/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုသွေးချိုရောဂါကြောင့်-အမြင်အာရုံ-မထိခိုက်စေဖို့

ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံ မထိခိုက်စေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွနု်ပ်တို့ရဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေနဲ့ အလုပ်လုပ်တဲ့ပုံစံတွေ ပြောင်းလဲလာတဲ့အတွက် နေ့ထိုင်မှုပုံစံတွေနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေကလည်း ကမ္ဘာတစ်ဝှမ်းမှာ လျင်မြန်စွာ ကြီးထွားလာနေပါတယ်။ ယနေ့ခေတ် လူနေမှုဘဝရဲ့ အဓိကလက္ခဏာကတော့ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ အလုပ်တွေ များစွာပြီးမြောက်နိုင်နေတဲ့အတွက် လှုပ်ရှားမှုနည်းလာခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လွယ်ကူသက်သာစွာ နေထိုင်ရခြင်းက ကောင်းပေမယ့်လည်း ဒါနဲ့ပတ်သက်ပြီး လူအများစုမှာ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။
ကူးစက်ရောဂါလိုပဲ မြန်မြန်ဖြစ်ပွားနေတဲ့ နေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာအချို့ကတော့ ဆီးချို၊ သွေးတိုးနဲ့ စိတ်ဖိစီးမှုတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုကဲ့သို့သော ရောဂါကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း အများကြီး ကြုံတွေ့နေရပါတယ်။ ဆီးချိုသွေးချိုရောဂါကြောင့် ပြင်းထန်တဲ့ရောဂါလက္ခဏာတွေနဲ့ အမြင်အာရုံဆုံးရှုံးခြင်းတွေကို ခံစားနေရပြီး ကျွမ်းကျင်သူတွေကတော့ နာတာရှည် ဆီးချိုသွေးချိုရောဂါ ခံစားနေရသူတွေမှာ စနစ်တကျ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ ရှိခဲ့မယ်ဆိုရင် ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်။

>>  ဆီးချိုသွေးချိုရောဂါနဲ့ မျက်လုံးကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ၊ နောက်ဆက်တွဲ အကျိုးဆက်တွေမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်နိုင်သလဲ?
အမျိုးအစား-၁ ဆီးချိုသွေးချိုရောဂါမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ဆိုတဲ့ဟော်မုန်းကို လုံလောက်စွာ ထုတ်မပေးနိုင်တော့ပါဘူး။ အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါမှာ ခန္ဓာကိုယ်ရှိ တစ်သျှူးနဲ့ဆဲလ်တွေကရရှိတဲ့ အင်ဆူလင်တွေကို ခံနိုင်မှုမရှိတဲ့အတွက် ဒီဟော်မုန်းအပေါ် တုန့်ပြန်မှုတွေက ပရမ်းပတာ ဖြစ်စေပါတယ်။
သွေးတွင်းသကြားဓာတ်တွေ များလာတဲ့အခါမှာ ဆဲလ်တွေကို ခြေကုန်လက်ပန်းကျစေပါတယ်။ ဒီဖြစ်စဉ်က ဆံခြည်မျှင်သွေးကြောလေးတွေက အရမ်းနူးညံ့တဲ့ မျက်လုံးထဲမှာ ပိုပြီးသိသာကာ အမြင်အာရုံပြဿနာတွေကို ဖြစ်စေပါတယ်။ အသိသာဆုံးလက္ခဏာကတော့ မျက်လုံးသွေးကြောတွေ ပျက်စီးခြင်းဖြစ်တဲ့ ဆီးချိုကြောင့်ဖြစ်သော မျက်လုံးရောဂါပဲ ဖြစ်ပါတယ်။

ဒီဖြစ်နိုင်ချေရှိတဲ့ ပျက်စီးဆုံးရှုံးမှုေတွေကို လျော့ကျစေဖို့အတွက် မျက်လုံးပြုစုစောင့်ရှောက်ရန်အချက်တွေကို ကျွမ်းကျင်သူတွေက ပြောပြထားပါတယ်။ ဒီအချက်တွေကတော့ -
1.  မျက်စိအထူးကုဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှုခံယူခြင်း
ဆီးချိုသွေးချိုရောဂါရှိတာ ကြာပြီဖြစ်ပြီးတော့ သွေးတွင်းသကြားဓာတ်ပမာဏကလည်း တက်လိုက်ကျလိုက် ဖြစ်နေတယ်ဆိုရင် မျက်စိအထူးကုဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုခံယူဖို့ အရေးကြီးပါတယ်။

2.  သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် လုပ်ပါ။
သွေးတွင်းသကြားဓာတ်ကို ရှိသင့်တဲ့ပမာဏမှာ ထိန်းထားနိုင်မယ်ဆိုရင် မျက်စိထဲမှာရှိတဲ့ သွေးကြောမျှင်လေးတွေ ထိခိုက်မှုကို လျော့ကျစေပြီး မျက်စိပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

3.  သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ထားပါ။
သွေးတိုးခြင်းကြောင့် မျက်လုံးထဲက ဆံချည်မျှင်သွေးကြောလေးတွေနဲ့ သွေးကြောတွေအပေါ်ကို သွေးဖိအား ပိုသက်ရောက်စေပြီး သွေးတွင်းသကြားဓာတ်များခြင်းကြောင့် ပိုပြီးဖိအားများသွားပါက မျက်လုံးသွေးကြောပေါက်ပြီး သွေးထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

Diabetone 1

4.  သွေးတွင်းကိုလက်စရောပမာဏကို ထိန်းချုပ်ထားပါ။
သွေးတွင်းမှာ LDL ကိုလက်စရောများခြင်းက မျက်လုံးမှာရှိတဲ့ သွေးကြောအပါအဝင် အခြားသွေးကြောတွေ ပျက်စီးခြင်းကို ပိုဆိုးစေပါတယ်။

5.  ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဟော်မုန်းတွေကို ကောင်းမွန်စွာ လည်ပတ်စေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားပါ။ ဒါက ဆီးချိုနဲ့ သွေးတိုးကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။

6.  ဆေးလိပ်ဖြတ်ပါ။
သွေးတိုးနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေများတဲ့အချက်ထဲမှာ ဆေးလိပ်သောက်ခြင်းလည်း ပါဝင်တဲ့အတွက် ဆေးလိပ်သောက်ခြင်းကို စောနိုင်သမျှ စောစောဖြတ်ပါ။

7.  လေ့ကျင့်ခန်း သင့်တင့်မျှတစွာ ပြုလုပ်ပါ။
အနည်းဆုံး တစ်ပတ်ကို ၃-၄ ရက်လောက် ပေါ့ပေ့ါပါးပါး လေ့ကျင့်ခန်းလေးတွေလုပ်ခြင်းက ကျန်းမာစေပြီး ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Diabetone 2

(Zawgyi)

ကြၽႏု္ပ္တို႔ရဲ႕ ေန႔စဥ္ေနထိုင္မႈပုံစံေတြနဲ႔ အလုပ္လုပ္တဲ့ပုံစံေတြ ေျပာင္းလဲလာတဲ့အတြက္ ေန႔ထိုင္မႈပုံစံေတြနဲ႔ ဆက္စပ္ေနတဲ့ က်န္းမာေရးျပႆနာေတြကလည္း ကမာၻတစ္ဝွမ္းမွာ လ်င္ျမန္စြာ ႀကီးထြားလာေနပါတယ္။ ယေန႔ေခတ္ လူေနမႈဘဝရဲ႕ အဓိကလကၡဏာကေတာ့ ခလုတ္ေလးတစ္ခ်က္ႏွိပ္လိုက္႐ုံနဲ႔ အလုပ္ေတြ မ်ားစြာၿပီးေျမာက္ႏိုင္ေနတဲ့အတြက္ လႈပ္ရွားမႈနည္းလာျခင္းပဲ ျဖစ္ပါတယ္။ ဒီလို လြယ္ကူသက္သာစြာ ေနထိုင္ရျခင္းက ေကာင္းေပမယ့္လည္း ဒါနဲ႔ပတ္သက္ၿပီး လူအမ်ားစုမွာ က်န္းမာေရးျပႆနာေတြကို ရင္ဆိုင္ေနရပါတယ္။
ကူးစက္ေရာဂါလိုပဲ ျမန္ျမန္ျဖစ္ပြားေနတဲ့ ေနထိုင္မႈပုံစံနဲ႔ ဆက္စပ္ေနတဲ့ က်န္းမာေရးျပႆနာအခ်ိဳ႕ကေတာ့ ဆီးခ်ိဳ၊ ေသြးတိုးနဲ႔ စိတ္ဖိစီးမႈေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳကဲ့သို႔ေသာ ေရာဂါေၾကာင့္ျဖစ္ရတဲ့ ေနာက္ဆက္တြဲျပႆနာေတြကိုလည္း အမ်ားႀကီး ႀကဳံေတြ႕ေနရပါတယ္။ ဆီးခ်ိဳေသြးခ်ိဳေရာဂါေၾကာင့္ ျပင္းထန္တဲ့ေရာဂါလကၡဏာေတြနဲ႔ အျမင္အာ႐ုံဆုံးရႈံးျခင္းေတြကို ခံစားေနရၿပီး ကြၽမ္းက်င္သူေတြကေတာ့ နာတာရွည္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ခံစားေနရသူေတြမွာ စနစ္တက် က်န္းမာေရးျပဳစုေစာင့္ေရွာက္မႈေတြ ရွိခဲ့မယ္ဆိုရင္ ဒီလိုေနာက္ဆက္တြဲဆိုးက်ိဳးေတြကို အနည္းဆုံးျဖစ္ေအာင္ ေလွ်ာ့ခ်ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။

>>  ဆီးခ်ိဳေသြးခ်ိဳေရာဂါနဲ႔ မ်က္လုံးက်န္းမာေရး ဘယ္လိုဆက္စပ္ေနလဲ၊ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြမျဖစ္ေအာင္ ဘယ္လိုေရွာင္ၾကဥ္ႏိုင္သလဲ?
အမ်ိဳးအစား-၁ ဆီးခ်ိဳေသြးခ်ိဳေရာဂါမွာ ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္ေပးတဲ့ အင္ဆူလင္ဆိုတဲ့ေဟာ္မုန္းကို လုံေလာက္စြာ ထုတ္မေပးႏိုင္ေတာ့ပါဘူး။ အမ်ိဳးအစား-၂ ဆီးခ်ိဳေသြးခ်ိဳေရာဂါမွာ ခႏၶာကိုယ္ရွိ တစ္သွ်ဴးနဲ႔ဆဲလ္ေတြကရရွိတဲ့ အင္ဆူလင္ေတြကို ခံႏိုင္မႈမရွိတဲ့အတြက္ ဒီေဟာ္မုန္းအေပၚ တုန႔္ျပန္မႈေတြက ပရမ္းပတာ ျဖစ္ေစပါတယ္။
ေသြးတြင္းသၾကားဓာတ္ေတြ မ်ားလာတဲ့အခါမွာ ဆဲလ္ေတြကို ေျခကုန္လက္ပန္းက်ေစပါတယ္။ ဒီျဖစ္စဥ္က ဆံျခည္မွ်င္ေသြးေၾကာေလးေတြက အရမ္းႏူးညံ့တဲ့ မ်က္လုံးထဲမွာ ပိုၿပီးသိသာကာ အျမင္အာ႐ုံျပႆနာေတြကို ျဖစ္ေစပါတယ္။ အသိသာဆုံးလကၡဏာကေတာ့ မ်က္လုံးေသြးေၾကာေတြ ပ်က္စီးျခင္းျဖစ္တဲ့ ဆီးခ်ိဳေၾကာင့္ျဖစ္ေသာ မ်က္လုံးေရာဂါပဲ ျဖစ္ပါတယ္။

ဒီျဖစ္ႏိုင္ေခ်ရွိတဲ့ ပ်က္စီးဆုံးရႈံးမႈေေတြကို ေလ်ာ့က်ေစဖို႔အတြက္ မ်က္လုံးျပဳစုေစာင့္ေရွာက္ရန္အခ်က္ေတြကို ကြၽမ္းက်င္သူေတြက ေျပာျပထားပါတယ္။ ဒီအခ်က္ေတြကေတာ့ -
1.  မ်က္စိအထူးကုဆရာဝန္ႏွင့္ ပုံမွန္စစ္ေဆးမႈခံယူျခင္း
ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိတာ ၾကာၿပီျဖစ္ၿပီးေတာ့ ေသြးတြင္းသၾကားဓာတ္ပမာဏကလည္း တက္လိုက္က်လိုက္ ျဖစ္ေနတယ္ဆိုရင္ မ်က္စိအထူးကုဆရာဝန္နဲ႔ ပုံမွန္စစ္ေဆးမႈခံယူဖို႔ အေရးႀကီးပါတယ္။

2.  ေသြးတြင္းသၾကားဓာတ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ေအာင္ လုပ္ပါ။
ေသြးတြင္းသၾကားဓာတ္ကို ရွိသင့္တဲ့ပမာဏမွာ ထိန္းထားႏိုင္မယ္ဆိုရင္ မ်က္စိထဲမွာရွိတဲ့ ေသြးေၾကာမွ်င္ေလးေတြ ထိခိုက္မႈကို ေလ်ာ့က်ေစၿပီး မ်က္စိျပႆနာေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

3.  ေသြးေပါင္ခ်ိန္ကို ပုံမွန္ျဖစ္ေအာင္ ထိန္းခ်ဳပ္ထားပါ။
ေသြးတိုးျခင္းေၾကာင့္ မ်က္လုံးထဲက ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြနဲ႔ ေသြးေၾကာေတြအေပၚကို ေသြးဖိအား ပိုသက္ေရာက္ေစၿပီး ေသြးတြင္းသၾကားဓာတ္မ်ားျခင္းေၾကာင့္ ပိုၿပီးဖိအားမ်ားသြားပါက မ်က္လုံးေသြးေၾကာေပါက္ၿပီး ေသြးထြက္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။

4.  ေသြးတြင္းကိုလက္စေရာပမာဏကို ထိန္းခ်ဳပ္ထားပါ။
ေသြးတြင္းမွာ LDL ကိုလက္စေရာမ်ားျခင္းက မ်က္လုံးမွာရွိတဲ့ ေသြးေၾကာအပါအဝင္ အျခားေသြးေၾကာေတြ ပ်က္စီးျခင္းကို ပိုဆိုးေစပါတယ္။

5.  က်န္းမာေရးနဲ႔ ညီၫြတ္စြာ စားသုံးပါ။
ခႏၶာကိုယ္ရဲ႕ လုပ္ငန္းစဥ္ေတြနဲ႔ ေဟာ္မုန္းေတြကို ေကာင္းမြန္စြာ လည္ပတ္ေစဖို႔အတြက္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြစားပါ။ ဒါက ဆီးခ်ိဳနဲ႔ ေသြးတိုးကိုလည္း ထိန္းခ်ဳပ္ႏိုင္ေစပါတယ္။

6.  ေဆးလိပ္ျဖတ္ပါ။
ေသြးတိုးနဲ႔ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ျဖစ္ႏိုင္ေခ်မ်ားတဲ့အခ်က္ထဲမွာ ေဆးလိပ္ေသာက္ျခင္းလည္း ပါဝင္တဲ့အတြက္ ေဆးလိပ္ေသာက္ျခင္းကို ေစာႏိုင္သမွ် ေစာေစာျဖတ္ပါ။

7.  ေလ့က်င့္ခန္း သင့္တင့္မွ်တစြာ ျပဳလုပ္ပါ။
အနည္းဆုံး တစ္ပတ္ကို ၃-၄ ရက္ေလာက္ ေပါ့ေပ့ါပါးပါး ေလ့က်င့္ခန္းေလးေတြလုပ္ျခင္းက က်န္းမာေစၿပီး ဆီးခ်ိဳေသြးခ်ိဳေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ကာကြယ္ေပးရာမွာ အေထာက္အကူျဖစ္ေစပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)