စိတ်ဖိစီးမှုများသူများ ဗီတာမင်စီ များများစား
စိတ်ဖိစီးမှုများပြီး မကြာခဏ စိတ်ညစ်ရသူတွေမှာ ဗီတာမင်စီဟာ သွေးတွင်းမှာ လျင်မြန်စွာ ကုန်ဆုံးပါတယ်။ ခန္ဓာကိုယ်က အက်ဒရီနယ်ဂလန်းဟာ ကော်တီဆောဟော်မုန်းကို ဗီတာမင်စီအကူအညီနဲ့ ထုတ်လုပ်တာပါ၊ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ် အတော်များများအတွက် ဇီဝရုပ်မျှခြေထိန်းညှိပေးဖို့ ဗီတာမင်စီဟာ နေ့စဉ်လိုအပ်ပါတယ်။
အကောင်းဆုံး ဗီတာမင်စီဆိုတာ ဘိုင်အိုဖလေဗနွိုက်ဓာတ်နဲ့ ဗီတာမင်စီ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
● ဘိုင်အိုဖလေဗနွိုက်ဓာတ်ဟာ ဗီတာမင်စီရဲ့စွမ်းအားကို နှစ်ဆတက်စေလို့ပါ။
● ဒါ့အပြင် ဗီတာမင်စီရဲ့အက်ဆစ်ဓာတ်ကိုပါ အစာအိမ်ထဲမှာထိန်းညှိပေးပါတယ်။
● ဗီတာမင်စီဓာတ်ဟာ ရေမှာပျော်ဝင်ပါတယ်။
● နေ့စဉ်သောက်သုံးနိုင်တဲ့ အာဟာရဓာတ်ပါ။
● သိပ်များများသောက်ဖို့ထက် လိုအပ်သလောက် ဖြည့်သွင်းသောက်သုံးတာက ပိုအဆင်ပြေပါတယ်။
● စိတ်ညစ်စရာများလေ တွေးရတောရတာတွေများလေ ဗီတာမင်စီ ပိုလိုအပ်လေပါပဲ။
>> ဗီတာမင်စီ ဘယ်လောက်လိုအပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်လဲ?
ကျွမ်းကျင်ပညာရှင်တွေက ဒီလိုလေးစမ်းကြပါတယ်။
ဝမ်းလျှောလာတဲ့အထိ ဗီတာမင်စီ ၅၀၀ မီလီဂရမ် စတိုက်ကြည့်ပြီး တစ်နာရီတစ်ခါ ၂၅၀ မီလီဂရမ် တိုက်ကြည့်ပါတယ်။ အဲဒီအနေအထားရောက်တာနဲ့ ဗီတာမင်စီကို ၅၀၀ မီလီဂရမ် ပြန်လျှော့လိုက်ပြီး ဘိုင်အိုဖလေနွိုက်ကို တစ်ဆရောစပ်လိုက်တာပါ၊
စိတ် မကြာခဏ ညစ်တတ်သူတွေမှာ သွေးတွင်းဗီတာမင်စီဓာတ် လျင်မြန်စွာ ကျဆင်းသွားတာမို့ အလွယ်တကူ နာဖျားမယ်၊ ပင်ပန်းနုံးချိမယ်၊ နေထိုင်မကောင်းတာတွေ ကြုံရနိုင်ပါတယ်။
စိတ်ဖိစီးမှု များလာတာနဲ့အမျှ တစ်ရက်ကို ဗီတာမင်စီ ၂၀၀၀ ကနေ ၄၀၀၀ မီလီဂရမ်ထိ လိုအပ်လာမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















