ခေါင်းတစ်ခြမ်း ကိုက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
1. အူတွေ ကောင်းကောင်း အလုပ်မလုပ်တော့ဘူး။
ခေါင်းတစ်ခြမ်းကိုက်တာနဲ့ Irritable bowel syndrome လို့ခေါ်တဲ့ အူရောဂါက တွဲနေတတ်ပါတယ်။ အာရုံကြောစနစ်မှာ တူညီတဲ့ပြောင်းလဲမှုတွေကြောင့် ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်သလို အစာခြေတာနဲ့ ပတ်သက်ပြီးလည်း ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
2. ခါးနာနိုင်တယ်။
နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတဲ့သူအများစုမှာ ခါးနာတာကိုလည်း မကြာခဏ ခံစားရတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခေါင်းတစ်ခြမ်းကိုက်တာက အာရုံကြောနဲ့ ဦးနှောက်ကို သွားပြီးတော့ ထိခိုက်စေတဲ့အတွက် ခန္ဓာကိုုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။
3. လေဖြတ်နိုင်ချေရှိတယ်။
ဦးနှောက်ကို သွေးစီးဆင်းမှု ရပ်သွားတဲ့အခါမှာ လေဖြတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာက လေဖြတ်နိုင်ချေကို နှစ်ဆ မြင့်တက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာနဲ့အတူ အလင်းတွေမြင်တာ၊ ခေါင်းမကိုက်ခင်မှာ အစင်းကြောင်းတွေ မြင်တာလိုမျိုးတွဲပြီးဖြစ်ရင် လေဖြတ်နိုင်ချေ အမြင့်ဆုံးပါပဲ။
4. အမြင်အာရုံတွေ ပြောင်းလဲသွားမယ်။
တချို့ခေါင်းတစ်ခြမ်းကိုက်တာတွေကြောင့် ခဏတာ အမြင်အာရုံဆုံးရှုံးသွားတာ (သို့) ပြောင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ အဖြစ်တော့နည်းပေမယ့် တချို့ကျတော့ မျက်ခွံတွေ တွဲကျပြီးတော့ သူငယ်အိမ်တွေ ကြီးလာစေပါတယ်။ ခေါင်းကိုက်ပျောက်ပြီး ရက်သတ္တပတ်လောက်အထိ ရှိနေနိုင်တဲ့ နှစ်ထပ်မြင်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
5. အိပ်စက်မှုကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တာကြောင့် အိပ်ပျော်ဖို့ခက်၊ အိပ်ရေးပျက်ပြန်တော့ ခေါင်းကိုက်တာက ပိုဆိုးနဲ့ သံသရာ လည်နေစေပါတယ်။
Bio Adult 1

6. အကြားအာရုံတောင် ဆုံးရှုံးနိုင်ပါတယ်။
ဒါက ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်လည်း ကြောက်စရာကြီးပါ။ ၇၂ နာရီကျော်အတွင်းမှာ အကြားအာရုံ လျင်မြန်စွာ ဆုံးရှုံးသွားနိုင်ပါတယ်။ နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေမှာ ဒါက ၂ ဆ ပိုဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတာကို သေချာမသိပေမယ့်လည်း နားထဲမှာရှိတဲ့ သွေးကြောသေးသေးလေးတွေ ပျက်စီးသွားလို့လို့ ထင်ကြပါတယ်။
7. တက်နိုင်ပါတယ်။
အတက်ရောဂါရှိတဲ့သူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာကြောင့် တက်တာကို ပိုဆိုးစေပါတယ်။ ပြီးတော့ အတက်ရောဂါရော ခေါင်းတစ်ခြမ်းကိုက်တာရော ရှိကြတဲ့သူတွေမှာ အတက်ကျဆေးတွေကို တုံ့ပြန်မှုမရှိတာ များပါတယ်။
8. တခြားနာတာရှည် နာကျင်ကိုက်ခဲမှုတွေလည်း ဖြစ်နိုင်ချေ များစေပါတယ်။
အမြဲခေါင်းကိုက်နေတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့နာကျင်မှုကို တုံ့ပြန်တာတွေကို ပိုဆိုးစေပြီးတော့ ကိုက်ခဲတာတွေကို ပိုပြီးခံစားရစေပါတယ်။
9. သွေးပေါင်ချိန်ကို တက်စေတယ်။
ခေါင်းတစ်ခြမ်းကိုက်တဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးနိုင်ချေ ပိုများပါတယ်။ ပြီးတော့ လေ့လာမှုအချို့အရ အရွယ်ရောက်ပြီးသူတွေမှာ နာတာရှည်ခေါင်းတစ်ခြမ်းကိုက်တာနဲ့ သွေးတိုးတာ ဆက်စပ်နေကြောင်းတွေ့ရှိရပါတယ်။
10. စိတ်ခံစားချက်တွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
စိတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ကျလိုက်၊ တက်လိုက် ဖြစ်တာတွေအားလုံးက ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိတဲ့သူတွေမှာ ပိုခံစားရတတ်ပါတယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘယ်အချိန်မှာ ခေါင်းထကိုက်မလဲဆိုတာကို စိုးရိမ်ပူပန်နေရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Zawgyi)
1. အူေတြ ေကာင္းေကာင္း အလုပ္မလုပ္ေတာ့ဘူး။
ေခါင္းတစ္ျခမ္းကိုက္တာနဲ႔ Irritable bowel syndrome လို႔ေခၚတဲ့ အူေရာဂါက တြဲေနတတ္ပါတယ္။ အာ႐ုံေၾကာစနစ္မွာ တူညီတဲ့ေျပာင္းလဲမႈေတြေၾကာင့္ ေခါင္းကိုက္တာကို ပိုဆိုးေစနိုင္သလို အစာေျခတာနဲ႔ ပတ္သက္ၿပီးလည္း ျပႆနာေတြ ျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။
2. ခါးနာနိုင္တယ္။
နာတာရွည္ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာ ခံစားရတဲ့သူအမ်ားစုမွာ ခါးနာတာကိုလည္း မၾကာခဏ ခံစားရတတ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမၽွ ေခါင္းတစ္ျခမ္းကိုက္တာက အာ႐ုံေၾကာနဲ႔ ဦးေႏွာက္ကို သြားၿပီးေတာ့ ထိခိုက္ေစတဲ့အတြက္ ခႏၶာကိုုယ္တစ္ခုလုံးကို ထိခိုက္ေစနိုင္ပါတယ္။
3. ေလျဖတ္နိုင္ေခ်ရွိတယ္။
ဦးေႏွာက္ကို ေသြးစီးဆင္းမႈ ရပ္သြားတဲ့အခါမွာ ေလျဖတ္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တာက ေလျဖတ္နိုင္ေခ်ကို ႏွစ္ဆ ျမင့္တက္ေစနိုင္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တာနဲ႔အတူ အလင္းေတြျမင္တာ၊ ေခါင္းမကိုက္ခင္မွာ အစင္းေၾကာင္းေတြ ျမင္တာလိုမ်ိဳးတြဲၿပီးျဖစ္ရင္ ေလျဖတ္နိုင္ေခ် အျမင့္ဆုံးပါပဲ။
4. အျမင္အာ႐ုံေတြ ေျပာင္းလဲသြားမယ္။
တခ်ိဳ႕ေခါင္းတစ္ျခမ္းကိုက္တာေတြေၾကာင့္ ခဏတာ အျမင္အာ႐ုံဆုံးရႈံးသြားတာ (သို႔) ေျပာင္းသြားတာေတြ ျဖစ္နိုင္ပါတယ္။ အျဖစ္ေတာ့နည္းေပမယ့္ တခ်ိဳ႕က်ေတာ့ မ်က္ခြံေတြ တြဲက်ၿပီးေတာ့ သူငယ္အိမ္ေတြ ႀကီးလာေစပါတယ္။ ေခါင္းကိုက္ေပ်ာက္ၿပီး ရက္သတၱပတ္ေလာက္အထိ ရွိေနနိုင္တဲ့ ႏွစ္ထပ္ျမင္တာေတြပါ ျဖစ္ေစနိုင္ပါတယ္။
5. အိပ္စက္မႈကိုလည္း ထိခိုက္လာေစနိုင္ပါတယ္။
ေခါင္းတစ္ျခမ္းကိုက္တာေၾကာင့္ အိပ္ေပ်ာ္ဖို႔ခက္၊ အိပ္ေရးပ်က္ျပန္ေတာ့ ေခါင္းကိုက္တာက ပိုဆိုးနဲ႔ သံသရာ လည္ေနေစပါတယ္။
6. အၾကားအာ႐ုံေတာင္ ဆုံးရႈံးနိုင္ပါတယ္။
ဒါက ျဖစ္ေတာင့္ျဖစ္ခဲဆိုေပမယ့္လည္း ေၾကာက္စရာႀကီးပါ။ ၇၂ နာရီေက်ာ္အတြင္းမွာ အၾကားအာ႐ုံ လ်င္ျမန္စြာ ဆုံးရႈံးသြားနိုင္ပါတယ္။ နာတာရွည္ ေခါင္းတစ္ျခမ္းကိုက္ေရာဂါရွိသူေတြမွာ ဒါက ၂ ဆ ပိုျဖစ္နိုင္ပါတယ္။ ဘာေၾကာင့္ျဖစ္ရလဲဆိုတာကို ေသခ်ာမသိေပမယ့္လည္း နားထဲမွာရွိတဲ့ ေသြးေၾကာေသးေသးေလးေတြ ပ်က္စီးသြားလို႔လို႔ ထင္ၾကပါတယ္။
7. တက္နိုင္ပါတယ္။
အတက္ေရာဂါရွိတဲ့သူေတြမွာ ေခါင္းတစ္ျခမ္းကိုက္တာေၾကာင့္ တက္တာကို ပိုဆိုးေစပါတယ္။ ၿပီးေတာ့ အတက္ေရာဂါေရာ ေခါင္းတစ္ျခမ္းကိုက္တာေရာ ရွိၾကတဲ့သူေတြမွာ အတက္က်ေဆးေတြကို တုံ႔ျပန္မႈမရွိတာ မ်ားပါတယ္။
8. တျခားနာတာရွည္ နာက်င္ကိုက္ခဲမႈေတြလည္း ျဖစ္နိုင္ေခ် မ်ားေစပါတယ္။
အျမဲေခါင္းကိုက္ေနတဲ့အခါမွာ ခႏၶာကိုယ္ရဲ့နာက်င္မႈကို တုံ႔ျပန္တာေတြကို ပိုဆိုးေစၿပီးေတာ့ ကိုက္ခဲတာေတြကို ပိုၿပီးခံစားရေစပါတယ္။
9. ေသြးေပါင္ခ်ိန္ကို တက္ေစတယ္။
ေခါင္းတစ္ျခမ္းကိုက္တဲ့ အမ်ိဳးသမီးေတြက ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးတိုးနိုင္ေခ် ပိုမ်ားပါတယ္။ ၿပီးေတာ့ ေလ့လာမႈအခ်ိဳ႕အရ အရြယ္ေရာက္ၿပီးသူေတြမွာ နာတာရွည္ေခါင္းတစ္ျခမ္းကိုက္တာနဲ႔ ေသြးတိုးတာ ဆက္စပ္ေနေၾကာင္းေတြ႕ရွိရပါတယ္။
10. စိတ္ခံစားခ်က္ေတြကိုပါ ထိခိုက္လာေစနိုင္ပါတယ္။
စိတ္က်တာ၊ စိုးရိမ္ပူပန္တာ၊ စိတ္က်လိုက္၊ တက္လိုက္ ျဖစ္တာေတြအားလုံးက ေခါင္းတစ္ျခမ္းကိုက္ေရာဂါ ရွိတဲ့သူေတြမွာ ပိုခံစားရတတ္ပါတယ္။ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ဘယ္အခ်ိန္မွာ ေခါင္းထကိုက္မလဲဆိုတာကို စိုးရိမ္ပူပန္ေနရပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















