ခါးမနာမီ ကြိုတင်ကာကွယ်ကြပါစို့
1. စမတ်ကျကျထိုင်ပါ။
ထိုင်တဲ့အခါမှာ နောက်ကျောက C လိုမျိုး ကုန်းကုန်းကြီး ဖြစ်မနေသင့်ဘဲ S ပုံစံ စမတ်ကျကျလေး ဖြစ်သင့်ပါတယ်။ နာရီဝက်တစ်ခါ ထပြီး စက္ကန့်အနည်းခန့် လမ်းလျှောက်ပေးပြီး ကျောကုန်းအကြောတွေကို ပြေလျော့ပါစေ။
2. မတ်မတ်ရပ်ပါ။
မျက်နှာကြက်ကနေ ခန္ဓာကိုယ်တစ်လျှောက် မျဉ်းဖြောင့်တစ်ကြောင်း ဆွဲထားသလိုမျိုး ယူဆပြီး နား၊ ပုခုံး၊ တင်ပါးနဲ့ ဒူးခေါင်းအားလုံး မျဉ်းတစ်ဖြောင့်တည်းရှိနေပြီး ခေါင်းကလည်း မတ်မတ်ရှိနေပါစေ။
3. ဖိနပ်အောက်ခံ ပျော့ပျော့စီးပါ။
ဖိနပ်အောက်ခံ ကူရှင်မကောင်းဘူးဆိုရင် မတ်တပ်ရပ်တဲ့ လမ်းလျှောက်တဲ့အခါတိုင်း ခါးရှိကြွက်သားနဲ့ အရိုးတွေကို ကျိန်းစေနိိုင်ပါတယ်။ ဒါကြောင့် အောက်ခံကူရှင်ကောင်းတဲ့ဖိနပ်ကိုပဲ ရွေးချယ်ပြီး စီးပါ။ အိမ်မှာနေစဉ်မှာလည်း အောက်ခံသားပျော့တဲ့ဖိနပ်တွေပဲ စီးပါ။
4. ဆေးလိပ်မသောက်ပါနှင့်။
လေ့လာမှုပေါင်း ၄၀ လောက်အရ ဆေးလိပ်သောက်ခြင်းက ကျောရိုးဆီ သွေးစီးဆင်းမှု နည်းစေတဲ့အတွက် ဆေးလိပ်သောက်သူတွေက မသောက်သူတွေထက် ခါးနာနိုင်ခြေ ပိုများပါတယ်။
5. အလေးအပင် မ,တဲ့အခါမှာ ပုံစံမှန်မှန် မ,ပါ။
လေးပင်တဲ့အရာတွေကို မ,တဲ့အခါမှာ ခါးအားကိုမသုံးဘဲနဲ့ ခြေထောက်အားကိုပဲ သုံးပြီး မ,ပါ။ ပစ္စည်းပေါ်ကို ခန္ဓာကိုယ်ကို ယိမ်းလိုက်ပါ။ ဒူးခေါင်းတစ်ဖက်ကို ကွေးလိုက်ပြီး နောက်ခြေထောက်တစ်ဖက်ကို နောက်မှာဆန့်ဆန့်ထားပါ။
6. ခေါင်းအုံးမြင့်မြင့်နဲ့ မအိပ်ပါနဲ့။
ခေါင်းအုံး ၂ လုံး ၃ လုံးလောက်ခံပြီး အိပ်ခြင်းက ကြွက်သားတွေကို တင်းစေပါတယ်။ ဒါ့ကြောင့် ခေါင်းအုံးမြင့်မြင့် မအုံးသင့်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)















