/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုရိုနာဗိုင်းရပ်စ်အတွက်-ကာကွယ်ဆေးကို-လူတွင်-စတင်စမ်းသပ်

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို လူတွင် စတင်စမ်းသပ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လတ်တလော ကမ္ဘာအနှံ့ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတွက် ကာကွယ်ဆေးကို အမေရိကန်နိုင်ငံတွင် လူသား စေတနာ့ဝန်ထမ်းများတွင် စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။
(၁၆.၃.၂၀၂၀) ရက်နေ့တွင် အမေရိကန် သုတေသီများက ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဆေး စမ်းသပ်မှုတွင် စေတနာ့ဝန်ထမ်းလူသားကို ပထမဆုံးအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ Kaiser Permanente Washington သုတေသနဌာနမှ ပညာရှင်များက Covid-19 ကာကွယ်ဆေး ဖြစ်နိုင်ချေရှိသော ပထမအဆင့်ကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
“ ဒီလို အရေးပေါ်အခြေအနေမှာ ကျွန်တော်တို့ တတ်နိုင်တာ လုပ်ပေးကြတာ ဖြစ်ပါတယ် “ လို့ သုတေသန ခေါင်းဆောင်က ဆိုပါတယ်။
လေ့လာမှုတွင် ပထမဆုံးပါဝင်သူ နည်းပညာကုမ္ပဏီတစ်ခုမှ မန်နေဂျာကို ဆေးထိုးပေးခဲ့တာဖြစ်ပြီး သူ့နောက်မှာတော့ စေတနာ့ဝန်ထမ်း ၄၅ ဦးကို ကာကွယ်ဆေး နှစ်ကြိမ်စီ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ယခုစမ်းသပ်မှု အောင်မြင်ရင်တောင်မှ တကယ်အသုံးပြုနိုင်တဲ့ အဆင့်ရောက်အောင် နောက်ထပ် ၁၂ လ မှ ၁၈ လ အထိ စောင့်ရဦးမယ်လို့ ဆိုပါတယ်။
(COVID-19) အတွက် ကာကွယ်ဆေးက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ပညာရှင် အသီးသီးက အသုံးဝင်မယ့် ကာကွယ်ဆေးတွေကို စမ်းသပ်ဖော်ထုတ်နေကြပါတယ်။
အာနိသင်ပြည့်ဝပြီး လူကို အန္တရာယ်မဖြစ်စေမယ့် ကာကွယ်ဆေးကို အသုံးပြုနိုင်တဲ့ အဆင့်ထိရောက်အောင်တော့ အချိန်တစ်ခုအထိ စောင့်ရဦးမှာ ဖြစ်ပါတယ်။

Dr. Zero (www.drmyanmar.com)