/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချဉ်တဲ့အသီးတွေမဟုတ်ဘဲ-တခြားဘယ်လိုအစားအစာတွေကနေ-ဗီတာမင်စီကို

ချဉ်တဲ့အသီးတွေမဟုတ်ဘဲ တခြားဘယ်လိုအစားအစာတွေကနေ ဗီတာမင်စီကို ရရှိနိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်စီဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်လို့ နေ့စဉ်စားသုံးမယ့်ထဲမှာ ပါဝင်အောင် စားသုံးပေးသင့်ပါတယ်။ ဗီတာမင်စီရရှိဖို့ဆိုရင် ဗီတာမင်စီကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးသင့်တဲ့အပြင် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် စီ ရော ဇင့်ပါ  ၂ မျိုးလုံး ပါဝင်တဲ့ ImmunPro လိုမျိုး ဖြည့်စွက်အားဆေးတွေကိုလည်း သောက်သုံးပေးလို့ရပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့ အစားအသောက်လို့ ပြောလိုက်ရင် အများစုက လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး အစရှိတဲ့ ချဉ်တဲ့အသီးတွေကိုပဲ စဉ်းစားမိကြတာ များပါတယ်။ ဒါပေမဲ့ ဒီလိုအသီးတွေအပြင် အောက်မှာဖော်ပြပေးမယ့် တခြားအစားအစာတွေကနေလည်း ဗီတာမင်စီကို ရရှိနိုင်ပါသေးတယ်။

ImmunPro 2022 IA 1

>>  ဘယ်လိုအစားအစာတွေလည်းဆိုတော့ -

၁။  မာလကာသီး
မာလကာသီးမှာ ဗီတာမင်စီအပြင် တခြားသော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ မာလကာသီးဟာဆိုရင် ကိုယ်ခံစွမ်းအားကောင်းစေတဲ့အပြင် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပေးတယ်လို့ ဆိုကြပါတယ်။

၂။  သင်္ဘောသီး
ဗီတာမင်စီကြွယ်ဝတဲ့ နောက်ထပ်အသီးတစ်မျိုးကတော့ သင်္ဘောသီးပါ။ သင်္ဘောသီးစားပေးခြင်းဖြင့် ကိုယ်ခံအားကောင်းစေတဲ့အပြင် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းပေးခြင်းနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်တာကို သက်သာစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၃။  ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာဆိုရင် ဗီတာမင်စီအပြင် ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ပိုတက်စီယမ်နဲ့ ဆီလီနီယမ်တို့ ကြွယ်ဝတာကြောင့် များစွာသော ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ImmunPro 2022 IA 2

၄။  အစိမ်းရောင်အရွက်များ
အာဟာရဓာတ်တွေရဲ့ အရင်းအမြစ်လို့ခေါ်ရတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ ဒါကြောင့် အစိမ်းရောင်အရွက်တွေဖြစ်တဲ့ ဆလပ်ရွက်၊ နံနံပင်၊ မုန်ညင်းနဲ့ ဟင်းနုနွယ်တို့ကို နေ့စဉ်စားမယ့်ထဲမှာ ထည့်စားပေးဖို့ လိုအပ်ပါတယ်။

၅။  အာလူး
လူတွေသိပ်မသိကြတဲ့ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတစ်မျိုးကတော့ အာလူးပဲ ဖြစ်ပါတယ်။ အာလူးမှာ ဗီတာမင်စီ၊ ဗီတာမင်ဘီဆစ် (B6) နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။

၆။  ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ ဗီတာမင်စီနဲ့ အန်တီအောက်စီဒန့် ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။ ခရမ်းချဉ်သီးကို ဖျော်ရည်အနေနဲ့ သောက်သုံးပေးမယ်ဆိုရင် အစာချေစနစ်နဲ့ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် သွေးတွင်းကိုလက်စထရောပမာဏကို နည်းစေကာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

Dr. Aye Hsu Mon (www.drmyanmar.com)