကိုသာ စားပေးသင့်ပါတယ်
2. အရက်ကိုေရှာင်ပါ။
အရက်မှာပါတဲ့ အာဟာရမရှိတဲ့ကယ်လိုရီတွေက ကိုယ်အလေးချိန်လျော့ကျတာကို အလဟဿဖြစ်စေနိုင်တယ်။ ဒါကြောင့် ညမအိပ်ခင်မှာ အရက်ကိုဘယ်တော့မှ မသောက်ပါနဲ့။
3. ပန်းသီးရှာလကာရည်သောက်ပါ။
ပန်းသီးရှာလကာရည်ဟာ ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်တဲ့အပြင် အစာခြေစနစ်ကို ကောင်းမွန်စေတယ်။ ဆံသားတွေကိုလည်း သန်မာစေနိုင်တယ်။ ပန်းသီးရှာလကာရည်ကို ညဘက်မှာသောက်သောက်ပေးတာကလည်း ကိုယ်အလေးချိန်ကျဖို့ လှုံ့ဆော်ပေးနိုင်တယ်။
4. အလင်းရောင်မှိန်မှိန်လေးနဲ့အိပ်ပါ။
ကိုယ်အလေးချိန်လျော့ကျစေဖို့ အရေးကြီးဆုံးအချက်က ညဘက်ကောင်းကောင်းအိပ်ဖိုပါပဲ။ အလင်းရောင်မှိန်မှိန်လေးနဲ့ ဒါမှမဟုတ် မီးမှိတ်ပြီးအိပ်တာက ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။ တရားထိုင်ပြီး စိတ်ကိုပြေလျော့ပေးဖို့ အရေးကြီးတယ်။
5. အခန်းအေးအေးလေးထဲအိပ်ပါ။
အခန်းအေးအေးလေးထဲအိပ်တဲ့အခါ ခန္ဓာကိုယ်ကို နွေးနေအောင်ထိန်းပေးရလု့ိ အဆီတွေလောင်ကျွမ်းစေနိုင်တယ်။
6. နို့ပူပူလေးတစ်ခွက်လောက်သောက်ပေးပါ။
နွားနို့ပူပူလေးတစ်ခွက်လောက်သောက်တာက ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။ အိပ်ရေး၀၀ အိပ်ဖို့ကလဲ ကိုယ်အလေးချိန်ကျဖို့အတွက် လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)
















