ဆီးချိုဖြစ်မယ့်အန္တရာယ်ကနေ ကြိုရှောင်ဖို့
ဆီးချိုကင်းဝေး သက်ရှည်ကျန်းမာဆေးဆိုတာ သဘာဝကျကျ အစားအစာနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပေါင်းစပ်မှု ဖြစ်ပါသတဲ့။
ဆီးချိုမဖြစ်အောင် ကာကွယ်လို့ ရ/မရကြည့်ရအောင်။ အချက်လေး (၃) ချက်လေးပဲ မှတ်လိုက်ပါ။ ရိုးရှင်းသလောက် အင်မတန်အရေးပါတဲ့အချက်လေးတွေဖြစ်ပါတယ်။
● သဘာဝကျကျ အသင့်အတင့်ပဲစားမယ်။
● လေ့ကျင့်ခန်းလုပ်မယ်။
● ဝိတ်ချမယ်။
ပထမဆုံးအနေနဲ့ ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်နေတဲ့ လူတစ်ယောက်အနေနဲ့ သင့်မှာ ဆီးချိုဖြစ်နိုင်နေပါပြီ။ ဆီးချိုကို ကာကွယ်ချင်သလား။ မိမိကိုယ်မိမိ ဆီးချိုဖြစ်မယ့်အန္တရာယ်တွေ ကြိုရှောင်ချင်သလား။
● ဝနေတယ်ဆိုရင် ဝိတ်ချဖို့ကနေ စလိုက်ပါ။ အားကစားခန်းမ သွားပါ။ မနက်တိုင်း လမ်းလျှောက်ပါ။ ပြေးပါ။ အကသင်တန်း တက်ပါ။ မိမိကိုယ်ကို အထူးလှုပ်ရှားသွက်လက်နေပါစေ။
● အာဟာရအထူးကုနဲ့ တိုင်ပင်ကြည့်ပါ။ ဆီးချိုကာကွယ်ဖို့ ဘာတွေစားရင်ကောင်းမလဲပေါ့။ ဆီးချိုအတွက် ကောင်းတဲ့ဆေးရယ်၊ အစာရယ်လို့ သီးသန့်မရှိပါဘူး။ အသီးအရွက်များများ ထမင်း နည်းနိုင်သမျှနည်းနည်းနဲ့ အသားဦးစားပေးစားတဲ့ ကီတိုဂျင်းနစ်အစားအစာကုထုံးလေး စကြည့်ပါလား။
● ဆရာဝန်နဲ့တိုင်ပင်ပြီး ဆီးချို စစ်ကြည့်ပါ။ မရှိသေးရင် ကျေးဇူးတင်လိုက်ပါ။ သင့်မှာ ကာကွယ်နိုင်တဲ့ အခွင့်အရေးရှိနေပြီလေ။
Diabetone 1
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဝါသနာမပါသူတွေ၊ ညတိုင်း တီဗီကြာကြာကြည့်သူတွေ၊ ခြေညောင်းလက်ဆန့် လုပ်ရမှာတောင် ပျင်းသူတွေကတော့ ရောဂါအတွက် ရယ်ဒီအနေအထား ရှိသူတွေပါတဲ့။
ဆား၊ သကြား၊ အသင့်စား အစားအစာတွေ ဟမ်ဘာဂါ၊ အချိုရည်၊ ဆီဦးထောပတ်၊ ပေါင်မုန့်၊ ကိတ်မုန့်တွေနဲ့ အသက်ရှင်သူ လူတန်းစားနဲ့ ဥယျာဉ်ခြံမြေစိုက်သူ အရွက်နဲ့အသား လတ်လတ်ဆတ်ဆတ် ချက်စားသူ တောနေ လူတန်းစားနှစ်ရပ် ယှဉ်လိုက်တဲ့အခါ ဆီဦးထောပတ်စားသူ လူတန်းစားက အသက်ရလာတာနဲ့အမျှ ရောဂါများလာပေမယ့် ရိုးရှင်းတဲ့ အသီးအနှံနဲ့ အသား၊ ငါး ချက်ပြုတ်စားသူတွေကတော့ ပကတိ ကျန်းမာနေကြတာကို တွေ့ရပါတယ်။
ဒါကြောင့် သဘာဝကျတဲ့ အစားအစာသာလျှင် အသက်ရှည်ဆေးပါ။ စားကောင်းတာထက် သဘာဝကျကျစားစရာကိုသာ ရွေးချယ်စားသုံးကြပါ။ ပြုပြင်ပြောင်းလဲထားတဲ့အချိုတွေ ရှောင်ကြပါ။ ပိုမိုအသက်ရှည် ကျန်းမာလာအောင် မိမိကိုယ်မိမိ ဆီးချိုမဖြစ်အောင် အခုကတည်းကစပြီး ကြိုးစားကြည့်လို့ရပြီနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Diabetone 2
(Zawgyi)
ဆီးခ်ိဳကင္းေဝး သက္ရွည္က်န္းမာေဆးဆိုတာ သဘာဝက်က် အစားအစာနဲ႔ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း ေပါင္းစပ္မႈ ျဖစ္ပါသတဲ့။
ဆီးခ်ိဳမျဖစ္ေအာင္ ကာကြယ္လို႔ ရ/မရၾကည့္ရေအာင္။ အခ်က္ေလး (၃) ခ်က္ေလးပဲ မွတ္လိုက္ပါ။ ႐ိုးရွင္းသေလာက္ အင္မတန္အေရးပါတဲ့အခ်က္ေလးေတြျဖစ္ပါတယ္။
● သဘာဝက်က် အသင့္အတင့္ပဲစားမယ္။
● ေလ့က်င့္ခန္းလုပ္မယ္။
● ဝိတ္ခ်မယ္။
ပထမဆုံးအေနနဲ႔ ကမာၻေပၚမွာ အသက္ရွင္ေနထိုင္ေနတဲ့ လူတစ္ေယာက္အေနနဲ႔ သင့္မွာ ဆီးခ်ိဳျဖစ္ႏိုင္ေနပါၿပီ။ ဆီးခ်ိဳကို ကာကြယ္ခ်င္သလား။ မိမိကိုယ္မိမိ ဆီးခ်ိဳျဖစ္မယ့္အႏၲရာယ္ေတြ ႀကိဳေရွာင္ခ်င္သလား။
● ဝေနတယ္ဆိုရင္ ဝိတ္ခ်ဖို႔ကေန စလိုက္ပါ။ အားကစားခန္းမ သြားပါ။ မနက္တိုင္း လမ္းေလွ်ာက္ပါ။ ေျပးပါ။ အကသင္တန္း တက္ပါ။ မိမိကိုယ္ကို အထူးလႈပ္ရွားသြက္လက္ေနပါေစ။
● အာဟာရအထူးကုနဲ႔ တိုင္ပင္ၾကည့္ပါ။ ဆီးခ်ိဳကာကြယ္ဖို႔ ဘာေတြစားရင္ေကာင္းမလဲေပါ့။ ဆီးခ်ိဳအတြက္ ေကာင္းတဲ့ေဆးရယ္၊ အစာရယ္လို႔ သီးသန႔္မရွိပါဘူး။ အသီးအရြက္မ်ားမ်ား ထမင္း နည္းႏိုင္သမွ်နည္းနည္းနဲ႔ အသားဦးစားေပးစားတဲ့ ကီတိုဂ်င္းနစ္အစားအစာကုထုံးေလး စၾကည့္ပါလား။
● ဆရာဝန္နဲ႔တိုင္ပင္ၿပီး ဆီးခ်ိဳ စစ္ၾကည့္ပါ။ မရွိေသးရင္ ေက်းဇူးတင္လိုက္ပါ။ သင့္မွာ ကာကြယ္ႏိုင္တဲ့ အခြင့္အေရးရွိေနၿပီေလ။
ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း ဝါသနာမပါသူေတြ၊ ညတိုင္း တီဗီၾကာၾကာၾကည့္သူေတြ၊ ေျခေညာင္းလက္ဆန႔္ လုပ္ရမွာေတာင္ ပ်င္းသူေတြကေတာ့ ေရာဂါအတြက္ ရယ္ဒီအေနအထား ရွိသူေတြပါတဲ့။
ဆား၊ သၾကား၊ အသင့္စား အစားအစာေတြ ဟမ္ဘာဂါ၊ အခ်ိဳရည္၊ ဆီဦးေထာပတ္၊ ေပါင္မုန႔္၊ ကိတ္မုန႔္ေတြနဲ႔ အသက္ရွင္သူ လူတန္းစားနဲ႔ ဥယ်ာဥ္ၿခံေျမစိုက္သူ အရြက္နဲ႔အသား လတ္လတ္ဆတ္ဆတ္ ခ်က္စားသူ ေတာေန လူတန္းစားႏွစ္ရပ္ ယွဥ္လိုက္တဲ့အခါ ဆီဦးေထာပတ္စားသူ လူတန္းစားက အသက္ရလာတာနဲ႔အမွ် ေရာဂါမ်ားလာေပမယ့္ ႐ိုးရွင္းတဲ့ အသီးအႏွံနဲ႔ အသား၊ ငါး ခ်က္ျပဳတ္စားသူေတြကေတာ့ ပကတိ က်န္းမာေနၾကတာကို ေတြ႕ရပါတယ္။
ဒါေၾကာင့္ သဘာဝက်တဲ့ အစားအစာသာလွ်င္ အသက္ရွည္ေဆးပါ။ စားေကာင္းတာထက္ သဘာဝက်က်စားစရာကိုသာ ေရြးခ်ယ္စားသုံးၾကပါ။ ျပဳျပင္ေျပာင္းလဲထားတဲ့အခ်ိဳေတြ ေရွာင္ၾကပါ။ ပိုမိုအသက္ရွည္ က်န္းမာလာေအာင္ မိမိကိုယ္မိမိ ဆီးခ်ိဳမျဖစ္ေအာင္ အခုကတည္းကစၿပီး ႀကိဳးစားၾကည့္လို႔ရၿပီေနာ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)















