ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ကေ
လူတွေက ဗီတာမင်ကေကို သိပ်ပြီး အရေးမစိုက်ကြပေမယ့် ဗီတာမင်ကေဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ဥပမာတစ်ခုပြောရရင် ဒီအဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ကေဟာ သွေးခဲဖို့အတွက် အဓိက လိုအပ်ပါတယ်။
နောက် ပညာရှင်တွေ ယုံကြည်ထားတာက ဗီတာမင်ကေဟာ ဗီတာမင်ဒီ နဲ့ အတူတွဲပြီး ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က စုပ်ယူရာမှာ ကူညီပေးတယ်လို့ ဆိုပါတယ်။ အရိုးတွေ ကြံခိုင်ဖို့ အရိုးကျိုးမလွယ်အောင် လုပ်ဆောင်ပေးတယ် ဆိုရမှာပါ။
ဗီတာမင်ကေ ချို့တဲ့တာဟာ လူကြီးတွေမှာ ရှားပေးမယ့် မွေးကင်းစကလေးတွေမှာတော့ ဖြစ်တတ်ပါတယ်။ ချို့တဲ့တဲ့ လူတွေဟာလည်း ခန္ဓာကိုယ်က စုပ်ယူတာကို နှောင့်ယှက်တဲ့ နောက်ခံရောဂါတစ်ခုခု ရှိနေလို့ ဖြစ်ပါတယ်။
အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ သည်းခြေအိတ်မှာ ပြဿနာရှိသူတွေ၊ crohn's ၊ celiac လို့ခေါ်တဲ့ အူကနေ အာဟာရကို စုပ်ယူရာမှာ ပြဿနာရှိတဲ့ လူတွေမှာ တွေ့ရများပါတယ်။
ယောကျာ်းတစ်ယောက်အဖို့ တစ်နေ့ကို ဗီတာမင်ကေ ၁၂၀ mg လိုအပ်ပြီး မိန်းမတစ်ယောက်အဖို့ ၉၀ mg လိုအပ်ပါတယ်။ ဗီတာမင်ကေ များများရတဲ့ အဓိက အစားအသောက်တွေကို ကြည့်လိုက်ရအောင်။
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ ကိုက်လန်၊ မုန်ညှင်း၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ဂေါ်ဖီစိမ်း စသဖြင့် အများကြီး ရှိပါတယ်။
အရိုးအတွက် ကောင်းချင်ရင် မုန်လာရွက်ကို ရွေးသင့်ပါတယ်။ သူ့မှာ ဗီတာမင်ကေတွေ အများကြီးပါပြီး ကယ်လ်စီယမ်ဆိုရင်လည်း ရှိသမျှ အသီးအရွက်တွေထက် ပါဝင်မှု ပိုများပါတယ်။
● နာတိုလို့ ခေါ်တဲ့ ဂျပန်အစားအစာတစ်မျိုး
သူက ပဲပုပ်ကို အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။ သူက အူလမ်းကြောင်းက ပိုးမွှားလေးတွေကို အားကောင်းစေတဲ့အပြင် ဗီတာမင်ကေလည်း အမြောက်အမြားပါပါတယ်။
● ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းဟာ ကိုယ်ခံအားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အသားအရေကို ကောင်းစေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေပါတယ်။
ဒါတင်မကပါဘူး။ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတယ်။ အင်ဆူလင်ကို ထိန်းညှိပေးတယ်။ အရိုးတွေကို သန်စွမ်းစေတယ်။ အလေးချိန် ကျစေတယ်။ ပြီးတော့ ကင်ဆာ ဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးပါတယ်။
● အမဲအသည်း
အသည်း ၃ အောင်စမှာ ဗီတာမင်ကေ ၁၁၀ mg လောက် ပါပါတယ်။ ပြီးတော့ ဗီတာမင်ဘီတွဲ အပြင် တခြား ဗီတာမင်ဘီတွေလည်းပါတာမို့ အဖြစ်များတဲ့ ဗီတာမင်ဘီ ချို့တဲ့တာကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
ပြီးတော့ အသားဓာတ်တွေလည်း မြောက်မြားစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လိုရီနည်းပြီး အာဟာရဓာတ်တွေ အမြောက်အမြား ပါဝင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေ၊ ဂေါက်ရောဂါရှိသူတွေ အနေနဲ့တော့ ရှောင်သင့်ပါတယ်။
Dr. Htar (www.drmyanmar.com)
















