ကျောရိုးဆစ်အတွက် အကောင်းဆုံး လေ့ကျင့်ခန်း
ကျောရိုးဆစ်ဆိုတာ ခန္ဓာကိုယ်ရဲ့အလယ်ဗဟိုချက်မ၊ ကိုယ်ခန္ဓာကို တည့်မတ်ပေးထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ကျောရိုးဆစ်က တည့်မတ်နေဖို့ အရေးကြီးပါတယ်။ အခုနောက်ပိုင်းမှာ ခါးနာတာဟာ တစ်ကမ္ဘာလုံးမှာ အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ လေ့လာမှုတွေအရ အရွယ်ရောက်ပြီးသူတွေရဲ့ ၇ဝ% လောက်ဟာ ခါးနာခြင်းဝေဒနာကို ခံစားနေရပါသတဲ့။ နာရီပေါင်းများစွာ တစ်ပုံစံတည်း ထိုင်နေလို့သော်လည်းကောင်း၊ ပုံသဏ္ဌာန်မမှန်ဘဲ ထိုင်နေလို့သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ခါးကြီးကုန်းပြီး ပခုံးကြီးကျုံ့ထားတာဟာ ခါးရိုးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် နေပုံထိုင်ပုံ ကိုယ်ဟန်မှန်ဖို့ အရေးကြီးပါတယ်။ နောက်ထပ်လုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုက ဘားဆွဲပါ။
>> ဘာလုပ်ရမလဲ?
ဘားတိုင်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ကိုယ်ခန္ဓာကို အပေါ်ကို ဆွဲတင်ပါ။ ကိုယ်ကြိုက်တဲ့အချိန်မှာ လုပ်နိုင်ပါတယ်။ သစ်ပင်မှာပဲဖြစ်ဖြစ်၊ ဘားတန်းမှာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
>> ကျန်းမာရေး အကျိုးကျေးဇူး
ဒီလို ကိုယ်ခန္ဓာတစ်ခုလုံးကို ဆွဲတင်လိုက်တဲ့အခါ ကျောရိုးဆစ်ကဆန့်တန်းသွားပြီး ဆုပ်ကိုင်အားကောင်းကာ ပခုံးကြွက်သားတွေကိုပါ သန်မာလာစေပါတယ်။ စားပွဲမှာထိုင်ပြီး အလုပ်လုပ်သူတွေနဲ့ ခါးနာနေသူတွေမှာ အကျိုးရှိပါတယ်။ စက္ကန့် ၃ဝ ကနေ ၁ မိနစ်လောက်အထိ စလုပ်ကြည့်ပေးပါ။
>> ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းပါ။
● ဘားတန်းကို လက်နဲ့လှမ်းကိုင်ဖို့ ခုံဖြစ်ဖြစ်၊ လှေကားဖြစ်ဖြစ် အသုံးပြုပါ။ ခုန်ပြီးလှမ်းကိုင်လည်း ရပါတယ်။
● ဘားတန်းကို ဆုပ်ကိုင်ထားပါ။ လက်တွေဟာ ပခုံးအကျယ်အတိုင်း ရှိနေရပါမယ်။
● ခုံနဲ့ရပ်နေရင် ခုံကို ဖယ်လိုက်ပါ။ လက်မောင်းက တစ်ကိုယ်လုံးရဲ့ အလေးကို မထားပါ။
● လက်မောင်းတွေကို ဆန့်တန်းထားပြီး ခန္ဓာကိုယ်ကို ပြေလျော့ထားပါ။
● ၁ဝ စက္ကန့်လောက်ခ ိုပြီးနောက် ခုံပေါ်ပြန်ရပ်လိုက်ပြီး လက်မောင်းတွေကို ပြန်လည်ဖြေလျော့လိုက်ပါ။
>> နောက်ဆုံးအနေနဲ့ -
ပခုံးတို့၊ ကျောရိုးဆစ်တို့ ထိခိုက်ဒဏ်ရာရနေရင် ဒီလေ့ကျင့်ခန်းကို မလုပ်ပါနဲ့။ အဆစ်အမြစ်တွေ၊ ကြွက်သားတွေကို ပိုမိုနာကျင်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက်လည်း မသင့်တော်ပါဘူးနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















