/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆယ်ကျော်သက်အရွယ်-သားငယ်၊-သမီးငယ်-ခေါင်းကိုက်နေသလား-ဒါတွေ-သိထားဖို့

ဆယ်ကျော်သက်အရွယ် သားငယ်၊ သမီးငယ် ခေါင်းကိုက်နေသလား ဒါတွေ သိထားဖို့ လိုပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(Zawgyi)

    ဆယ္ေက်ာ္သက္အရြယ္ေတြမွာ ခံစားရတတ္တဲ့ ေခါင္းကိုက္ေဝဒနာ ေခါင္းကိုက္တယ္ဆိုတာ အရမ္းကို ခံရခက္တဲ့ေဝဒနာပါ။ တစ္ခါတေလမွာဆိုရင္ ေခါင္းတစ္ခုလံုးေနရာအႏွံ႕ ကိုက္ေနတဲ့အျပင္ မ်က္ႏွာတစ္ျပင္လံုးနဲ႔ လည္ပင္းေတြမွာပါ ပ်ံ႕ႏွံ႕ေနပါေသးတယ္။ အရြယ္ေရာက္ၿပီးတဲ့သူေတြမွာ စိတ္ဖိစီးမႈေတြရွိလာရင္ ေခါင္းကိုက္တယ္လို႔ ဆိုသလိုပဲ ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္အရြယ္ေတြမွာလည္း ေခါင္းကိုက္တယ္လို႔ ဆိုပါတယ္။ အသက္ ၁၅ အရြယ္ကေလးငယ္ေတြရဲ႕ 75% ေလာက္က ေခါင္းကိုက္တယ္ဆိုၿပီးေတာ့ မွတ္တမ္းတင္ထားတာ ေတြ႕ရပါတယ္။ ကေလးေတြ ေခါင္းကိုက္တယ္လို႔ေျပာရင္ မိဘေတြအေနနဲ႔ ေပါ့ေပါ့ဆဆ မေနသင့္ပါဘူး။ တခ်ဳိ႕ေခါင္းကိုက္တာေတြက သာမန္ပဲဆိုေပမယ့္လည္း တခ်ိဳ႕က်ေတာ့ ေခါင္းကိုက္တာက အရမ္းဆိုးရြားၿပီးေတာ့ ပိုဆိုးတဲ့အေျခအေနတစ္ခုခုေၾကာင့္ ျဖစ္ေနႏိုင္ပါတယ္။
    ေခါင္းကိုက္တယ္လို႔ေျပာရင္ ေခါင္းကိုက္တာအမ်ဳိးမ်ဳိး ရွိပါတယ္။ ဒီထဲမွာမွ ဆယ္ေက်ာ္သက္အရြယ္ ေတြမွာအျဖစ္အမ်ားဆံုးေသာ အမ်ိဳးအစားကေတာ့ Tension-type headaches လို႔ေခၚတဲ့ ဖိအားတစ္ခုခုေၾကာင့္ ေခါင္းကိုက္ျခင္းပါ။ အမ်ားအားျဖင့္ေတာ့ စိတ္ဖိစီးမႈေတြ၊ တင္းအားေတြ၊ စိတ္က်ဆင္းမႈေတြေၾကာင့္ ျဖစ္ေလ့႐ွိသလို မ်က္လံုးအားစိုက္ရတာေတြ၊ အေနအထားမမွန္လို႔ လည္ပင္းနဲ႔ ေက်ာ႐ိုး ဒဏ္ျဖစ္တာေတြေၾကာင့္လည္း ေခါင္းကိုက္တတ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ေတြမွာ ဒီလိုေခါင္းကိုက္တာမ်ဳိးက ခဏတာၾကံဳရႏိုင္သလို နာတာရွည္ (တစ္လကို ၁၅ ႀကိမ္ထက္ ပိုၿပီးေခါင္းကိုက္) တာမ်ိဳးလည္း ျဖစ္သြားႏိုင္ပါတယ္။
    တျခားအမ်ိဳးအစားေခါင္းကိုက္တာေတြကိုလည္း ခံစားရႏိုင္ပါတယ္။
●    ႐ုတ္တရက္ ခဏေခါင္းကိုက္ျခင္း - ေနမေကာင္းလို႔၊ ေရာဂါပိုးဝင္လို႔၊ အေအးမိလို႔၊ ဖ်ားလို႔ စတာ ေတြေၾကာင့္ ေခါင္းကိုက္တတ္ပါတယ္။ ဖိအားမ်ားလို႔လည္း ျဖစ္ႏိုင္ပါေသးတယ္။ ဒါကေတာ့ ေနမေကာင္းတာ ေပ်ာက္သြားရင္ (သို႔) ဖိအားမရွိေတာ့ဘူးဆိုရင္ ေခါင္းကိုက္တာလည္း ေပ်ာက္သြားပါလိမ့္မယ္။
●    ေခါင္း အရမ္းထိုးကိုက္ျခင္း - ႐ုတ္တရက္ ေခါင္း အရမ္းထိုးကိုက္တာ အမ်ားအားျဖင့္ မ်က္လံုးတစ္ဖက္ ပတ္လည္မွာ ကိုက္ေလ့ရွိေပမယ့္လည္း မ်က္ႏွာတစ္ေလွ်ာက္၊ ေခါင္း၊ လည္ပင္းနဲ႔ ပခံုးေတြကိုလည္း ပ်ံ႕သြားႏုိင္ပါတယ္။ ရက္သတၱပတ္ (သို႔) လအထိ ၾကာေအာင္ကိုက္ႏိုင္ပါတယ္။ ဒါက ျဖစ္ခဲၿပီးေတာ့ ေဆးေသာက္ၿပီး ကုလို႔ရပါတယ္။
●    ေခါင္းတစ္ျခမ္းကိုက္ျခင္း - ေခါင္းအေရွ႕ျခမ္း (သို႔) ႏွစ္ဖက္စလံုးမွာ အေတာ္အသင့္ (သို႔) ျပင္းထန္စြာ ကိုက္ႏိုင္ပါတယ္။ မူးေဝတာ၊ မ်က္လံုးေတြ ဝါးတာ၊ ကိုယ္ပူ၊ အစာအိမ္မေကာင္း၊ ပ်ဳိ႕အန္တာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ၿပီးေတာ့ အလင္း၊ အနံ႕နဲ႔အသံေတြကို မခံႏိုင္ျဖစ္ၿပီးေတာ့ ေခါင္းကိုက္လာၿပီဆိုတာနဲ႔ အိပ္ပဲ အိပ္ခ်င္ေနတတ္ပါတယ္။
    ဒီလိုခံစားေနရၿပီဆိုရင္ ဆရာဝန္နဲ႔ျပသၿပီး ကုသမႈခံယူဖို႔ လိုသလို အိပ္ေရးပ်က္ျခင္း၊ အခ်ဳိ႕ေသာ အစားအစာေတြ၊ ပတ္ဝန္းက်င္အေျပာင္းအလဲ၊ စိတ္ဖိစီးမႈ စတဲ့ ေခါင္းကိုက္တာကို ပိုဆိုးေစမယ့္ အခ်က္ေတြကိုလည္း ေသခ်ာေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ဘာေၾကာင့္ ပိုေခါင္းကိုက္ေစလဲဆိုတာကို သိထားရင္ ဒါေတြကို ေရွာင္လို႔ရပါတယ္။

Bio Adult 1

>>    ဆယ္ေက်ာ္သက္အရြယ္ကေလးေတြမွာ ျပင္းထန္တဲ့ေရာဂါ တစ္ခုခုေၾကာင့္မ်ား ေခါင္းကိုက္တာလား ဆိုတာကို ဘယ္လိုသိႏိုင္မလဲ?
    ႐ုတ္တရက္ ခႏၶာကိုယ္ဟန္ခ်က္ကို မထိန္းႏို္င္ေတာ့တာမ်ိဳး၊ ထံုက်ဥ္တာ၊ ေလျဖတ္တာ၊ စကားေျပာဖို႔ ခက္ခဲတာ၊ တက္တာစတဲ့ ျပင္းထန္တဲ့လကၡဏာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ေဆး႐ံု၊ ေဆးခန္းကို ခ်က္ခ်င္းပို႔ပါ။  
    ဆယ္ေက်ာ္သက္အရြယ္ကေနၿပီးေတာ့ အသက္ႀကီးလာေလေလ ေခါင္းကိုက္တာေတြက သက္သာလာႏိုင္ေခ် မ်ားေလပါပဲ။ ဒါေပမဲ့လည္း သက္သာမသြားဘဲနဲ႔ ခဏခဏ ေခါင္းကိုက္ေနရင္ (သို႔) ပိုဆိုးလာရင္၊ ေဆးေတြေသာက္လို႔လည္း မသက္သာဘူးဆိုရင္ေတာ့ ဆရာဝန္ သြားျပသင့္ပါတယ္။
    ဆရာဝန္က ေမးျမန္းစစ္ေဆးၿပီးေတာ့ လိုအပ္ရင္ CT, MRI ေတြ ႐ိုက္ခိုင္းပါလိမ့္မယ္။
    ျဖစ္ခဲေပမယ့္လည္း တစ္ခါတေလမွာ နာတာရွည္ ေခါင္းကိုက္ေနတာေတြက ျပင္းထန္တဲ့ေရာဂါ တစ္ခုခုေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ဒါေတြကေတာ့ -
●    ဦးေႏွာက္ေရာဂါပိုးဝင္ျခင္း
●    ဦးေႏွာက္အေျမႇးပါးေရာင္ျခင္း
●    ဦးေခါင္းထဲမွာ ေရဝင္ေနျခင္း
●    ေသြးခဲျခင္း
●    ဦးေနွာက္ကင္ဆာ (သို႔) ဦးေႏွာက္ထဲမွာ ျပည္တည္ေနျခင္း
●    ဦးေခါင္းဒဏ္ရာရျခင္းတို႔ ျဖစ္ပါတယ္။

    ဒီမွာ ထည့္သြင္းစဥ္းစားရမယ့္အခ်က္ေတြလည္း ရွိပါတယ္။
    ေခါင္းကိုက္တာ အထူးသျဖင့္ေတာ့ ေခါင္းတစ္ျခမ္းကိုက္တဲ့ေဝဒနာက မ်ိဳး႐ိုးလိုက္တတ္ပါတယ္။ ဒီေတာ့ မိဘႏွစ္ပါးထဲက တစ္ေယာက္ေယာက္မွာ ေခါင္းကိုက္ေရာဂါရွိရင္ ကေလးမွာလည္း ေခါင္းကိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဆရာဝန္ သြားျပတဲ့အခါမွာ မိသားစုထဲမွာ ေခါင္းကိုက္ ေဝဒနာခံစားရဖူးတာရွိရင္ (သို႔) အာ႐ံုေၾကာေရာဂါ တစ္ခုခုရွိရင္ ေျပာျပေပးဖို႔ လိုပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Bio Adult 2

(Unicode)

    ဆယ်ကျော်သက်အရွယ်တွေမှာ ခံစားရတတ်တဲ့ ခေါင်းကိုက်ဝေဒနာ ခေါင်းကိုက်တယ်ဆိုတာ အရမ်းကို ခံရခက်တဲ့ဝေဒနာပါ။ တစ်ခါတလေမှာဆိုရင် ခေါင်းတစ်ခုလုံးနေရာအနှံ့ ကိုက်နေတဲ့အပြင် မျက်နှာတစ်ပြင်လုံးနဲ့ လည်ပင်းတွေမှာပါ ပျံ့နှံ့နေပါသေးတယ်။ အရွယ်ရောက်ပြီးတဲ့သူတွေမှာ စိတ်ဖိစီးမှုတွေရှိလာရင် ခေါင်းကိုက်တယ်လို့ ဆိုသလိုပဲ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာလည်း ခေါင်းကိုက်တယ်လို့ ဆိုပါတယ်။ အသက် ၁၅ အရွယ်ကလေးငယ်တွေရဲ့ 75% လောက်က ခေါင်းကိုက်တယ်ဆိုပြီးတော့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ကလေးတွေ ခေါင်းကိုက်တယ်လို့ပြောရင် မိဘတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ တချို့ခေါင်းကိုက်တာတွေက သာမန်ပဲဆိုပေမယ့်လည်း တချို့ကျတော့ ခေါင်းကိုက်တာက အရမ်းဆိုးရွားပြီးတော့ ပိုဆိုးတဲ့အခြေအနေတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။
    ခေါင်းကိုက်တယ်လို့ပြောရင် ခေါင်းကိုက်တာအမျိုးမျိုး ရှိပါတယ်။ ဒီထဲမှာမှ ဆယ်ကျော်သက်အရွယ် တွေမှာအဖြစ်အများဆုံးသော အမျိုးအစားကတော့ Tension-type headaches လို့ခေါ်တဲ့ ဖိအားတစ်ခုခုကြောင့် ခေါင်းကိုက်ခြင်းပါ။ အများအားဖြင့်တော့ စိတ်ဖိစီးမှုတွေ၊ တင်းအားတွေ၊ စိတ်ကျဆင်းမှုတွေကြောင့် ဖြစ်လေ့ရှိသလို မျက်လုံးအားစိုက်ရတာတွေ၊ အနေအထားမမှန်လို့ လည်ပင်းနဲ့ ကျောရိုး ဒဏ်ဖြစ်တာတွေကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ ဒီလိုခေါင်းကိုက်တာမျိုးက ခဏတာကြုံရနိုင်သလို နာတာရှည် (တစ်လကို ၁၅ ကြိမ်ထက် ပိုပြီးခေါင်းကိုက်) တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
    တခြားအမျိုးအစားခေါင်းကိုက်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။
●    ရုတ်တရက် ခဏခေါင်းကိုက်ခြင်း - နေမကောင်းလို့၊ ရောဂါပိုးဝင်လို့၊ အအေးမိလို့၊ ဖျားလို့ စတာ တွေကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ဖိအားများလို့လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကတော့ နေမကောင်းတာ ပျောက်သွားရင် (သို့) ဖိအားမရှိတော့ဘူးဆိုရင် ခေါင်းကိုက်တာလည်း ပျောက်သွားပါလိမ့်မယ်။
●    ခေါင်း အရမ်းထိုးကိုက်ခြင်း - ရုတ်တရက် ခေါင်း အရမ်းထိုးကိုက်တာ အများအားဖြင့် မျက်လုံးတစ်ဖက် ပတ်လည်မှာ ကိုက်လေ့ရှိပေမယ့်လည်း မျက်နှာတစ်လျှောက်၊ ခေါင်း၊ လည်ပင်းနဲ့ ပခုံးတွေကိုလည်း ပျံ့သွားနိုင်ပါတယ်။ ရက်သတ္တပတ် (သို့) လအထိ ကြာအောင်ကိုက်နိုင်ပါတယ်။ ဒါက ဖြစ်ခဲပြီးတော့ ဆေးသောက်ပြီး ကုလို့ရပါတယ်။
●    ခေါင်းတစ်ခြမ်းကိုက်ခြင်း - ခေါင်းအရှေ့ခြမ်း (သို့) နှစ်ဖက်စလုံးမှာ အတော်အသင့် (သို့) ပြင်းထန်စွာ ကိုက်နိုင်ပါတယ်။ မူးဝေတာ၊ မျက်လုံးတွေ ဝါးတာ၊ ကိုယ်ပူ၊ အစာအိမ်မကောင်း၊ ပျို့အန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ အလင်း၊ အနံ့နဲ့အသံတွေကို မခံနိုင်ဖြစ်ပြီးတော့ ခေါင်းကိုက်လာပြီဆိုတာနဲ့ အိပ်ပဲ အိပ်ချင်နေတတ်ပါတယ်။
    ဒီလိုခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ လိုသလို အိပ်ရေးပျက်ခြင်း၊ အချို့သော အစားအစာတွေ၊ ပတ်ဝန်းကျင်အပြောင်းအလဲ၊ စိတ်ဖိစီးမှု စတဲ့ ခေါင်းကိုက်တာကို ပိုဆိုးစေမယ့် အချက်တွေကိုလည်း သေချာစောင့်ကြည့်ဖို့ လိုပါတယ်။ ဘာကြောင့် ပိုခေါင်းကိုက်စေလဲဆိုတာကို သိထားရင် ဒါတွေကို ရှောင်လို့ရပါတယ်။

>>    ဆယ်ကျော်သက်အရွယ်ကလေးတွေမှာ ပြင်းထန်တဲ့ရောဂါ တစ်ခုခုကြောင့်များ ခေါင်းကိုက်တာလား ဆိုတာကို ဘယ်လိုသိနိုင်မလဲ?
    ရုတ်တရက် ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်တော့တာမျိုး၊ ထုံကျဉ်တာ၊ လေဖြတ်တာ၊ စကားပြောဖို့ ခက်ခဲတာ၊ တက်တာစတဲ့ ပြင်းထန်တဲ့လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းပို့ပါ။  
    ဆယ်ကျော်သက်အရွယ်ကနေပြီးတော့ အသက်ကြီးလာလေလေ ခေါင်းကိုက်တာတွေက သက်သာလာနိုင်ချေ များလေပါပဲ။ ဒါပေမဲ့လည်း သက်သာမသွားဘဲနဲ့ ခဏခဏ ခေါင်းကိုက်နေရင် (သို့) ပိုဆိုးလာရင်၊ ဆေးတွေသောက်လို့လည်း မသက်သာဘူးဆိုရင်တော့ ဆရာဝန် သွားပြသင့်ပါတယ်။
    ဆရာဝန်က မေးမြန်းစစ်ဆေးပြီးတော့ လိုအပ်ရင် CT, MRI တွေ ရိုက်ခိုင်းပါလိမ့်မယ်။
    ဖြစ်ခဲပေမယ့်လည်း တစ်ခါတလေမှာ နာတာရှည် ခေါင်းကိုက်နေတာတွေက ပြင်းထန်တဲ့ရောဂါ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ -
●    ဦးနှောက်ရောဂါပိုးဝင်ခြင်း
●    ဦးနှောက်အမြှေးပါးရောင်ခြင်း
●    ဦးခေါင်းထဲမှာ ရေဝင်နေခြင်း
●    သွေးခဲခြင်း
●    ဦးနှောက်ကင်ဆာ (သို့) ဦးနှောက်ထဲမှာ ပြည်တည်နေခြင်း
●    ဦးခေါင်းဒဏ်ရာရခြင်းတို့ ဖြစ်ပါတယ်။

    ဒီမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေလည်း ရှိပါတယ်။
    ခေါင်းကိုက်တာ အထူးသဖြင့်တော့ ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာက မျိုးရိုးလိုက်တတ်ပါတယ်။ ဒီတော့ မိဘနှစ်ပါးထဲက တစ်ယောက်ယောက်မှာ ခေါင်းကိုက်ရောဂါရှိရင် ကလေးမှာလည်း ခေါင်းကိုက်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် သွားပြတဲ့အခါမှာ မိသားစုထဲမှာ ခေါင်းကိုက် ဝေဒနာခံစားရဖူးတာရှိရင် (သို့) အာရုံကြောရောဂါ တစ်ခုခုရှိရင် ပြောပြပေးဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)