/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုရိုနာဗိုင်းရပ်စ်ရဲ့-တိုက်ခိုက်မှုကနေ-ပြန်လည်သက်သာလာစေတဲ့

ကိုရိုနာဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်မှုကနေ ပြန်လည်သက်သာလာစေတဲ့ အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုဟာ တစ်ကမ္ဘာလုံးမှာ ကျရောက်နေပေမယ့် တစ်ဖက်မှာလည်း ပြန်လည်သက်သာလာသူတွေ အများအပြား ရှိနေပါပြီ။
ဒီလိုပြန်လည်သက်သာခြင်းဟာ ရောဂါနဲ့ပြင်းထန်မှု အနည်းအများပေါ် မူတည်တယ်လို့လည်း ပညာရှင်တွေက အဆိုပြုထားပါတယ်။
●  ကနေဒါနိုင်ငံရှိ Toronto ဆေးရုံရှိ ကူးစက်ရောဂါအထူးကုဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာ Isaac ကတော့ ကူးစက်ခံလူအများစုဟာ သိပ်မပြင်းထန်တဲ့ကူးစက်ခြင်းမျိုးနဲ့ သာတွေ့ကြုံရတာမို့ ပြန်လည်ကောင်းမွန်ဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။
ဒီလို ကူးစက်ခံလူတွေကို အိမ်မှာပဲ နေခိုင်းထားပြီး သာမန်တုပ်ကွေးလက္ခဏာတွေကိုသာ ခံစားရပြီးနောက် သိပ်မကြာခင်ရက်များမှာ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်လို့ ဆိုပါတယ်။
●  ပြင်းထန်အဆင့်မဟုတ်ဘဲ သာမန်အဆင့်သာရှိတဲ့ Covid-19 ကူးစက်ခံရသူတွေဟာ တုတ်ကွေးကုသမှုအတိုင်းသာ ဆေးကုသခံရမှာဖြစ်ပြီး ရေနဲ့ဓာတ်ဆားရည် များများသောက်ဖို့ တိုက်တွန်းပါတယ်လို့ ဒေါက်တာ Issac က ဆိုပါတယ်။ အဓိကအချက်ကတော့ အိမ်မှာနေပြီး အခြားသူတွေကို ရောဂါဖြန့်ဖြူးသူမဖြစ်အောင် နေထိုင်ရပါမယ်။
●  အသက်ရှူကြပ်ခြင်း၊ မောခြင်းစတဲ့ လက္ခဏာတွေ ရှိလာပြီဆိုရင်တော့ ဆေးရုံကို မဖြစ်မနေသွားရမှာ ဖြစ်ပါတယ်။ ရောဂါပြင်းထန်သူတွေအနေနဲ့ အထူးကြပ်မတ်ကုသဆောင်မှာ အရေးပေါ်ကုသမှုတွေ ခံယူရမှာ ဖြစ်ပါတယ်။
●  လေ့လာချက်များအရ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ဝေဒနာ ခံစားနေရသူတွေကတော့ Covid-19 ရဲ့ ဆိုးရွားတဲ့ရိုက်ခတ်မှုကို ခံစားကြရမှာ ဖြစ်ပါတယ်။ အသက်ကြီးသူဖြစ်လေလေ Covid-19 ကြောင့် သေဆုံးနိုင်ချေ များလေလေဖြစ်ပြီး အသက် ၇၀ ကျော်နဲ့ ၈၀ ကျော် လူကြီးတွေကတော့ သေဆုံးနိုင်ချေအမြင့်ဆုံး ဖြစ်ပါတယ်။
●  WHO က ထုတ်ပြန်ချက်အရ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါအခံရှိသူများဟာ သေဆုံးနိုင်ချေ မြင့်မားပါတယ်။
●  အခြေခံအားဖြင့် ငယ်ရွယ်သူများ၊ ကျန်းမာရေးကောင်းသူများနဲ့ ကိုယ်ခံအားကောင်းမွန်သူများမှာ ပြန်လည်သက်သာဖို့ ပိုမိုမြန်ဆန်ပါတယ်။
●  ဒါကြောင့်မို့ မိမိအိမ်မှာသာ နေပါ။ ကိုယ်ခံအားကောင်းစေဖို့ ကစီဓာတ်၊ အသားဓာတ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို မျှတအောင် နေ့စဉ် စားသုံးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။ ဗီတာမင်စီဆေးပြားများကိုလည်း မှီဝဲကြခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်ပြီး Covid-19 ကို တိုက်ထုတ်နိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)