/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်ကျောက်တည်ခြင်းကို-ဘယ်လိုကာကွယ်မလဲ

ကျောက်ကပ်ကျောက်တည်ခြင်းကို ဘယ်လိုကာကွယ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျောက်ကပ်ကျောက်တည်ခြင်းဟာ အဖြစ်များသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး စောစီးစွာ မကုသဘူးဆိုပါက နောက်ဆက်တွဲဆိုးကျိုးများစွာနှင့် ရင်ဆိုင်ရဖွယ်ရှိပါတယ်။
ဆီးထဲတွင်ရှိသော သတ္တုဓာတ်အနည်များနှင့် ဆားဓာတ်များ စုစည်းပေါင်းစပ်ရာကနေ ကျောက်တည်ခြင်း ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါတယ်။ သင့်အနေနှင့် ဆီးထဲတွင် ကျောက်ကျလာချိန်မှ ဆရာဝန်နှင့် ပြသတိုင်ပင်မိပြီး ကျောက်တည်ကြောင်း သိရှိနေတတ်ပါတယ်။

>>  ဖြစ်စေသောအကြောင်းရင်းများ
(၁)  ဆီးထဲတွင် ကယ်လ်စီယမ်၊ အောက်ဇလိတ်၊ ယူရစ်အက်ဆစ်များ စုပုံနေခြင်း
(၂)  ဆီးထဲရှိ pH ပမာဏကျနေခြင်း
(၃)  ဆီးကျောက်များမဖြစ်အောင် တားဆီးပေးမယ့်ဓာတ်များ နည်းနေခြင်း
(၄)  ဆီးတွင်အက်ဆစ်များနေခြင်း သို့မဟုတ် နာတာရှည်ဆီးလမ်းကြောင်းပိုးဝင်ခြင်း
(၅)  ရေဓာတ်အလွန်နည်းပါးခြင်း

>>  ဆီးကျောက်အမျိုးအစားများကတော့ -
(၁)  ကယ်လ်စီယမ်ကျောက်
(၂)  ယူရစ်အက်ဆစ်ကျောက်
(၃)  ဆီးပိုးဝင်ခြင်းကြောင့်ဖြစ်သော ကယ်လ်စီယမ်အမိုနီယမ်ကျောက်
(၄)  Cystine ကျောက်

>>  ကျောက်ကပ်ကျောက်တည်ခြင်းမဖြစ်အောင် ဒါတွေ ရှောင်ပါ
●  ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝခြင်းဖြင့် ဆီးများများသွားစေပြီး ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
●  အသား၊ ကာဗိုဟိုက်ဒရိတ်နှင့် ဆားပါဝင်မှုနည်းသော စားသောက်မှုပုံစံကို ကျင့်သုံးပါ။ နွားနို့ အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။
●  ကိုယ်အလေးချိန် ထိန်းသိမ်းပါ။ အဝလွန်သူနေပါက ကိုယ်အလေးချိန် လျှော့ချပါ။
●  ဆိုးဆေးနှင့် ကြာရှည်ခံစေသော ဓာတုပစ္စည်းများပါသော အစားအသောက်များကို ရှောင်ကြဉ်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)