ဆီးချိုသွေးချိုရှိသူတွေနှင့် မူးဝေတတ်ခြင်း
မူးနေတယ် ဆရာမ ... ရိပ်တိတ်ရိပ်တိတ်နဲ့ ... ဘာလို့ ခဏခဏ မူးနေမှန်းမသိ။
ဆေးခန်းလာပြတဲ့ လူနာက ခေါင်းမထောင်နိုင်အောင် မူးနေပါတယ်။ စာအုပ်ကြည့်လိုက်တော့ ဆီးချိုရောဂါသည် ... ဆေးလည်း သောက်နေတယ်။ ခဏခဏ သူမ ဘာလို့မူးနေရပါလိမ့်။
>> ဆီးချိုရောဂါသည်တွေ ဘာလို့ မူးဝေတတ်ကြသလဲ ကြည့်ကြရအောင် ...
● သွေးပေါင်ကျလို့ပါ။ ရုတ်တရက် အထိုင်အထတွေမှာ သွေးပေါင် မငြိမ်မသက်ဖြစ်သွားတဲ့အတွက် မူးဝေတာ ဖြစ်ပါတယ်။
● ရေဓာတ် ချို့တဲ့လို့ပါ။ ဆီးချိုသမားတွေမှာ သွေးတွင်းအချိုဓာတ်များတဲ့အတွက် အလိုလိုနေရင်း ရေဓာတ် ခန်းခြောက်တတ်ပါတယ်။ ရေဓာတ်ခန်းခြောက်တာကို ဦးနှောက်က ပြုပြင်ဖို့ ကြိုးစားရင်းနဲ့ မူးဝေလာတာ ဖြစ်ပါတယ်။
● ဆီးချို ထိုးကျတဲ့အခါလည်း မူးတတ်ပါတယ်။ လူက မျက်လုံးဝေဝါးတာ၊ ရင်တွေတုန်တာ၊ ချွေးစေးပြန်တာတွေပါ တွဲဖက်ခံစားရတတ်ပါတယ်။
● ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ တချို့သောဆေးဝါးတွေဟာ လူကို မူးနောက်နောက် ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးတွေ လက်ခံရယူတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေကိုပါ တစ်ပါတည်း မေးမြန်းထားသင့်ပါတယ်။
ဒီတော့ အချုပ်အားဖြင့်ဆိုရင် သွေးပေါင်နဲ့ ဆီးချိုအတက်အကျဟာ မူးဝေခြင်းဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေပါလို့ အမေရိကန် ဆီးချိုသွေးချို သုတေသီတွေက ထောက်ပြခဲ့ပါတယ်။
Diabetone 1
>> ကိုယ်က ဘာတွေ သတိထားပြုပြင်ဖို့ လိုနေမလဲ?
● ဆေးခန်းပုံမှန်ပြသခြင်းဖြင့် ဆေးတွေကို အတိုးအလျှော့ အချိန်အဆမှန်ကန်စွာ သောက်သုံးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဆေးတွေဟာ အစားစားချိန်နဲ့ အချိန်မှန်မှန်ကန်ကန် ကွက်တိကျဖို့ လိုနေပါတယ်။ သင့်တော်လျောက်ပတ်စွာ စားသောက်ခြင်း ကျန်းမာရေးညီညွတ်စွာ ရွေးချယ်၍ စားသောက်ခြင်းဟာလည်း အရေးကြီးတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
● သွေးပေါင်ပုံမှန်ချိန်ခြင်းဖြင့် သွေးပေါင်အတက်အကျကို အစဉ်သတိထားရပါမယ်။ ဆီးချိုရဲ့နောက်ဆက်တွဲအနေနဲ့ အာရုံကြောထိခိုက်တာတွေ ရှိနိုင်ပြီး သွေးပေါင်မမှန်ဘဲ အထိုင်အထမှာ မူးဝေတတ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Diabetone 2
(Zawgyi)
မူးေနတယ္ ဆရာမ ... ရိပ္တိတ္ရိပ္တိတ္နဲ႔ ... ဘာလို႔ ခဏခဏ မူးေနမွန္းမသိ။
ေဆးခန္းလာျပတဲ့ လူနာက ေခါင္းမေထာင္ႏိုင္ေအာင္ မူးေနပါတယ္။ စာအုပ္ၾကည့္လိုက္ေတာ့ ဆီးခ်ိဳေရာဂါသည္ ... ေဆးလည္း ေသာက္ေနတယ္။ ခဏခဏ သူမ ဘာလို႔မူးေနရပါလိမ့္။
>> ဆီးခ်ိဳေရာဂါသည္ေတြ ဘာလို႔ မူးေဝတတ္ၾကသလဲ ၾကည့္ၾကရေအာင္ ...
● ေသြးေပါင္က်လို႔ပါ။ ႐ုတ္တရက္ အထိုင္အထေတြမွာ ေသြးေပါင္ မၿငိမ္မသက္ျဖစ္သြားတဲ့အတြက္ မူးေဝတာ ျဖစ္ပါတယ္။
● ေရဓာတ္ ခ်ိဳ႕တဲ့လို႔ပါ။ ဆီးခ်ိဳသမားေတြမွာ ေသြးတြင္းအခ်ိဳဓာတ္မ်ားတဲ့အတြက္ အလိုလိုေနရင္း ေရဓာတ္ ခန္းေျခာက္တတ္ပါတယ္။ ေရဓာတ္ခန္းေျခာက္တာကို ဦးေႏွာက္က ျပဳျပင္ဖို႔ ႀကိဳးစားရင္းနဲ႔ မူးေဝလာတာ ျဖစ္ပါတယ္။
● ဆီးခ်ိဳ ထိုးက်တဲ့အခါလည္း မူးတတ္ပါတယ္။ လူက မ်က္လုံးေဝဝါးတာ၊ ရင္ေတြတုန္တာ၊ ေခြၽးေစးျပန္တာေတြပါ တြဲဖက္ခံစားရတတ္ပါတယ္။
● ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳး၊ တခ်ိဳ႕ေသာေဆးဝါးေတြဟာ လူကို မူးေနာက္ေနာက္ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေဆးေတြ လက္ခံရယူတဲ့အခါ ေဘးထြက္ဆိုးက်ိဳးေတြကိုပါ တစ္ပါတည္း ေမးျမန္းထားသင့္ပါတယ္။
ဒီေတာ့ အခ်ဳပ္အားျဖင့္ဆိုရင္ ေသြးေပါင္နဲ႔ ဆီးခ်ိဳအတက္အက်ဟာ မူးေဝျခင္းျဖစ္ေစႏိုင္တဲ့ အဓိက အေၾကာင္းအရင္းေတြပါလို႔ အေမရိကန္ ဆီးခ်ိဳေသြးခ်ိဳ သုေတသီေတြက ေထာက္ျပခဲ့ပါတယ္။
>> ကိုယ္က ဘာေတြ သတိထားျပဳျပင္ဖို႔ လိုေနမလဲ?
● ေဆးခန္းပုံမွန္ျပသျခင္းျဖင့္ ေဆးေတြကို အတိုးအေလွ်ာ့ အခ်ိန္အဆမွန္ကန္စြာ ေသာက္သုံးဖို႔ လိုအပ္ပါတယ္။ ဒီေနရာမွာ ေဆးေတြဟာ အစားစားခ်ိန္နဲ႔ အခ်ိန္မွန္မွန္ကန္ကန္ ကြက္တိက်ဖို႔ လိုေနပါတယ္။ သင့္ေတာ္ေလ်ာက္ပတ္စြာ စားေသာက္ျခင္း က်န္းမာေရးညီၫြတ္စြာ ေ႐ြးခ်ယ္၍ စားေသာက္ျခင္းဟာလည္း အေရးႀကီးတဲ့အခ်က္ေတြပဲ ျဖစ္ပါတယ္။
● ေသြးေပါင္ပုံမွန္ခ်ိန္ျခင္းျဖင့္ ေသြးေပါင္အတက္အက်ကို အစဥ္သတိထားရပါမယ္။ ဆီးခ်ိဳရဲ႕ေနာက္ဆက္တြဲအေနနဲ႔ အာ႐ုံေၾကာထိခိုက္တာေတြ ရွိႏိုင္ၿပီး ေသြးေပါင္မမွန္ဘဲ အထိုင္အထမွာ မူးေဝတတ္ပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
















