ဆန်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုပြင်ဆင် ချက်ပြုတ်ကြမလဲ?
မြန်မာလူမျိုးများဟာ မနက်စောစောမှာ ထမင်းပူပူလေး စားလေ့ရှိိကြပါတယ်။ လူကြီးများကတော့ ဆန်ပြုတ်လေး ပြုတ်သောက်လေ့ ရှိကြပါတယ်။
>> ဆန်၊ ထမင်းစားတာက အန္တရာယ် ရှိပါသလား ?
ဘယ်လောက်ပဲစားစား ဆန်က သူ့ဟာနဲ့သူဆိုရင် အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ပိုပြီးစားရင်တော့ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။
ထမင်း (အထူးသဖြင့် ဆန်ရဲ့အပြင်အလွှာ) ကအာဆင်းနစ်ဓာတ်ကို စုပ်ယူနိုင်မှု များပါတယ်။ ဆန်လုံးဖြူရဲ့ ကောင်းတဲ့အချက်တစ်ချက်က အပြင်လွှာတွေကို ဖယ်ရှားပြီး ဖြစ်တဲ့အတွက် အာဆင်းနစ်စုပ်ယူနိုင်ဖို့ နည်းပါတယ်။
ဆန်လုံးညိုက အဖြူထက် ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ အချက်ကလည်း မှန်ပါတယ်။ ဆန်လုံးညိုမှာ အာဟာရဓာတ်တွေ ပိုပါဝင်ပေမယ့် အာဆင်းနစ်ပါဝင်မှုလည်း ပိုများပါတယ်။
>> ဆန်ထဲမှာ အာဆင်းနစ်ဓာတ်ကို လျှော့ချနိုင်တဲ့ နည်း (3) နည်း
1. ရေ 2 ဆ၊ ဆန် 1 ဆ
ရေ 2 ဆ၊ ဆန် 1 ဆ ရောချက်ခြင်းဖြင့် ဆန်ကို ကောင်းမွန်စွာ ကျက်စေပြီး အာဆင်းနစ်ဓာတ် ပါဝင်မှုကိုလည်း လျော့ကျစေပါတယ်။
2. ရေ 5 ဆ၊ ဆန် 1 ဆ
ဒီအချိုးနဲ့ ချက်မယ်ဆိုရင် အာဆင်းနစ် ပါဝင်မှုကို 50% လျော့ကျစေပါတယ်။
3. ဆန်ကို တစ်ညလုံး ရေစိမ်ထားခြင်း
ဆန်ကို တစ်ညလုံး ရေစိမ်ထားပါက အာဆင်းနစ် ပါဝင်မှုနှုန်းကို 80% လျော့ကျစေပါတယ်။
မကောင်းတဲ့အချက်ကတော့ အခြားအာဟာရဓာတ်တွေ ပါဝင်မှုကို လျော့ကျသွားစေပါတယ်။
>> ဆန်ကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ်နည်း
ကျန်းမာရေး အကျိုးကျေးဇူးတွေ ပိုမိုရရှိစေဖို့အတွက် ဆန်ကို အောက်ပါတို့နဲ့ ပေါင်းစပ်ပြီးချက်ရင် ပိုပြီးအကျိုးသက်ရောက်မှု ရှိစေပါတယ်။
• ဆန်ဖြူနှင့် အုန်းဆီ
ဆန်လုံးဖြူရဲ့ မကောင်းတဲ့အချက်တစ်ခုကတော့ သကြားအဖြစ်ကို ပြောင်းလဲစေတဲ့ ကစီဓာတ်တွေ များစွာပါဝင်ခြင်း ဖြစ်ပါတယ်။ သကြား အများကြီးရှိတာက ဘယ်လိုအန္တရာယ် ရှိတယ်ဆိုတာ ကျွနု်ပ်တို့အားလုံး သိကြပါတယ်။
ဒါပေမဲ့ ဆန်ထဲကို ရေတစ်ခွက် ပိုထည့်၊ အုန်းဆီ စားပွဲတင်ဇွန်း 2 ဇွန်း ထည့်ချက်ခြင်းဖြင့် ဒီဖြစ်စဉ်ကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲမှာဖြစ်မယ့် ကစီဓာတ်ရဲ့ဆိုးကျိုးတွေကို ချေဖျက်ပေးနိုင်ပါတယ်။
• ဆန်နှင့် အပြုတ်ရည်
ဆန်ကို အရသာရှိပြီး အာဟာရပြည့်ဝစွာ ချက်ပြုတ်ချင်တယ်ဆိုရင် အပြုတ်ရည်ထည့်ပြီး ချက်ကြည့်ပါ။ ဟင်းသီးဟင်းရွက်နဲ့ ကြက်သားပြုတ်ရည်တွေကို ဆန်က ကောင်းကောင်း စုပ်ယူနိုင်ပြီး အရသာရှိရုံသာမက အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
• ဆန်နှင့် ချင်း - နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။
ဆန်ကို အရသာရှိရှိ ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ်ချင်တယ်ဆိုရင် ချင်းထည့်ပြီး ချက်ကြည့်ပါ။ ချင်းကို ကြိတ်ပြီး ထမင်းချက်နေတဲ့အထဲကို ထည့်လိုက်ပါ။ အုန်းဆီ နည်းနည်းထည့်လိုက်ရင် ပိုပြီးအရသာရှိသွားပါလိမ့်မယ်။
• ဆန်နှင့် အင်တီအောက်ဆီးဒင့်များ
ဆန်ကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက်ဆိုရင် အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အစားအစာတွေ ထည့်ပြီး ချက်လို့ရပါတယ်။ ဥပမာ - အသားဓာတ်နဲ့ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ မှိုတွေ ထည့်ချက်လို့ ရပါတယ်။
ကြက်သွန်ဖြူကလည်း ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။ သူကိုယ်တိုင်က ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိသလို ဆန်၊ ကြက်သွန်နီတို့နဲ့ ရောပြီး ချက်မယ်ဆိုရင်လည်း ပြည့်စုံတဲ့ အစားအစာတစ်ခွက်ကို ပေးစွမ်းနိုင်ပါတယ်။
ဆန်က အမျိုးစုံတီထွင် ချက်ပြုတ်လို့ ရပါတယ်။ ဒါကြောင့် ဆန်ကို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်မျှတအောင် တခြားအရာတွေနဲ့ ပေါင်းစပ်ပြီး တီထွင်ဆန်းသစ်စွာ ချက်ပြုတ်ကြည့်ကြပါစို့။
Dr. Mya Phoo Ngon (www.drmyanmar.com)
















