ဉာဏ်အလင်းတွေပွင့်စေဖို့ မရှိမဖြစ်တဲ့သံဓာတ်
သံဓာတ်ချို့တဲ့မှုဟာ အသက်အရွယ်မရွေး ခံစားကြရတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုသံဓာတ်ချို့တဲ့တဲ့အခါ သွေးအားနည်းရောဂါ ဖြစ်တတ်တယ်ဆိုတာ အတော်များများလည်း သိပြီးသားဖြစ်ကြပါတယ်။ သံဓာတ်ဟာ သွေးနီဥတည်ဆောက်ရာမှာ အဓိကကျတဲ့ဓာတ်တစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးနဲ့ ဦးနှောက်ဆီကို အောက်စီဂျင်တွေ သယ်ဆောင်ပေးနိုင်ပါတယ်။
ဦးနှောက်ဟာ သွေးက သယ်ဆောင်လာတဲ့ အောက်စီဂျင် ၂၀% ကို အသုံးပြုပါတယ်။ ဒါကြောင့် အောက်စီဂျင်ချို့တဲ့မှုဟာ ဦးနှောက်ရဲ့ကျန်းမာရေးပေါ် အကျိုးသက်ရောက်မှုရှိပြီး သတိမေ့လျော့မှု ကိုဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်ဟာ သံဓာတ်ချို့တဲ့တဲ့အခါ စကားပြောဆိုရာမှာ၊ အာရုံစူးစိုက်ရာမှာ အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။
Feroglobin IA 1

ကိုယ်ခန္ဓာက သံဓာတ်ကိုစုပ်ယူနိုင်ဖို့ဆိုတာ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓာတ်ပေါ်မှာလည်း မူတည်ပါသေးတယ်။ စားချဉ့်ပြန်ရောဂါ သို့မဟုတ် ရင်ပူရောဂါရှိနေရင် သို့မဟုတ် သက်သာစေဖို့ အစာအိမ်အက်ဆစ် လျော့ကျဆေးတွေ သောက်နေရင် သံဓာတ်စုပ်ယူမှုမှာ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။
သံဓာတ်ကိုစုပ်ယူဖို့ဆိုရင် အစာအိမ်ရဲ့ pH ဟာ ၁-၂ လောက် ပုံမှန်ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သံဓာတ်ဟာ အစာအိမ်ထဲမှာ တခြားဓာတ်တွေနဲ့ ဓာတ်ပြုပြီး အူသိမ်က စုပ်ယူဖို့ပြင်ဆင်ပါတယ်။
အစာအိမ်အက်ဆစ်ကို လျှော့ချဖို့ ဆေးသောက်တဲ့အခါ သံဓာတ်က ဓာတ်မပြုနိုင်တော့တာကြောင့် မစုပ်ယူနိုင်တော့ဘဲ သံဓာတ်ချို့တဲ့လာတတ်ပါတယ်။
Feroglobin IA 2

သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အသည်းကြော်၊ ကျောက်ကပ်ကြော်၊ ကြက်အသည်းကြော်၊ ဂျုံကြမ်း၊ အိုဗာတင်း၊ ကိုကိုးပေါင်ဒါ၊ ဟင်းနုနွယ်၊ ပူစီနံ၊ မုန်လာဥဖြူ၊ ပဲ၊ ဂျူးမြစ်၊ နှမ်း၊ pistachio စေ့၊ သီဟိုဠ်စေ့၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ အာလူးဖုတ် စတာတွေပဲ ဖြစ်ပါတယ်။
သံဓာတ်အားဆေး သောက်မယ်ဆိုရင် တစ်နေ့ ၂၅-၅၀ မီလီဂရမ် သောက်နိုင်ပါတယ်။ တကယ်သောက်ဖို့ လို၊ မလိုကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















