/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုရိုနာဗိုင်းရပ်စ်-ကာကွယ်ဆေးကို-ခြေရာကောက်ကြည့်ရအောင်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ခြေရာကောက်ကြည့်ရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ရဲ့ ရိုက်ခတ်မှုကတော့ ကမ္ဘာအနှံ့မှာ ဆိုးရွားနေတုန်းဖြစ်တဲ့အတွက် ဒီကပ်ရောဂါကနေ ကယ်တင်ပေးနိုင်မယ့် ကာကွယ်ဆေးကို အားလုံးက မျှော်လင့်နေကြပါတယ်။

>> လက်ရှိ စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို လေ့လာကြည့်တဲ့အခါမှာတော့ -
●  အဆင့် ၁ - စိတ်ချလုံခြုံရမှု ရှိ၊ မရှိနဲ့ ဆေးပမာဏကို စစ်ဆေးနေတဲ့ ကာကွယ်ဆေး ၂၅ မျိုး
●  အဆင့် ၂ - ပိုမိုစိတ်ချလုံခြုံမှု ရှိ၊ မရှိ ထပ်မံစစ်ဆေးနေတဲ့ ကာကွယ်ဆေး ၁၄ မျိုး
●  အဆင့် ၃ - အကျိုးရှိ၊ မရှိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေတဲ့ ကာကွယ်ဆေး ၉ မျိုး
●  ကန့်သတ် - အကန့်အသတ်နဲ့ အသုံးပြုဖို့ထုတ်ထားတဲ့ဆေး ၃ မျိုး
●  လက်ခံထားပြီး - ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ လက်ခံထုတ်လုပ်ထားတဲ့ဆေး မရှိသေးတာကို တွေ့ရပါတယ်။

ကာကွယ်ဆေးဆိုတာ နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ပြီးမှ ဈေးကွက်ထဲကို ထုတ်လုပ်ရတဲ့ဆေးမျိုးပါ။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ နောင်နှစ်လောက်မှာ စိတ်ချလုံခြုံပြီး တကယ်အသုံးဝင်တဲ့ ကိုရိုနာကာကွယ်ဆေးကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ လေ့လာသူတွေဟာ ကာကွယ်ဆေး ၃၈ မျိုးကို လူတွေမှာ စမ်းသပ်လျက်ရှိပြီး အနည်းဆုံး ၉၃ မျိုးလောက်ဟာလည်း တိရစ္ဆာန်တွေနဲ့ စမ်းသပ်လျက်ရှိပါတယ်။
ဇန်နဝါရီလမှာ စတင်ကာ SARS-CoV2-genome ကို ကာကွယ်မယ့် ကာကွယ်ဆေးဖော်ထုတ်ရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။ လူတွေမှာ ပထမဆုံးစမ်းသပ်မှုကို မတ်လမှာ စတင်ခဲ့ပေမယ့် အခုထိတော့ မသေချာမရေရာတဲ့လမ်းပဲ ရှိပါသေးတယ်။ တချို့စမ်းသပ်မှုတွေကျ အရှုံးနဲ့ရင်ဆိုင်ရနိုင်ပြီး တချို့စမ်းသပ်မှုတွေကလည်း ဘာအဖြေမှ ရေရေရာရာမရဘဲ အဆုံးသတ်နိုင်ပါတယ်။ ဒါပေမယ့် အနည်းအကျဉ်းလောက်မှာတော့ ခုခံအားစနစ်က ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်မယ့် အင်တီဘော်ဒီ ခုခံအားပေါ်လာနိုင်ပါတယ်။

>>  ကာကွယ်ဆေး စမ်းသပ်မှုဖြစ်စဉ်များကို လေ့လာကြည့်တဲ့အခါ -
●  အကြိုစမ်းသပ်မှု : သိပ္ပံပညာရှင်တွေဟာ ကာကွယ်ဆေးအသစ်ကို ဆဲလ်တွေမှာ စမ်းသပ်ပြီးနောက် ကြွက်တို့၊ မျောက်တို့လို တိရစ္ဆာန်တွေနဲ့ စမ်းသပ်ပါတယ်။ ဒီလိုစမ်းသပ်နေတာ ကာကွယ်ဆေး ၉၃ မျိုး ရှိပါတယ်။
●  အဆင့် ၁။ စိတ်ချလုံခြုံမှုကို စမ်းသပ်မှု : ဒီအဆင့်မှာတော့ လူအနည်းငယ်ကို ပေးကြည့်ပြီးတော့ ဆေးရဲ့စိတ်ချရမှုနဲ့ ဆေးပမာဏကို စမ်းသပ်ပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကို လှုံ့ဆော်မှု ရှိ၊ မရှိကိုပါ ကြည့်ပါတယ်။
●  အဆင့် ၂။ အကျယ်တဝင့် စမ်းသပ်မှု : သိပ္ပံပညာရှင်တွေဟာ လူကြီး၊ ကလေး စသဖြင့် လူပေါင်းရာနဲ့ချီကို အုပ်စုခွဲပေးပြီး တုံ့ပြန်မှုကွာခြားမှု ရှိ၊ မရှိကို စမ်းသပ်ပါတယ်။ ဒီအဆင့်မှာလည်း ဆေးရဲ့စိတ်ချရမှုနဲ့ ခုခံအားစနစ်ကို တုံ့ပြန်မှု ရှိ၊ မရှိကိုပါ ကြည့်ပါတယ်။
●  အဆင့် ၃။ အသုံးဝင်မှုစမ်းသပ်မှု : လူထောင်ပေါင်းများစွာကို ဆေးပေးပြီးတော့ ဘာအာနိသင်မှမရှိတဲ့ ဆေးပေးထားတဲ့အုပ်စုနဲ့ယှဉ်ပြီး ဘယ်အုပ်စုက ကူးစက်ခံရတယ်ဆိုတာကို စောင့်ကြည့်ပါတယ်။ ဒီလေ့လာမှုဟာ ဗိုင်းရပ်စ်ကို တကယ်ကာကွယ်နိုင်၊ မနိုင်ကို စမ်းသပ်ပါတယ်။ ဇွန်လမှာ ဆေးဝါးနဲ့အစားအသောက်ကွပ်ကဲရေးဌာနက ကာကွယ်ဆေးဟာ အာနိသင်ရှိတယ်ယူဆဖို့ အနည်းဆုံး ၅၀% လောက်ကို ကာကွယ်ပေးမှဖြစ်မှာပါလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အဆင့် ၃ လေ့လာမှုဟာ ကျယ်ပြန့်တာမို့ အရင်လေ့လာမှုတွေမှာ မတွေ့ခဲ့တဲ့ ရှားပါးတဲ့နောက်ဆက်တွဲတွေကိုပါ တွေ့နိုင်ပါတယ်။

>>  အစောပိုင်း ကန့်သတ်ထုတ်ခြင်း
●  လက်ခံခြင်း : တရုတ်နဲ့ရုရှားတို့မှာတော့ အဆင့် ၃ စမ်းသပ်မှုအဖြေကို မစောင့်ဘဲ ကာကွယ်ဆေးတွေကို လက်ခံထုတ်ဝေလိုက်ပါပြီ။ ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီလိုအဆောတလျင်လုပ်တာဟာ နောက်ဆက်တွဲတွေ အများကြီးရှိနိုင်တယ်လို့ ဆိုပါတယ်။
●  လက်ခံခြင်း : နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာတွေက လေ့လာမှုအဖြေတွေကိုကြည့်ပြီး ဆေးကို လက်ခံ၊ မခံ ဆုံးဖြတ်ကြပါတယ်။ ကပ်ရောဂါမျိုးမှာတော့ ကာကွယ်ဆေးဟာ တရားဝင် ထုတ်ပြန်ခွင့်မရခင်ကတည်းက အရေးပေါ်သုံးခွင့် အမိန့်ရပါတယ်။ ကာကွယ်ဆေးဟာ လိုင်စင်ရပြီဆိုရင်တောင် လေ့လာသူတွေဟာ ထိုးသူတွေကို နောက်ဆက်တွဲတွေ ရှိ/မရှိ၊ အကျိုး ရှိ/မရှိကို ဆက်လက်စောင့်ကြည့်ပါတယ်။
●  ပေါင်းစပ်အဆင့် : ကာကွယ်ဆေး အမြန်ထွက်ပေါ်လာဖို့ တစ်ခုသောနည်းကတော့ အဆင့်တွေကို ပေါင်းစပ်လိုက်ဖို့ပါ။ တချို့ကိုရိုနာကာကွယ်ဆေးတွေဟာ အဆင့် ၁/၂ အဆင့်မှာ ရှိနေပါပြီ။ ဆိုလိုတာက ရာပေါင်းများစွာသောလူတွေမှာ ပထမဆုံး တစ်ပြိုင်နက် စမ်းသပ်တာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)