ကျန်းမာရေးအတွက် နမ်းပါ
ချစ်သူအား 10 စက္ကန့်လောက် နမ်းခြင်းဟာ စိတ်ပျော်ရွှင်မှုကို ခံစားရရုံမျှမက ကိုယ်ခံစွမ်းအားစနစ်ကိုပါ ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ လူသားတို့၏ ခန္ဓာကိုယ်တွင် အကျိုးပြုဘက်တီးရီးယားများစွာရှိနေပြီး လူတစ်ဦးဆီမှာရှိတဲ့ သဘာ၀ကိုယ်ခံစွမ်းအားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ “10 စက္ကန့်လောက် အနမ်းခြင်းဖလှယ်ရုံနဲ့ ဘက်တီးရီးယားပိုးမွှား သန်း 80 လောက်ကူးစက်စေတယ်” လို့ ဒတ်ချ်လူမျိုး ဇီ၀ဗေဒပညာရှင်ကဆိုပါတယ်။ နယ်လ်သာလန် အခြေစိုက်လက်တွေ့အသုံးချ သိပ္ပံနည်းကျသုတေသနဆိုင်ရာ အဖွဲ့အစည်းက စုံတွဲ 21 တွဲကို လေ့လာခဲ့ရာမှ အနမ်းချင်းဖလှယ်တာကြောင့် ဘက်တီးရီးယားပိုးမွှားများဟာ တံတွေးမှတဆင့် တစ်ဦးမှ တဦးဆီသို့ ရောက်ရှိသွားပြီး လူတစ်ယောက်ချင်းဆီမှာရှိတဲ့ ကိုယ်ခံစွမ်းအားတွေဟာ တံတွေးမှတဆင့် ပေါင်းစပ်ပြီးသား ဖြစ်သွားကြောင်းတွေ့ရှိ ခဲ့ရပါတယ်။ တနည်းအားဖြင့် ကိုယ်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှုစွမ်းအားတွေရောက်ရှိလာတာကြောင့် တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
Dr. Htet Htet Aung















