ဆီးချိုရောဂါနဲ့ အရိုးပွခြင်း
သွေးအချိုဓာတ်များခြင်းနဲ့ အင်ဆူလင်ပမာဏများခြင်းတို့က အရိုးကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ -
● အရိုးဖြစ်ပျက်ခြင်းကို ဖိနှိပ်ထားခြင်း
အင်ဆူလင်ဟာ အရိုးဖြစ်ခြင်း၊ ပျက်ခြင်းတို့အပေါ် သက်ရောက်မှုရှိပါတယ်။
လတ်တလောလေ့လာမှုအရ ဆိုရင်တော့ (ဆီးချိုအမျိုးအစား-၂ လိုမျိုး) အင်ဆူလင်တွေ သွေးထဲ များနေတာကလည်း အရိုးဖြစ်ပျက်ခြင်းနဲ့ osteocalcin ဆိုတဲ့ အရိုးဖြစ်ပျက်ခြင်းမှာပါတဲ့ ပရိုတင်းတစ်မျိုးကို နည်းစေကြောင်း တွေ့ရတယ်။
Diabetone 1
● ရောင်ရမ်းစေခြင်း
သွေးအချိုဓာတ်များခြင်းဟာ ဓာတ်တိုးခြင်းဖြစ်စဉ်ကို အားပေးတာကြောင့် တစ်ကိုယ်လုံးမှာ ရောင်ရမ်းခြင်းတွေ ဖြစ်စေနိုင်တယ်။
● တာရှည်သွေးတွင်းအချိုဓာတ်များခြင်းကြောင့် ကော်လဂျင်တွေ အားနည်းခြင်း
ဆီးချိုရှိသူတစ်ယောက်မှာ (ဘာအမျိုးအစားပဲဖြစ်ဖြစ်) ရှိရင်းဆွဲ အရိုးသိပ်သည်းဆထက် ပိုပြီးအားနည်းနေတတ်တာကြောင့် အရိုးကျိုးနှုန်း ပိုများတယ်။ ဆီးချိုရောဂါနဲ့ အရိုးပျော့ခြင်း ဆက်စပ်မှု ဘယ်လောက်များလဲဆိုရင် နောက်ပိုင်းမှာ ဆီးချိုကြောင့်ဖြစ်တဲ့အရိုးရောဂါ diabetic osteodystrophy လို့တောင် အမည်တွင်လာပါတယ်။
>> ဆီးချိုက အရိုးကျိုးနှုန်းကို အရမ်းများစေပါတယ်
ဆီးချိုရှိသူတွေမှာ မရှိသူတွေထက်စာရင် အရိုးသိပ်သည်းဆ ပိုများပေမယ့် အရိုးကျိုးနှုန်းကတော့ ပိုများတယ်။
အသက်အရွယ်တူတူချင်းမှာတောင် ဆီးချိုရှိသူတွေဟာ မရှိသူတွေထက် တင်ပါးဆုံရိုးကျိုးနှုန်း ၃ ဆ ပိုများတယ်လို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။ ဆီးချိုအမျိုးအစား-၁ သမားတွေမှာဆိုရင် တင်ပါးဆုံရိုးကျိုးနှုန်း ၆ ဆလောက်တောင် ပိုများတယ်လို့ သိရတယ်။
Diabetone 2
>> ဒါကြောင့် ဆီးချိုရောဂါရှင်တွေမှာ သွေးအချိုဓာတ်ကို ထိန်းပေးပြီး အရိုးကျန်းမာရေးကို ကောင်းစေမယ့် အချက် (၃) ချက် ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက အရိုးပင်မဆဲလ်လေးတွေကို အားပေးပြီး အရိုးဖြစ်နှုန်းကို များစေကာ ကြွက်သားတွေကနေ အင်ဆူလင် လက်ခံမှုကိုလည်း ကောင်းစေပါတယ်။ ခဏတဖြုတ်လောက် လှုပ်လှုပ်ရှားရှား လုပ်တာလောက်နဲ့တင် သွေးအချိုဓာတ်ကို ကောင်းစေနိုင်တယ်။ ဒါကြောင့် လမ်းလျှောက်တိုင်း၊ ခုန်တိုင်း၊ ယောဂကျင့်တိုင်းမှာ အရိုးအဆစ်ကို သန်မာစေတဲ့အပြင် အင်ဆူလင်တုံ့ပြန်နှုန်းကို ကောင်းစေပြီး သွေးတွင်းအချိုဓာတ်ကို ကျစေနိုင်ပါတယ်။
၂။ အယ်လ်ကာလိုင်းအစားအသောက်ကို စားပါ။
ဆီးချိုရှိသူတွေဟာ အသီးအရွက်၊ ပဲ၊ အရောင်မချွတ်ထားတဲ့ အနှံတွေ၊ အစေ့တွေ၊ အဆီမပါတဲ့အသားတွေ များများစားပေးပြီး သကြားကို လျှော့စားပေးဖို့ တိုက်တွန်းခံရလေ့ရှိတယ်နော်။ ဒီအစားအသောက်တွေဟာ ရောင်ရမ်းမှုကို သက်သာစေပြီး သွေးအချိုဓာတ်ကို ထိန်းညှိပေးတာကြောင့် အရိုးအတွက်ရော ဆိးချိုအတွက်ပါ ကောင်းပါတယ်။
၃။ ဗီတာမင်ဒီကို စစ်ဆေးပါ။
ဗီတာမင်ဒီဟာ အရိုးအဆစ်ကျန်းမာရေးအတွက် ကောင်းတယ်။ ဆီးချိုနဲ့ ဗီတာမင်ဒီလျော့နည်းတာဟာ ဆက်စပ်နေကြောင်းတွေ့ရတယ်ဆိုတာ အံ့သြစရာတော့ မရှိလောက်တော့ဘူးပေါ့။ ဒါကြောင့် သွေးတွင်း ဗီတာမင်ဒီကို စစ်ဆေးကြည့်ပြီး သေချာထိန်းထားပေးဖို့ လိုပါတယ်။
ဒါကြောင့် ဆီးချိုသွေးချိုရှိနေရင်သော်လည်းကောင်း၊ ဆီးချိုဖြစ်ခါနီးအခြေအနေ ရှိနေရင်သော်လည်းကောင်း သွေးအချိုဓာတ်ကိုထိန်းပြီး အရိုးသန်စွမ်းရေးပရိုဂရမ်စဖို့ လိုနေပြီနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















