ကျန်းမာရေးအတွက် အထောက်အကူပြုသော အမြစ်များ
ဟင်းသီးဟင်းရွက်တွေထဲမှာ အမြစ်လို့ဆိုလိုက်တာနဲ့ တော်တော်များများက အာလူး၊ မုန်လာဥနီနဲ့ ကြက်သွန်တွေလို့ ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ သူတို့ဟာ အမြစ်အစစ်တွေမဟုတ်ပါဘူး။ လူတွေကိုထင်ယောင်ထင်မှားဖြစ်စေရုံသက်သက်ပဲ ဖြစ်ပါတယ်။ တကယ့်အမြစ်အစစ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်နိုင်ပြီး စွပ်ပြုတ်လုပ်တဲ့အချိန်မှာထည့်သွင်းအသုံးပြုခြင်းဖြင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုနိုင်ပါတယ်။
ပုံမှန်စားနေကျအမြစ်တွေ အစားအသစ်အဆန်းတစ်ခုခုကို မြည်းစမ်းချင်တယ်ဆိုပါက ကျန်းမာရေးအတွက်ကောင်းတဲ့ အမြစ်များကို စားသုံးသင့်ပါတယ်။
ဥနီ
များသောအားဖြင့် ကုန်ခြောက်ဆိုင်တွေမှာ မျက်စိလျှမ်းပြီးကျော်သွားတတ်တဲ့ အမြစ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဥနီတွေဟာ အမှန်တကယ်ကို အာဟာရပြည့်ဝပြီး 100 ဂရမ်စားသုံးပါမှ 43 ကယ်လိုရီသာတက်နေနိုင်ပါတယ်။ ပိုတက်စီယမ်၊ အသားဓာတ်နှင့် ဗီတာမင် A, C, D နဲ့ B12 တို့ပါဝင်တဲ့အပြင် နေ့စဉ်လိုအပ်တဲ့သံဓာတ် 5% နဲ့ မဂ္ဂနီဆီယမ် 5% တို့ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
မုန့်ညင်း
ထိုင်ဝမ်မုန့်ညင်းဟုလူသိများပြီး အခြားဟင်းသီးဟင်းရွက်တွေနဲ့မတူတာကတော့ မုန့်ညင်းတွေမှာပါတဲ့ အာဟာရဓာတ်တွေအားလုံးနီးပါးကို ခန္ဓာကိုယ်ကစုတ်ယူနိုင်ခြင်းပဲဖြစ်ပါတယ်။ ထို့ပြင် အမျှင်ဓာတ်၊ ဗီတာမင် E နှင့် A တို့ပါဝင်ခြင်းကြောင့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့နည်းစေနိုင်ပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥတွေကို ပိတ်ရက်တွေမှာဖြစ်ဖြစ်၊ အခါကြီးရက်ကြီးတွေမှာဖြစ်ဖြစ် စားတဲ့အလေ့အထရှိကြပေမဲ့လည်း ပုံမှန်စားသုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တခြားအာလူးအမျိုးအစားများနဲ့ယှဉ်ရင် ကန်စွန်းဥဟာ အာဟာရပိုကြွယ်ဝတဲ့အပြင် အရသာလည်းပိုကောင်းပါတယ်။ ဗီတာမင် B၊ E နဲ့ B6၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝတဲ့အပြင် ကင်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ ပေါင်း၍သော် လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း နှစ်သက်သလိုစီမံ၍ စားသုံးနိုင်ပါတယ်။
ဂျင်း
လူတော်တော်များများဟာ ဂျင်းဆိုတာအမြစ်ဆိုတာမသိကြပေမယ့်လည်း ဟင်းခတ်အမွှေးအကြိုင် အနေနဲ့သော်လည်းကောင်း၊ လက်ဖက်ရည်အနေနဲ့သော်လည်းကောင်း အသုံးပြုကြပါတယ်။ ဂျင်းရဲ့အသုံးဝင်ပုံတွေကတော့ ပျို့အန်ခြင်းကိုသက်သာစေခြင်း၊ အရောင်ကျစေခြင်းနဲ့ သွေးလည်ပတ်မှု စနစ်ကို ကောင်းမွန်စေခြင်းတို့ပဲဖြစ်ပါတယ်။
ပိန်းဥ
လူအများစုဟာ ပိန်းဥကို ကန်စွန်းဥနဲ့ မှားယွင်းတတ်ကြပေမယ့် တကယ်တော့ အရသာအရရော ပုံသဏ္႑ာန်အရရော နည်းနည်းမျှသက်ဆိုင်ခြင်းမရှိပါ။ ပိန်းဥမှာလည်း ဗီတာမင် B6၊ အမျှင်ဓာတ်နဲ့ ပိုက်တက်စီယမ်တတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အလွန်ပင်သင့်တော်ပါတယ်။ ပိန်းဥကိုခေါက်ဆွဲနဲ့ပြုတ်၍သော်လည်းကောင်း၊ အပေါင်းထဲတွင်ထည့်၍သော်လည်းကောင်း စားသုံးနိုင်ပါတယ်။
စိမ်းစားဥ
မုန်လာဥနီနဲ့ မျိုးနွယ်ဝင် တစ်ခုထဲဖြစ်ပြီး မုန်လာဥနီကိုကြိုက်နှစ်သက်ပါက စိမ်းစားဥကိုလည်းကြိုက်ပါလိမ့်မယ်။ စိမ်းစားဥနဲ့ မုန်လာဥနီတွင်ပါဝင်တဲ့ အာဟာရဓာတ်မှာအတူတူပင်ဖြစ်တာကြောင့် မုန်လာဥနီအစား စိမ်းစားဥကိုလည်း စားသုံးပေးနိုင်ပါတယ်။ စိမ်းစားဥဟာ အရသာအလွန်ရှိတဲ့အပြင် ပိုတက်စီယမ်၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ထို့ပြင် စိမ်းစားဥမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ မုန်လာဥနီစုတ်ယူရ ပိုမိုလွယ်ကူစေတဲ့အပြင် ဆီးချိုရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ကျောက်ဖရုံသီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်တဲ့အပြင် အမြစ်အာရုံကိုကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ပုံမှန်စားသုံးပေးသင့်ပါတယ်။ စေးကပ်ကပ်အရာသာရှိ၍ ကစီဓာတ်အမြောက်အမြားပါဝင်တဲ့အပြင် ဟင်းရည်အဖြစ်ပြုတ်သောက်ပါက အလွန်ပင်ခံတွင်းလိုက်စေနိုင်ပါတယ်။
ကြက်သွန်ဖြူ
ဟင်းလျားများချက်ပြုတ်ရာတွင် မရှိမဖြစ်လိုအပ်သောဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုနိုင်တဲ့ အမြစ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ် များ၊ နှလုံးကျန်းမာရေးနှင့် ဗိုင်းရပ်စ်ပိုးများကို ကာကွယ်ပေးနိုင်ရုံသာမက စိတ်ဖိစီးမှုကိုလျော့ကျစေခြင်းနှင့် ရောင်ရမ်း မှုကို သက်သာစေနိုင်သော အစွမ်းသတ္တိများလည်း ပိုင်ဆိုင်ပါတယ်။ ထို့ပြင် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် စားသင့်သည့် ဟင်းသီးဟင်းရွက်ငါးမျိုးထဲတွင် ကြက်သွန်ဖြူသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာကတော့ ကြက်သွန်ဖြူစားပြီးလျှင် မိမိချစ်သူကို မနမ်းမိပါစေနှင့်။
မုန်လာဥဖြူ
မုန်လာဥဖြူစားသုံးပြီးနောက် အချိန်အတော်ကြာတဲ့အထိ ဗိုက်မဆာတာကြောင့် ကိုယ်အလေးချိန်လျှော့ချ လိုသူတွေအတွက် အလွန်ပင်သင့်တော်ပါတယ်။ တစ်ပွဲစားလျှင် ကယ်လိုရီ 20 ပါဝင်တဲ့အပြင် အခြားအာဟာရဓာတ် များဖြစ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် C နဲ့ ပိုတက်စီယမ်တို့လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ထို့ပြင် ကြက်သွန်ဖြူဟာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ အဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း၊ ကျောက်ကပ်ကို သန့်စင်စေခြင်း စတဲ့အစွမ်းသတ္တိများလည်းပိုင်ဆိုင်ပါတယ်။
Dr.Thinzar Wynn















