/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းကျန်းမာမာ-စမတ်ကျကျလှပစေဖို့

ကျန်းကျန်းမာမာ စမတ်ကျကျလှပစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. သန်မာတဲ့အရိုးတွေကိုတည်ဆောက်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက ဘဝတစ်လျှောက်လုံးမှာ သန်မာတဲ့အရိုးတွေကိုရရှိစေမှာပါ။ ဖွံ့ဖြိုးနေတဲ့အရိုးတွေအတွက်လိုအပ်တဲ့ ဗီတာမင် D နဲ့ကယ်ဆီယမ်ရစေဖို့ နံနက်ခင်း နေရောင်ခြည်ခံပါ၊ အဆီထုတ်ထားတဲ့ (သို့) အဆီနည်းတဲ့ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်တွေကိုသောက်ပါ။ ပြေးခြင်း၊ စကိတ်စီးခြင်းလိုမျိုးလေ့ကျင့်ခန်းတွေကို တစ်ပတ် သုံးကြိမ်လောက်လုပ်ပေးပါ။

 

2.အချိုတွေကိုရှောင်ပါ။

သကြားပါတဲ့အချိုရည်တွေကိုရှောင်ပါ။ ရေငတ်လာရင် ရေပဲသောက်ပါ။ ရေကိုပဲသောက်ပေးပြီးတော့ကိတ်မုန့်၊ သကြားလုံး၊နဲ့ အချိုတွေရှောင်တာက ခန္ဓာကိုယ်ကိုသွယ်လျလှပစေပါလိမ့်မယ်။

 

3.ဆန်လုံးညို၊ ပေါင်မုန့်ညိုတွေစားပါ။

အာဟာရပြည့်ဝတဲ့ Whole grain အစားအစာတွေဖြစ်တဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုတွေစားပါ။

 

4.အရောင်စုံတဲ့ဟင်းသီးဟင်းရွက်တွေစားပါ။

ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ပဲစတဲ့ အရောင်စုံတဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာစေဖို့အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

 

5.သံဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုစားပါ။

အသား၊ ဥ၊ ပဲ၊ ဟင်းနုနွယ်၊ ကညွတ် အစရှိတဲ့အစားအစာတွေမှာ သံဓာတ်ပါတတ်ပါတယ်။

 

6.နေ့စဉ် အစာအုပ်စုသုံးစုလုံးပါဝင်အောင်စားပေးပါ။

အစာအုပ်စုကြီး ၃ ခုကတော့

1.အင်အားဖြစ်စေသော အစာများ (ဥပမာ- ဆန်၊ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ပိန်းဥ၊…)

2.ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများ (ဥပမာ-အသား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊…)

3.ရောဂါကာကွယ်စေသော အစာများ (ဥပမာ - ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ၊…)တို့ဖြစ်ပါတယ်။

 

7.စိတ်ဖိစီးမှုများကို လျှော့ချပြီးတက်တက်ကြွကြွနေပါ။

စိတ်ဖိစီးမှုလျှော့ပြီး တက်တက်ကြွကြွနေတာက လူတိုင်းကို နေလို့ကောင်းစေပါတယ်။ ဒါကြောင့် ဗီတာမင် B နဲ့ ဗီတာမင် C ကြွယ်၀တဲ့ အစားအသောက်တွေ၊ အသီးအနှံတွေကို နေ့တိုင်း စားပေးပါ။ ဒါမှမဟုတ် ဗီတာမင် B နဲ့ ဗီတာမင် C ပါ၀င်တဲ့ အားဆေးတစ်မျိုးမျိုးကိုလည်း သောက်ပေးလို့ရပါတယ်။

စားတာ သောက်တာအပြင် တစ်နေ့ကို မိနစ် ၃၀ ကနေ ၆၀ လောက် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးပါ။ အငြိမ်မနေဘဲ ခန္ဓာကိုယ်ကို မကြာခဏလှုပ်ရှားပေးပါ။ ကခြင်း၊ လှုပ်ရှားရတဲ့ ဂိမ်းဆော့ခြင်း၊ သူငယ်ချင်းတွေနဲ့ ကျောင်းကိုလမ်းလျှောက်သွားခြင်း၊ ရေကူခြင်း၊ စက်ဘီးစီးခြင်းစသည်ဖြင့် လှုပ်ရှားမှုတွေလုပ်ပါ။ လက်နဲ့ခြေထောက်က ကြွက်သားတွေကိုသန်မာစေမယ့် လေ့ကျင့်ခန်းလည်းလုပ်ပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)



 



 



 



 



 




2.ခန်ဓာကိုယျကွီးထှားဖှံ့ဖွိုးစသေော အစာမြား (ဥပမာ-အသား၊ ငါး၊ နို့၊ ပဲအမြိုးမြိုး၊ ဥအမြိုးမြိုး၊…)


 




Dr. Mya Myo Myo Swe (www.drmyanmar.com)