/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေးနဲ့ညီညွတ်စေဖို့-အိမ်မှာချက်ပြုတ်စားသောက်ကြစို့

ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အိမ်မှာချက်ပြုတ်စားသောက်ကြစို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        Johns Hopkins Bloormberg ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်းမှ ထုတ်ပြန်ချက်အရ အိမ်မှာချက်ပြုတ်စားသောက်ခြင်းက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်စေတယ်လို့ သိရပါတယ်။ အိမ်မှာချက်ပြုတ်စားသောက်ခြင်းအားဖြင့် ကာဗိုဟိုက်ဒရိတ်၊ သကြားနှင့် အဆီတို့ကို လိုအပ်တာထက်ပိုပြီး မစားမိတော့ပါဘူး။ အပြင်မှာထွက်စားတဲ့သူတွေဟာ ကယ်လိုရီပါ၀င်မှုများပြားတဲ့ အသင့်စားအစားအစာများကို စားသုံးမိတာကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးများကို ခံစားရတယ်လို့သိရပါတယ်။ သုတေသီများက အသက် 20 အရွယ်နှင့် အထက်လူပေါင်း 9000 ကျော်ပါ၀င်သော လေ့လာမှု တစ်ခုပြုလုပ်ခဲ့ရာ 48% သည် တစ်ပတ်လျှင် ပျမ်းမျှအားဖြင့် 6 ကြိမ်လောက် အိမ်မှာချက်ပြုတ်စားသောက်လေ့ ရှိပြီး တစ်နေ့လျှင် ကယ်လိုရီ 2164 Kcal၊ အဆီ 81 ဂရမ်၊ သကြား 119 ဂရမ်လောက်စားသုံးဖြစ်ပြီး 8% ကတော့ တစ်ပတ်လျှင် တစ်ကြိမ်လောက်အိမ်မှာ ချက်ပြုတ်စားသောက်ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ကယ်လိုရီ 2301 Kcal၊ အဆီ 84 ဂရမ် နှင့် သကြား 135 ဂရမ်လောက် စားသုံးဖြစ်တာကို တွေ့ရပါတယ်။ ယခုအခါ လူအတော်များများသည် စီးပွားရေးကိစ္စများဖြင့် လုံးပန်းနေရသဖြင့် အချိန်ပေးပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် မချက်ပြုတ်လို့ ၀ယ်စားမယ်ဆိုရင်လည်း အဆီပါ၀င်မှုနှုန်းနှင့် ကယ်လိုရီပါ၀င်မှုနှုန်းထားများကို သေချာစွာလေ့လာသင့်တယ်လို့ သုတေသီများက အကြံပြုထားပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)