/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြက်သွန်ဖြူ၊-ကြက်သွန်နီစားပြီး-ခံတွင်းမနံစေဖို့

ကြက်သွန်ဖြူ၊ ကြက်သွန်နီစားပြီး ခံတွင်းမနံစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကြက်သွန်ဖြူ၊ ကြက်သွန်နီစားပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာရနိုင်တာကိုသိကြတယ်။ တချို့တွေဆိုအစိမ်းလိုက် တို့စားရတာ၊  အသုပ်မှာထည့်ပြီးသုတ်စားရတာကို အရသာတွေ့ပေမယ့်လည်း  ကြက်သွန်ဖြူ၊ ကြက်သွန်နီရဲ့စူးရှပြင်းပြတဲ့အနံ့ကြောင့်  စားဖို့တွန့်ဆုတ်နေကြသလို အသုပ်ထဲမှာပါလာတဲ့  ကြက်သွန်ဖြူ၊ နီဖတ်လေးတွေကို ဖယ်စားတတ်ကြပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီစားရတာ ကြိုက်လွန်းသူတွေအနေနဲ့ကတော့ ခံတွင်းအနံ့စူးစူးထွက်မှာကိုမမှုဘဲ စားတတ်ကြပါတယ်။ ဒါကြောင့်  ကျန်းမာရေးကောင်းကျိုးအတွက် ရည်ရွယ်ပြီးစားလိုသူတွေသာမက ကြိုက်လွန်းလို့စားသူတွေအတွက်ပါ ကြက်သွန်ဖြူ၊ နီစားပြီးနောက် ပါးစပ်မှာစွဲကျန်ခဲ့တဲ့ အနံ့စူးစူးကိုပျောက်သွားအောင်လုပ်လို့ရတဲ့နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။  

1. ကြက်သွန်ဖြူ၊ ကြက်သွန်နီစားပြီးနောက် သွားတိုက်ပါ။ သွားတိုက်ခြင်းကြောင့် သွားမှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားပိုးတွေကိုသေစေပြီး ခံတွင်းကိုသန့်စင်စေပါတယ်။  

2. ပူရှိန်းပါတဲ့   ပီကေဝါးပါ။    ဒါ့အပြင် နံနံပင်ရွက်၊ ပူဒီနာရွက် ဝါးစားလို့ရသလို Mint Tea သောက်ပေးပါကလည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီစားခြင်းကြောင့်ထွက်လာတဲ့ စူးရှအနံ့ကိုလျော့ပါးစေပါတယ်။  

3. ရှောက်သီး၊ မုန်လာဥနီ၊ မှိုကိုစားပေးခြင်းဖြင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီစားပြီးနောက် ထွက်လာတဲ့အနံ့စူးစူးကိုအားပျော့သွားစေပါတယ်။ 

4. လက်ဖက်စိ်မ်းလက်ဖက်ရည်၊ ရှောက်ရည်၊ သံပရာရည် သောက်ပေးပါကလည်း ကြက်သွန်ဖြူ၊ နီစားပြီးတဲ့အခါ ထွက်လာတဲ့အနံ့ဆိုး ဒြပ်ပေါင်းကိုဓာတ်ပြယ်စေပါတယ်။ 

5. မုန်ညင်းအရည်ညှစ်ပြီးသားလက်ဖက်ရည်ဇွန်းစာကိုခံတွင်းတွင် စက္ကန့် 60 ခန့် ငုံထားပြီး ထွေးထုတ်ခြင်းကို နှစ်ကြိမ်လုပ်ပေးပါ။ ယင်းကဲ့သို့ နှစ်ခါလုပ်ပြီးနောက်မှာ မုန်ညင်းရည် တစ်ဇွန်းကိုသောက်လိုက်ပါ။ စူးရှတဲ့ ကြက်သွန်ဖြူ၊ နီအနံ့ကိုဖယ်ရှားပေးပါလိမ့်မယ်။

6. ခံတွင်းသန့်စင်ဆေးရည်ကလည်း ခံတွင်းအနံ့ကောင်းအောင်ကူညီပေးနိုင်ပါတယ်။

 

CMS

www.drmyanmar.com